Ronald Aung Moe Shwe
CEO
KMD Group of Companies
Mr Ronald Aung Moe Shwe ဟာ KMD Group of Companies မှာ CEO အဖြစ် တာဝန်ယူလုပ်ကိုင်လာတာ သုံးနှစ်ကျော်ပြီဖြစ်ပါတယ်။ သူဟာ KMD ရဲ့ Business Line အားလုံးကို တာဝန်ယူစီမံခန့်ခွဲလျက်ရှိပြီး Intel ၊ Microsoft တို့နဲ့ လက်တွဲကာ be အမှတ်တံဆိပ် be Tablet ၊ be Keyboard ၊ PC နဲ့ Accessory တွေကိုလည်း ထုတ်လုပ်လျက်ရှိတာ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခိုက်မှာ KMD လုပ်ငန်းတစ်စိတ်တစ်ဒေသနဲ့ Microsoft ၊ Intel တို့နဲ့ လက်တွဲလုပ်ဖြစ်ပုံ၊ မြန်မာနိုင်ငံအတွင်း Mobile ၊ PC တွေရဲ့ Trend စတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံကို မိတ်ဆက်ပေးပါဦး . . .
ကျွန်တော် အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တက်ခဲ့ပါတယ်။ အထူးပြုမေဂျာကတော့ Business Administration (Finance) ပါ။ အလုပ်လုပ်တော့လည်း Finance Field မှာပဲ လုပ်ခဲ့ပါတယ်။ Finance ဆိုပေမဲ့ Banking Industry မဟုတ်ပါဘူး။ Corporate Finance နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ငါးနှစ် ခြောက်နှစ်လောက်လုပ်ပြီးတော့ HP ကိုရောက်သွားပါတယ်။ HP မှာ ရှစ်နှစ်ကျော် ကိုးနှစ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ Finance နဲ့ စပြီးမှနောက်ပိုင်း Operation ဘက်ကို ရောက်သွားတာပါ။ Supply Chain နဲ့ Product Marketing ၊ Inventory Management တို့လုပ်ပြီး နောက်မှာမှ KMD ကို ရောက်လာတာပါ။ အခု KMD မှာ သုံးနှစ်ပြည့်ပြီးသွားပါပြီ။ ကျွန်တော်လုပ်ခဲ့တဲ့ကုမ္ပဏီတွေက IT များပါတယ်။
လက်ရှိ KMD မှာ တာဝန်ယူလုပ်ကိုင်နေတဲ့ Role & Responsibility ကို ပြောပြပေးပါဦး . . .
ကျွန်တော်ကတော့ လက်ရှိ Business Line အားလုံးကို Managing လုပ်ပါတယ်။ Training ၊ Sales & Service ၊ Distribution နဲ့ Retail လည်း ပါဝင်ပါတယ်။ KMD Group of Companies တစ်ခုလုံးပါ။
KMD ရဲ့ Mision & Vision ကိုလည်း ပြောပြပေးပါဦး . . .
ကျွန်တော်တို့ရဲ့ Mision နဲ့ Vision က မြန်မာတစ်ပြည်လုံးကို ICT Knowledge ပေးသွားမယ်၊ Education Level တစ်ခုရောက်အောင်လည်း တတ်နိုင်သလောက် ပေးသွားပါမယ်။ ဒီဘက်က ICT မှာလိုအပ်တဲ့ Equipment တွေကိုလည်း Supply လုပ်ပေးသွားပါမယ်။
Software ၊ Hardware နဲ့ Education တွေလို IT နဲပတ်သက်တဲ့လုပ်ငန်းတွေကို တစ်ပြိုင်နက်တည်း လုပ်နေတာဖြစ်လို့ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိနိုင်ပါသလဲ . . .
