Sultan Marenov (Managing Director & CEO - Hayman Capital)

sultan1

Hayman Capital အကြောင်းအကျဉ်း . . .

Hayman Capital Co Ltd က မြန်မာနိုင်ငံရှိ အကျိုးဖြစ်ထွန်းပြီးတိုးတက်မှုရှိနေတဲ့ Microfinance Institution တစ်ခုဖြစ်ပါတယ်။ Microfinance Supervisory Committee ကထုတ်ပေးတဲ့ Permanent လိုင်စင်နဲ့ ကျွန်တော်တို့က လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရှယ်ယာရှင်က စင်ကာပူအခြေစိုက်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Hayman  Capital Pte ဖြစ်ပါတယ်။ ဒီကုမ္ပဏီက မြန်မာ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ၎င်းရဲ့သီးသန့်အလေးပေးမှုနဲ့ နည်းပညာတွေနဲ့အတူ လျင်မြန်စွာတိုးတက်နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုကို အဓိကထားလုပ်ဆောင်နေပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ Hayman Capital Co Ltd ကို တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ Microfinance လုပ်ဆောင်ချက်တွေကို အောင်မြင်စွာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်နဲ့ ပဲခူးမြို့တို့မှာ ကျွန်တော်တို့က စွမ်းဆောင်ရည်ရှိတဲ့ Network ကို ပိုင်ဆိုင်ထားပါပြီ။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီခွဲတွေက အင်းစိန်၊ သင်္ဃန်းကျွန်း၊ လှည်းကူးမြို့နယ်တွေ၊ ပဲခူးနဲ့ ညောင်လေးပင်တို့မှာ စနစ်တကျစီမံအုပ်ချုပ်နေတဲ့ ရုံးတွေနဲ့အတူ မြို့နယ်တွေ၊ ရက်ကွက်တွေနဲ့ကျေးရွာတွေများစွာမှာ တည်ရှိပါတယ်။ ရုံးချုပ်အပါအဝင် ရုံးခွဲတွေပါ အားလုံးပေါင်း ဝန်ထမ်းအရေအတွက် ၁၂၀ ကျော်ရှိပါတယ်။

ကျွန်တော်တို့လုပ်ငန်းရဲ့ အဓိကလုပ်ဆောင်ချက်က မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ အခြားပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် အရည်အသွေးမြင့်မားပြီး ပိုမိုကောင်းမွန်တဲ့ ငွေကြေးဖြေရှင်းနည်းတွေကို ပံ့ပိုးပေးနေပါတယ်။ Hayman Capital Co Ltd က ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေရဲ့ လိုအပ်ချက်တွေကို အသေးစိတ်နားလည်မှုတွေတိုးတက်နေပြီး အဲဒီလိုမိသားစုတွေကို ငွေကြေးရောက်ရှိမှုတွေကို တိုးများလာအောင် လိုက်လျောညီထွေရှိတဲ့ ချဉ်းကပ်ပုံတွေနဲ့ ပို့ဆောင်မှုနည်းစနစ်တွေကိုလည်း အသုံးပြုနေပါတယ်။

လက်ရှိအချိန်မှာ ကျွန်တော်တို့က Active ဖြစ်တဲ့ ငွေချေးသူပေါင်း ၃၂,၀၀၀ ကျော်ကို ငွေချေးပေးနေပါတယ်၊ သူတို့ထဲက ၈၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။ ယေဘုယျပြောရရင် ကျွန်တော်တို့လုပ်ငန်းလည်ပတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေ ဖြစ်ပြီးတော့ ကျန်ထက်ဝက်ရာခိုင်နှုန်းက မြို့ပြနဲ့ နယ်မြို့ဒေသတွေပဲ ဖြစ်ပါတယ်။ Hayman Capital မှာ ရာထူးနဲ့ တာဝန်ယူထားမှု Managing Director နဲ့ Chief Executive Officer တစ်ယောက်အနေနဲ့ ကျွန်တော်က နည်းဗျူဟာပိုင်းနဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းတွေအားလုံးအတွက် တာဝန်ယူထားပါတယ်။ အထူးသဖြင့် လူစွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စတွေနဲ့ အာဏာပိုင်များနဲ့ ရင်းနှီးမြှုပ်နှံရှင်တွေနဲ့ ဆက်ဆံဆက်သွယ်ရေးကဏ္ဍတွေအတွက် တာဝန်ယူလုပ်ဆောင်နေပါတယ်။ တကယ်ကတော့ ကျွန်တော်က Hayman Capital Group တစ်ခုလုံးနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီရဲ့လုပ်ငန်းတွေကို လည်ပတ်နေရပါတယ်။

ကုမ္ပဏီရဲ့ Vision နဲ့ Mission . . .

