Spa Flamingo

flamingo1

သံလွင်လမ်းမှာရှိတဲ့ Spa Flamingo နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ တည်ရှိပြီး ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ Discount Package တွေထားရှိတဲ့ ဆိုင်လေးအကြောင်းကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တည်နေရာနဲ့ ဆိုင်ဖွင့်ချိန်

ဆိုင်တည်နေရာကတော့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်း၊ အောင်မင်းခေါင် လမ်းထောင့်၊ အမှတ်- ၅၉၊ ၆၀ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၈ နာရီထိ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်။ ဆက်သွယ်မယ်ဆိုရင် ဖုန်းနံပါတ် ၀၁- ၂၃၀၅၅၄၆ ကို ဆက်သွယ်နိုင်ပါတယ်။

flamingo2

ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ဆိုင်နာမည်ပေးဖြစ်ပုံ

ကိုယ်တိုင်ကလည်း Spa ကိုစိတ်ဝင်စားတဲ့အပြင် မိန်းကလေးတိုင်းအတွက် ရည်ရွယ်ပြီး လှစေချင်တာကြောင့် ဖွင့်ဖြစ်သွားတာလို့ ဆိုပါတယ်။ ကြိုးကြာဆိုတာ မိန်းကလေးတွေရဲ့ Trade Mark ဆိုတဲ့သဘောနဲ့ Spa နဲ့ အမျိုးသမီးတွေဆိုတာ ခွဲလို့မရဘူးဆိုပြီး Flamingo Spa ဆိုပြီးပေးဖြစ်ခဲ့တာပါ။ ဆိုင်ကို သြဂုတ်လ ၂၃ ရက်နေ့က စတင်ပြီး Grand Opening အနေနဲ့ဖွင့်ဖြစ်ခဲ့ပါတယ်။

flamingo3

ဝန်ဆောင်မှုပိုင်းနဲ့ အများဆုံးလုပ်ကြတဲ့ ဝန်ဆောင်မှု

ဝန်ဆောင်မှုပိုင်းမှာ ခေါင်းအစခြေအဆုံး ရနိုင်ပါတယ်။ အသေးစိတ်ဆိုရင် Hair Services ၊ Nail Services ၊Foot Massage ၊ Body Treatment Spa ၊ Facial Treatment ၊ Make Up ၊ Waxing ပိုင်းတွေရနိုင်ပါတယ်။ ကိုယ်တိုင်လည်းသင်တန်းတွေကို စင်ကာပူမှာ တက်ရောက်လေ့လာထားတဲ့အပြင် ဆိုင်မှာ ကျွမ်းကျင်ဝန်ထမ်းတွေကိုပဲ ထားရှိထားတာဖြစ်တယ်လို့ ဆိုင်ရှင် ဒေါ်ချောစုစုမွန်က ဆိုပါတယ်။ Body Spa နဲ့ ပတ်သက်တဲ့ဝန်ဆောင်မှုကို အများဆုံးလာရောက် လုပ်ကိုင်ကြပါတယ်။

flamingo5

Product ပိုင်း

အခုတခြားနိုင်ငံတွေရဲ့ Top Spa တွေမှာသုံးတဲ့ သဘာဝသစ်ဥသစ်ဖုတွေနဲ့လုပ်ထားတဲ့ Cuccio Brand (USA Made) ကိုသုံးပါတယ်။ လူကြိုက်များတဲ့ Brand တစ်ခုဖြစ်တဲ့အပြင် Spa အတွက်ပဲ သီးသန့်ထုတ်ထားတဲ့ Organic Brand ဖြစ်ပါတယ်။ အနံ့ကလည်း Relax ဖြစ်တဲ့အနံ့တွေနဲ့ Body ၊ Madicure နဲ့ Pedicure တွေ အတွက်အသုံးပြုနိုင်တဲ့ Product တွေရှိပါတယ်။

