Sakura Pool & Fitness

sakurafitness1

ရန်ကုန်မြို့မှာက ရေကူးကန်ရော Gym ရော တွဲပါတာက နည်းတဲ့အပြင် မြေငှားရမ်းခဈေးကြီးတော့ အိမ်ရာမှာပဲ ထည့်ပြီး ဆောက်ဖြစ်သွားတာပါလို့ ဆိုင်ရဲ့ဒါရိုက်တာ ကိုသိန်းသန်းဌေးက ပြောပါတယ်။

ကစားနည်းနဲ့ Trainer တွေ

--------------

Gym နဲ့ပတ်သက်တဲ့ ကစားနည်းတွေအပြင် Cardio Workout ၊ TRX ၊ Kick Boxing ၊ Weight Loss Program စတာတွေအပါအဝင် ရေကူးကစားနည်းတို့ကို သင်ယူကစားနိုင်ပါတယ်။ ကဏ္ဍအလိုက်ကျွမ်းကျင်ဆရာတွေက သင်ကြားပေးမှာဖြစ်သလို Personal Training ခေါ်ယူချင်သူတွေအတွက်လည်း ၁၂ ချိန်ကို ခြောက်သောင်းကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်။

ထူးခြားချက်

-------------

ထူးခြားချက်အနေနဲ့ကတော့ Gym ကစားနည်းကို ကစားသူရဲ့အသက်အရွယ်နဲ့ ကျန်းမာမှုတွေပေါ်မူတည်ပြီး Program တွေထားရှိပေးတဲ့အပြင် အလျား ၂၅ မီတာ ရှည်လျားပြီး အနက်လေးပေကနေ ခြောက်ပေအနက်ထိရှိတဲ့ ရေးကူကန်ပါထားရှိပေးထားတဲ့အတွက် လာရောက်ကစားသူတွေ ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။

sakurafitness2

ဈေးနှုန်းနဲ့ Promotion

-----------

Membership Fees အနေနဲ့ လူတစ်ဦးလျှင် တစ်လကို ကိုးသောင်းကျပ်၊ သုံးလကို ၂၆၀,၀၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပြီး တစ်လ Free က ထပ်မံရရှိမှာပါ၊ ခြောက်လကိုတော့  ၄၈၀,၀၀၀ ကျပ်မှာ နှစ်လ Free ထပ်မံရရှိမှာဖြစ်ပြီး၊ ကိုးလကိုတော့ ၆၉၀,၀၀၀ ကျပ်နဲ့ လျှော့ပေးထားတဲ့အပြင် သုံးလ Free ထပ်မံရရှိမှာ ဖြစ်ပါတယ်။ ဒီ Membership Fees ပေးသွင်းထားသူအနေနဲ့ ရေကူးလို့ပါ ရရှိမှာဖြစ်ပါတယ်။

sakurafitness3

ဝန်ဆောင်မှု

-------------

ဝန်ဆောင်မှုအနေနဲ့ကတော့ ရေချိုးခန်း၊ Locker Box ၊ မျက်နှာသုတ်ပုဝါတို့ကိုလည်း ထားရှိပေးထားပြီး ကျယ်ဝန်းတဲ့ ကားရပ်နားကွင်းနေရာလည်း ရှိပါတယ်။

အနာဂတ်အစီအစဉ်

---------------------

အနာဂတ်မှာတော့ ဒီလိုဆိုင်မျိုး နောက်တစ်ဆိုင်ထပ်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆိုင်ဖွင့်ချိန်

-----------

နေ့စဉ် နံနက် ၆ နာရီကနေ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ရေကူးကန်ကိုတော့ အပတ်စဉ် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အတွင်း မနက် ၇ နာရီကနေ ည ၇ နာရီထိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။

sakurafitness4

ဆိုင်တည်နေရာ

-----------------

ချယ်ရီဥယျာဉ်အိမ်ရာ၊ သံသုမာလမ်း၊ အမှတ် ၁၄၊ ၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မှာတည်ရှိကာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉၄၂၇၃၁၅၆၁၅ ဖြစ်ပြီး Facebook စာမျက်နှာကတော့ Sakura Pool & Fitness လို့ ရိုက်နှိပ်ကြည့်ရှုနိုင်ပါတယ်။