နောက် ၅ နှစ်ကနေ ၇ နှစ်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ ငွေကြေးဆိုင်ရာ အလုံးစုံပါဝင်တဲ့ နိယာမတွေကိုအသုံးပြုပြီး အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ ကုမ္ပဏီခွဲတွေနဲ့ ကျယ်ပြန့်တဲ့ Network တွေကတစ်ဆင့် Customer သန်းပေါင်းများစွာကို အကူအညီပေးနေတဲ့ မြန်မာနိုင်ငံမှာ ထိပ်တန်းနေရာက Financial Institution တစ်ခုဖြစ်လာဖို့က ကျွန်တော်တို့ရဲ့ Vision ဖြစ်ပါတယ်။

Mission အနေနဲ့ကတော့ ရေရှည်ပူးတွဲလုပ်ဆောင်မှုကို တည်ဆောက်ဖို့နဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပြီး သက်သာတဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးခြင်းဖြင့် ကျွန်တော်တို့ဖောက်သည်တွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်စေဖို့နဲ့ အဆင်ပြေစေဖို့ အဓိကရည်ရွယ်တာဖြစ်ပါတယ်။

[caption id="attachment_31160" align="alignnone" width="370"]sultan2Sultan Marenov
Managing Director & CEO
www.hayman-capital.com.mm[/caption]

ရည်ရွယ်ထားတဲ့ Mission တွေကိုရနိုင်ဖို့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေ . . .

Hayman Capital MFI က လျင်လျင်မြန်မြန်တိုးတက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းပုံစံတွေက Sustainable ဖြစ်သင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်မှန်းချက်အစီအစဉ်တွေကိုရနိုင်ဖို့ အစပိုင်းကတည်းက အနာဂတ်ကုမ္ပဏီရဲ့ ခိုင်မာတဲ့လုပ်ငန်းရဖို့ အခြေခံစနစ်ကို တည်ထောင်ထားရပါတယ်။ လက်ရှိမှာ နေ့စဉ်လုပ်ငန်းလည်ပတ်မှုတွေကို တိတိကျကျစီမံဖို့ ကျွန်တော်တို့ကို အများကြီးကူညီပေးနေတဲ့ ခေတ်သစ် Cloud-Based Soft-ware စနစ်ကိုအသုံးပြုသလို Microfinance Company ကို စီမံခန့်ခွဲရာမှာ အကောင်းဆုံးဆိုတဲ့ အလေ့အကျင့်တွေကို  ကျွန်တော်တို့က လိုက်နာဆောင်ရွက်နေပါတယ်။

၂၀၁၄ ခုနှစ်မှာ Startup ကုမ္ပဏီဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ကုမ္ပဏီက ကြီးမားတယ်လို့ပဲ အမြဲစဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေမှာလိုပဲ Internal စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ မဝေးတဲ့အနာဂတ်မှာ ကျွန်တော်တို့ တိုးတက်လာမယ်လို့ ယုံကြည်ထားပြီး အဲဒီအချိန်မှာ နောက်ကျမကျန်ခဲ့ချင်ပါဘူး။

အစပိုင်းကတည်းက ကျွန်တော်တို့လုပ်ကိုင်နေတဲ့ မြို့နယ်တွေမှာရှိတဲ့ အသေးစားစွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် Training Progarm တွေကို တည်ထောင်ပေးခဲ့ပါတယ်။ အဲဒီမှာ မတူတဲ့ခေါင်းစဉ်ဆယ်ခုပါဝင်ပြီး ခေါင်းစဉ်တိုင်းက ကျွန်တော်တို့ရဲ့ လက်ရှိ Customer တွေနဲ့ Customer ဖြစ်ဖို့ အလားအလာရှိတဲ့သူတွေရဲ့ လုပ်ငန်းတွေကို ပုံမှန်တိုးတက်ဖို့ အထောက်အကူပြုစေပါတယ်။