အကုန်လုံးကတော့ အဆက်အစပ်ရှိပါတယ်။ KMD ဝန်ထမ်းတွေထဲက အများစုကလည်း KMD သင်တန်းတစ်ခုခုကနေ ရောက်လာတာများပါတယ်။ တော်တော်များများက KMD မှာပညာရပ်တစ်ခုခု ယူပြီးသားလူတွေပါပဲ။
Hardware ပိုင်းနဲ့ Software ပိုင်းဆိုရင်လည်း ဆက်သွယ်မှုရှိပါတယ်။ အခု Project တွေ Tender တွေ သွားတယ်ဆိုရင် Hardware Solution သာမက Software Solution တွေပါ လိုအပ်လာပါပြီ။ Software မှာဆိုရင် Time Attendance တို့လို Software ကိုပါ ပေးပါတယ်။ ဒါဆိုရင် Finger Print Scan စက်လေးတွေပါသွားတော့ Hardware နဲ့ပါ ဆက်စပ်ပါတယ်။ လုပ်ငန်းတစ်ခုလုံး IT Equiptment တွေလိုတယ်ဆိုလည်း ကျွန်တော်တို့က One-Stop Solution လိုမျိုးပေးပါတယ်။ ဥပမာအနေနဲ့ ဌာနတစ်ခုကနေ ကွန်ပျူတာသာမက Office Setup အတွက်လိုအပ်တဲ့ ပစ္စည်းတွေအားလုံး လိုချင်တယ်ဆိုတော့ လုပ်ပေးလိုက်တာမျိုး ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းခွဲတွေအားလုံး တစ်မျိုးနဲ့တစ်မျိုး ဆက်စပ်နေတာပါပဲ။
ဒါဆိုရင် လုပ်ငန်းအားလုံးတစ်မျိုးမဟုတ်တစ်မျိုး ဆက်စပ်နေတာဖြစ်လို့ ဘယ်လို Challenge တွေ၊ Advantage တွေ ရှိပါသလဲ . . .
Challenge တွေကတော့ Customer တွေက ချက်ချင်းလိုချင်တဲ့အခါ Customer တွေ စိတ်ကြိုက် Specification တွေဆိုရင် ကျွန်တော်တို့က ချက်ချင်းမပေးနိုင်တဲ့အတွက် Lead Time တွေတော့ရှိပါတယ်။ အဓိက ကျွန်တော်တို့ Supplier တွေနဲ့ ညှိယူရပါတယ်။ ဥပမာ - IBM Server တစ်လုံးမှာချင်ရင်လည်း ကျွန်တော်တို့က ဟိုဘက်ကို လှမ်းညှိဖို့ အချိန်ယူရသေးတာမျိုးကို ပြောတာဖြစ်ပါတယ်။ Challenge က Lead Time လေးတွေတစ်ခုပါပဲ။ အားသာချက်တွေကတော့ ကျွန်တော်တို့က One Stop Service ဖြစ်နေတော့ Supplier တွေကိုသိတယ်၊ ပြည်တွင်း/ ပြည်ပ Supplier တွေကိုလည်း သိတော့ ချိတ်ဆက်မှာယူပေးလို့ရနေတဲ့ သဘောမျိုးပါ။ Manage လုပ်ရတာကလည်း IT လောကထဲမှာ ဖြစ်နေလို့ လွယ်တော့လွယ်ကူပါတယ်။
Retail အတွက် KMD မှာ Shopping Website လေးတစ်ခုလည်းတွေ့တော့ နောက်ပိုင်း Online Shopping ကို ဘယ်လိုလုပ်သွားဖို့ ရှိနေပါသလဲ . . .