flamingo4

Promotion အစီအစဉ်

အားလုံးသော Item တွေအတွက် ၂၀ ရာခိုင်နှုန်းစီ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ Discount အစီအစဉ်တွေ ရှိသလို Ruby ၊ Diamond ၊ Gold နဲ့ Silver Package လေးတွေစီစဉ်ပြီး ရောင်းချပေးနေပါတယ်။ နောက်ပိုင်း Member System နဲ့ လုပ်ကိုင်သွားဖို့ ရှိပါတယ်။

flamingo9

ဆိုင်ရဲ့ထူးခြားချက်နဲ့ ဈေးနှုန်းပိုင်း

Brand ကောင်းတဲ့ပစ္စည်း (Product) တွေနဲ့ပဲ ခေါင်းအစ ခြေအဆုံး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ Body Spa အတွက် Thai ဆိုရင် ၄၅,၀၀၀ ကျပ်၊ Cuccio Brand ဆိုရင် ၆၅,၀၀၀ ကျပ်ယူပါတယ်။  ကျန်တဲ့ဈေးနှုန်းတွေကိုလည်း တခြားဆိုင်တွေလောက်ပဲ ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

flamingo6

Spa ဖွင့်လှစ်တာတွေများလာတဲ့အပေါ်အမြင်နဲ့ Spa နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ခံယူချက်

ကျွန်မရဲ့ခံယူချက်အနေနဲ့ပြောရရင် Spa ဆိုတာ လိုအပ်တဲ့အရာလို့မြင်ပါတယ်။ ဆိုင်တွေများများဖွင့်လာတဲ့ အခါ Customer တွေလည်း ရွေးချယ်စရာဆိုင်တွေ ပိုများလာတာ သူတို့အတွက် ပိုကောင်းတယ်လို့မြင်ပါတယ်။ လူတွေရဲ့ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာဖို့ ခန္ဓာကိုယ်ကို အပြောင်းအလဲတွေ လုပ်ပေးရပါတယ်။ Spa ကိုသွားရင် ခန္ဓာကိုယ်တစ်ခုလုံး သန့်ရှင်းသွားတဲ့အပြင် အညောင်းအညာတွေပြေပြီး အာရုံကြောတွေလည်း လန်းဆန်းသွားတယ်။ အသားအရေကလည်း ကြည်လင်လာပြီး အဓိကစိတ်ဖိစီးမှုတွေအတွက် ကောင်းပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ စီးပွားရေးကို ဦး ဆောင်နေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးတွေကြားထဲမှာပဲ နစ်မြုပ်နေပြီး ဘယ်မှမသွားဖြစ်မလာဖြစ်ဘဲ စိတ်ဖိစီးမှုကြားမှာ မနေဘဲနဲ့ အချိန်ပေးပြီး Spa သွားပြီး Relax လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒါမှလည်း အလုပ်မှာလည်း စိတ်သစ်လူသစ်နဲ့ Idea သစ်တွေထွက်လာမယ်လို့ဆိုချင်ပါတယ်။ ကျွန်မအနေနဲ့လည်း အဲဒီလိုခံယူထားပါတယ်။

flamingo7

flamingo8

အနာဂတ်အစီအစဉ်

Cuccio Product တွေ တွင်တွင်ကျယ်ကျယ်ဖြစ်ပြီဆိုတာနဲ့ အခြား Spa တွေကို ပြန်ပြီးဖြန့်ပေးဖို့ ရှိပါတယ်။ ဆိုင်ခွဲဖွင့်ဖို့က ခြံကျယ်ကျယ်ကြီးနဲ့ Relax ရနိုင်တဲ့နေရာမှာ ဖွင့်ချင်တဲ့အစီအစဉ်တော့ ရှိပါတယ်။  ရန်ကုန်အနေအထားအနေနဲ့က သိပ်မလွယ်ပေမဲ့ နောက်တစ်ဆိုင်ဆိုရင် အဲဒီလိုမျိုး ဖွင့်ချင်ပါတယ်။

မို့မို့လတ်မောင်