နောက်တစ်ခုက နည်းပညာပါ။ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်တို့လုပ်ငန်းကို စတင်ခဲ့တဲ့အခါမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ဆိုင်ရာလုပ်ဆောင်ချက်တွေမှာ ပြဿနာတွေ ရှိဆဲဖြစ်ခဲ့ပါတယ်။ အခြေခံအားဖြင့် ကျွန်တော်တို့က Online ဆက်သွယ်မှုမရှိတဲ့ 'Offline' လုပ်ငန်းပုံစံကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အခြေအနေတွေက အများကြီးပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ Customer တွေကို ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ဖို့နဲ့ မိုဘိုင်း Application တွေအသုံးပြုပြီး Online မှာ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကိုရနိုင်ဖို့ လုပ်ငန်းစင်တွေ စတင်ဆောင်ရွက်နေပါပြီ။

Customer တွေ . . .

အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေပါပဲ။ အဲဒီလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးရေးအတွက်ပဲ ကျွန်တော်တို့က ချေးငွေတွေပေးပါတယ်။ ဇိမ်ခံပစ္စည်းဝယ်ဖို့၊ ဖျော်ဖြေရေးနဲ့အသက်ရှင်နေထိုင်မှုတွေအတွက် ငွေမပေးပါဘူး။ အနာဂတ်မှာလည်း အဲဒီလိုချေးငွေမျိုးပေးမှာ မဟုတ်ပါဘူး။

[caption id="attachment_31161" align="alignnone" width="720"]sultan3လက်ရှိ Hayman Capital တွင် တာဝန်ယူဆောင်ရွက်နေသည့် CEO, COO နှင့် CFO တို့အား တွေ့ရစဉ်[/caption]

ချေးငွေပုံစံနဲ့ လျှောက်ထားဖို့ ဘာတွေလိုမလဲ . . .

ကျွန်တော်တို့ကုမ္ပဏီကနေ ချေးငွေလိုချင်တဲ့ အလားအလာရှိတဲ့ချေးငွေယူသူတွေအတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိပါတယ်။ သက်တမ်းမကုန်ဆုံးသေးတဲ့ NRC ကတ်ပိုင်ဆိုင်ပြီးတော့ တစ်နှစ်အထက် ဒီလူ့အဖွဲ့အစည်းမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ချေးငွေထုတ်ပေးပါတယ်။ လျှောက်လွှာတင်သွင်းတဲ့သူတွေက အသက် ၁၈ နှစ်နဲ့ ၆၅ နှစ်ကြားမှာ ဖြစ်ရပါမယ်၊ သူ့ရဲ့လုပ်ငန်းက အနည်းဆုံးသုံးလလုပ်ငန်းလည်ပတ်မှုရှိပြီးဖြစ်ရပါမယ်။ လုပ်ငန်းကလည်း Hayman Capital ရုံးခွဲတွေရှိတဲ့ နေရာဝန်းကျင်မှာပဲ လည်ပတ်နေတာဖြစ်ရပါမယ်။ လျှောက်လွှာတင်သွင်းသူရဲ့ လုပ်ငန်းနဲ့ မိသားစုအခြေအနေမှာ ဘဏ္ဍာရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေးက တစ်ဆင့်တွေ့ရှိရတဲ့ ချေးငွေပြန်ဆပ်နိုင်မှုပေါ်မှာ အခြေခံပြီး ချေးငွေတွေ ပေးပါတယ်။ Hayman Capital က ချေးငွေတွေအတွက် အာမခံ (Collateral) တွေ မလိုအပ်ပါဘူး။

