Sar J.Poe: Co-working and Learning Space

sarjpoe1

တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် အီးမေးလ်၊ ဖုန်း . . .

အမှတ် ၃၉၊ အခန်း ၈၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ဒဂုံ (၁) ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပြီး [email protected] နဲ့ ဖုန်း - ၀၉၉၆၂၅၈၁၃၄၅ ကို ဆက်သွယ်နိုင်ပါတယ်။

လုပ်ငန်းစတင်ဖြစ်ပုံ . . .

မြန်မာနိုင်ငံမှာ အေးအေးဆေးဆေးစာဖတ်ဖို့နဲ့ အလုပ်လုပ်နိုင်ဖို့ နေရာလိုအပ်ချက်ရှိနေတယ်လို့ ခံစားရတဲ့အတွက် လုပ်ဖြစ်ခဲ့တာပါလို့ Sar J.Poe ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ Natty Tangmeesang က ပြောပါတယ်။

ဘယ်လို Facilityတွေ ပံ့ပိုးထားပါသလဲ . . .

Sar J.Poe Space မှာ Free Wifi ၊ Printer ၊ Scanner ၊ Speaker ၊ Projector ၊ Air-con ၊ Desk ၊ Chair တွေအပြင် သုတ၊ ရသပိုင်းစာအုပ်တွေ အထူးသဖြင့် အင်္ဂလိပ်စာအုပ်တွေ ပံ့ပိုးပေးထားပါတယ်။ ဒါအပြင် ဆေးရောင်ခြယ်တာဟာ တရားထိုင်တာတစ်မျိုးပဲလို့ ယူဆတဲ့အတွက် ဆေးရောင်ခြယ်စာအုပ်တွေကိုလည်း ပံ့ပိုးပေးထားပါတယ်။ နောက်ပြီး Game တွေကိုလည်း စီစဉ်ပေးထားပါတယ်။ တစ်ချိန်တည်းမှာ လူဦးရေအယောက် ၂၀ အသုံးပြုနိုင်တဲ့ နေရာအကျယ်အဝန်း ရှိပါတယ်။

sarjpoe2

နေရာအသုံးပြုခ ဘယ်လိုကျသင့်ပါသလဲ . . .

Co-working Space က တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၇ နာရီအထိ ဖွင့်ထားပြီး နေရာအသုံးပြုခအနေနဲ့ လူတစ်ယောက်ကို နေ့တစ်ဝက် (၅ နာရီစာ)ကို ငါးထောင်ကျပ် သတ်မှတ်ထားပါတယ်။ တစ်နေ့လုံး(ဆယ်နာရီစာ)ကိုတော့ တစ်သောင်းကျပ်ဖြစ်ပြီး တစ်ပတ်စာဆိုရင် ၄၅,၀၀၀ ကျပ်နဲ့ တစ်လစာဆိုရင် ၁၆၀,၀၀၀ ကျပ် ကျသင့်ပါတယ်။

Co-learning Space ကတော့ စနေ၊ တနင်္ဂနွေဆို မနက် ၇  နာရီကနေ ညနေ ၉ နာရီအထိဖွင့်ပြီး ကြားရက်တွေဆိုရင်တော့ ညနေ ၇ နာရီကနေ ၉ နာရီအထိ ဖွင့်ပါတယ်။ အဲဒီမှာ ဘာသာစကား၊ လက်မှုပညာ၊ Presentation and Public Speaking ၊ E-commerce သင်တန်းတွေ သင်ကြားပေးပါတယ်။ သင်တန်းကြေးတွေက တစ်လကိုခုနစ်သောင်းကျပ်ဖြစ်ပြီး လက်မှုပညာသင်တန်းကတော့ တစ်ချိန်ကို ၃၅,၀၀၀ ကျပ်ဖြစ်ပါတယ်။

sarjpoe3

ကြိုတင်စာရင်းပေးဖို့ လိုပါသလား . . .

နေ့တိုင်းလာတဲ့ လူတွေအနေနဲ့ စာရင်းကြိုပေးထားဖို့ မလိုပါဘူး။ ဒါပေမဲ့ အစည်းအဝေးတို့၊ အဖွဲ့လိုက် ဆွေးနွေးပွဲတို့ လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းဆက်ပြီး ကြိုတင်စာရင်းပေးထားဖို့ လိုပါတယ်။