၁၂-၁၈ လကြား Term အတွက် ချေးငွေတွေကို အများအားဖြင့် ပေးပါတယ်။ ချေးငွေပြန်ဆပ်မှုကတော့ လတိုင်းဖြစ်ပါတယ်။ အတိုးကို ကျဆင်းလာတဲ့ အခြေအနေပေါ်မှာ Outstanding Loan Balance ပေါ် တွက်ချက်ပါတယ်။ ချေးငွေပမာဏရဲ့ ပြန်ဆပ်မှုတွေက Loan Term အဆုံးရောက်တဲ့အခါမှာ Outstanding Loan က သုညထိ တစ်ဖြည်းဖြည်း လျော့နည်းသွားမှာဖြစ်ပါတယ်။ ချေးငွေပြန်ဆပ်မှုအားလုံးကို ကျွန်တော်တို့ရဲ့ကုမ္ပဏီခွဲတွေမှာ ပိုက်ဆံကောင်တာတွေကတစ်ဆင့် ငွေသားနဲ့ပြန်ပေးတာကို လက်ခံပါတယ်။ ပြိုင်ဘက်လုပ်ငန်းတွေ ကျင့်သုံးတဲ့ အပတ်စဉ်ချေးငွေပြန်ဆပ်မှုတွေထက် ကျွန်တော်တို့ဆီက ချေးယူသူတွေအတွက် လစဉ်ချေးငွေပြန်ဆပ်မှုတွေက ပိုအဆင်ပြေတာကို တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Microfinance ကုမ္ပဏီတစ်ခုအနေနဲ့ ဘယ်လို Challenge တွေရှိလဲ . . .

အမှန်တော့ ဒီမှာ ကျွန်တော်တို့ Challenge တွေကြုံရတယ်လို့တော့ မပြောနိုင်ဘူး။ ၂၀၁၁ ခုနှစ်က ရှင်းလင်းတဲ့ Microfinance ဥပဒေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေက ငွေကြေးလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်ပြီး လိုအပ်ချက်တွေ အားလုံးနဲ့ကိုက်ညီရင် လိုင်စင်ရနိုင်မှာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကလည်း ရှင်းပါတယ်၊ ဒါကြောင့် အဲဒီစည်းကမ်းတွေအတိုင်းလိုက်နာနေသမျှ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်တို့က အာဏာပိုင်တွေကို အချိန်မီ Report အားလုံးပေးဖို့တော့ လိုအပ်ပါတယ်။ Regulator တွေက ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေစစ်ဆေးဖို့ ခြောက်လတိုင်း ရုံးကိုလာပါတယ်။

ကျွန်တော်ပြောနိုင်တဲ့ အချက်တစ်ခုကတော့ အလုပ်သမားဥပဒေမှာ ပြင်ဆင်မှုအချို့လုပ်သင့်ပါတယ်။  နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ အနည်းငယ်မတူညီတဲ့ လူ့အရင်းအမြစ်စနစ်နဲ့ နိုင်ငံရေးတွေရှိနိုင်ပါတယ်၊ အလုပ်သမားတွေရဲ့အခွင့်အရေးကို ဖောက်ဖျက်မှုတွေကို မဆိုလိုပါဘူး။ ဒါက Corporate Philosophy နဲ့ Internal Discipline တွေနဲ့ ပိုပြီးသက်ဆိုင်နေပါတယ်။ ကုမ္ပဏီက မြန်မြန်တိုးတက်လာပြီး အချိန်တိုအတွင်းမှာ လူတွေများများကို အလုပ်ခန့်ဖို့လိုအပ်တဲ့အခါ အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဖက်လုံးအတွက် အားနည်းချက်အချို့ကို တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံက Microfinance လုပ်ငန်းအခြေအနေကို ဘယ်လိုမြင်ပါလဲ။ အနာဂတ်မှာရော ဘယ်လိုဖြစ်မယ်လို့ ခန့်မှန်းမိပါသလဲ . . .

မြန်မာနိုင်ငံက Microfinance လုပ်ငန်းက တိုးတက်ဖို့ အလားအလာတွေအများကြီးရှိပါတယ်။ ဒီနိုင်ငံမှာ Micro Farmer တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် မြို့နဲ့ရွာတွေမှာ လမ်းဘေးဈေးသည်ငယ်လေးတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်ငယ်လေးတွေကိုလည်း နေရာတိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ အပြိုင်အဆိုင်က အလွန်မမြင့်သေးသလို လုပ်ငန်းလုပ်ဖို့လည်း မခဲယဉ်းပါဘူး။ အခုဆိုရင် ကျွန်တော်တို့က Direct Marketing ကို သုံးနေဆဲဖြစ်ပါတယ်။ ဆိုလိုတာက လက်ကမ်းစာရွက်တွေကို ယူပြီးတော့ Client အသစ်တွေကိုဆွဲဆောင်ဖို့ ကွင်းဆင်းမှုတွေလုပ်ပါတယ်။ လက်ရှိအချိန်အထိ Client တော်တော်များများက ဒီမတိုင်ခင် တရားဝင်ငွေချေးသူတွေကို အသုံးမပြုဘူးပါ။

ဒါပေမဲ့ ဈေးကွက်က မြန်မြန်တိုးတက်နေပါတယ်။ အနာဂတ်မှာ ကြော်ငြာတွေ၊ နိုင်ငံအနှံ့ Promotion တွေလို သမာရိုးကျ Marketing Tool တွေကို ပိုသုံးလာဖို့ ရည်ရွယ်ထားပါတယ်။

နောက်စိန်ခေါ်မှုအားလုံးက Client တွေက လာတာဖြစ်ပါတယ်။ လက်ရှိမှာ Client အရေအတွက်က ငယ်ပါသေးတယ်။ ဒါပေမဲ့ အနာဂတ်မှာ သူတို့လုပ်ငန်းတွေတိုးတက်လာပြီး တရားဝင်ကုမ္ပဏီတွေ များပြားလာတဲ့အခါ ကုမ္ပဏီ၊ လုပ်သား၊ နည်းဗျူဟာချမှတ်ခြင်းတွေကို စီမံဖို့နဲ့ အပြိုင်အဆိုင်တွေကို အနိုင်ယူဖို့မှာ အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်း ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ လေးလေးနက်နက်စဉ်းစားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍနယ်ပယ်မှ အစိုးရအနေနဲ့ ဘယ်လိုထောက်ပံမှုမျိုး လုပ်ပေးဖို့လိုအပ်နေတယ်လို့ ထင်ပါသလဲ . . .

ငွေကြေးလုပ်ငန်းကဏ္ဍရဲ့အားသာချက်တစ်ခုက လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတာပါပဲ။ အခုအချိန်ဟာလည်း နိုင်ငံတကာက နည်းပညာနဲ့ ဝန်ဆောင်မှုအသစ်တွေကို လွယ်လွယ်ကူကူပဲ ကူးပြောင်းရယူနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ အစိုးရအနေနဲ့ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေထဲက အဓိကတစ်ခုကတော့ အဲဒီလိုလျင်မြန်တဲ့ ပြောင်းလဲတိုးတက်မှုတွေကို အုပ်မိအောင် ကြီးကြပ်ပေးနိုင်တဲ့ ကျွမ်းကျင်သူတွေအလုံအလောက် မထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒီအချက်ကလည်း လုပ်ငန်းနယ်ပယ်အတွက် လိုအပ်တဲ့စည်းမျဉ်းတွေထုတ်ပေးနိုင်ဖို့ဆိုတာကို နှောင့်နှေးစေနိုင်တဲ့အချက်လည်း ဖြစ်လို့နေပါတယ်။

Hayman Capital ရဲ့ အနာဂတ်အစီအစဉ် . . .

လက်ရှိကျွန်တော်တို့ရဲ့မဟာဗျူဟာအရ မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ ရုံးခွဲတွေတိုးချဲ့ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါတယ်။ ဖွင့်လှစ်လိုက်တဲ့ရုံးခွဲတွေကိုလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အရှေ့မှာပြောခဲ့သလို ကျွန်တော်တို့ဝန်ဆောင်မှုတွေကို အွန်လိုင်းပေါ်တင်ပြီး ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့က လတ်တလောအရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုပါ။ ပြောရရင် Cloud ထဲမှာ ရုံးခွဲတစ်ခုဖွင့်လှစ်နိုင်ဖို့ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ မြန်မာနိုင်ငံတွင်းက အင်တာနက်နဲ့ မိုဘိုင်းကွန်ရက်ချိတ်ဆက်မှုကလည်း ပိုမိုကောင်းမွန်လာနေပြီး လူတွေရဲ့ စမတ်ဖုန်းအသုံးပြုမှုကလည်း မြင့်တက်လာနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်က လက်တွေ့ကျတဲ့ အစီအစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

အယ်ဒီတာအဖွဲ့