Online Shopping ကတော့ ဒီနိုင်ငံမှာ နည်းနည်းလိုပါသေးတယ်။ လိုသေးတယ်ဆိုတာကလည်း Financial Infrastructure က နည်းနည်းလိုသေးတယ်၊ Logistics ကလည်း နည်းနည်းလိုပါသေးတယ်။ ဒါပေမဲ့ ဒါကတော့ ရှိမှာပါပဲ။ မြို့ထဲနဲ့ နည်းနည်းဝေးတဲ့ ဝယ်သူတွေအတွက်ကတော့ Order လှမ်းတင်လိုက်ပြီး ကျွန်တော်တို့က သူတို့မှာယူတဲ့ပစ္စည်းကို Product Delivery လုပ်ပေးလိုက်တာက သူ့အတွက် ပိုလွယ်ကူတာပါတယ်။ ဒါပေမဲ့ ပစ္စည်းကတော့ စမ်းကြည့်ချင်မှ စမ်းကြည့်လို့ ရမှာပါ။ မြန်မာပြည်ရဲ့ Consumer အနေနဲ့ ထိကြည့် ကြမယ်၊ ကိုင်ကြည့်ကြမယ်၊ Testing လုပ်ကြည့်ကြမယ် ကြိုက်မှယူသွားတာမျိုးရှိပါမယ်။ Online က ဝယ်သူအတွက် Advantage ကတော့ သူမြို့ထဲကိုလာစရာမလိုဘဲ ပစ္စည်းရမယ်။ Disadvantage ကတော့ သူနည်းနည်းစောင့်ရပြီးတော့ ယူလာပေးတဲ့ပစ္စည်းပဲရပါမယ်။ အနာဂတ်မှာတော့ Online က ဖြစ်လာမှာပါပဲ။ တစ်ကမ္ဘာလုံးလည်း Online က အောင်မြင်နေတယ်ဆိုတော့ Retail အနေနဲ့ကလည်း Maintain ဖြစ်သွားမှာပါ။ Balance ဖြစ်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလောလောဆယ်ကတော့ Retail က ပိုများနေပြီး Online က နည်းနေပါသေးတယ်။ ဒါပေမဲ့ Balance တော့ ပြန်ဖြစ်လာမှာပါ။
KMD ရဲ့ Intel ၊ Microsoft တို့နဲ့ ပေါင်းထုတ်လုပ်ထားတဲ့ be Product Line နဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး . . .
BE Product Line က အခုကျွန်တော်တို့ Product သုံးစုံ ထုတ်ထားပြီးပါပြီ။ be Tablet ၊ be Ultrabook နဲ့ be Keyboard Computer တို့ ဖြစ်ပါတယ်။ အခုဆိုရင် Tablet က ပြီးသွားသလောက် ဖြစ်နေပြီဆိုတော့ နောက်ထပ်ဝင်ဖို့ Prodcut တွေထဲမှာလည်း Tablet က ပါနိုင်ပါသေးတယ်။ Microsoft နဲ့ Intel နဲ့ဆိုတာက ကျွန်တော်တို့က သူတို့နည်းပညာတွေကို သူတို့နဲ့ ပူးပေါင်းပြီးတော့ လုပ်တာပါ။ ဘယ်နိုင်ငံမဆို သူတို့တံဆိပ်နဲ့ သူတို့ထုတ်တာက လွယ်ပါတယ်။ Microsoft ဆိုလည်း ကျွန်တော်တို့ သူတို့နဲ့ညှိရတာပါပဲ။ မြန်မာပြည်အတွက်ဆိုရင် ဈေးနှုန်းရအောင် ညှိတာမျိုးပါ။ ပြီးတော့ သူတို့ Recommand လုပ်တဲ့ စက်ရုံတွေမှာ သူတို့ရဲ့ Engineer တွေထားထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ကရွေးပြီး ဘာလုပ်ချင်တယ်ဆိုတာကို ပြောပါတယ်။ Consumer တွေ ဝယ်တယ်ဆိုရင် ဒီ Product တွေက မြန်မာပြည်အတွက် ကျွန်တော်တို့က စဉ်းစားပေးထားတဲ့ဈေးနှုန်းတွေဖြစ်လို့ သင့်တင့်ပါတယ်။ သူတို့နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် တစ်ခုခုလုပ်သင့်တယ်၊ ဒီလို Product မျိုးရှိသင့်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ KMD အတွက်တော့ ဒီအရာက ဂုဏ်ယူရတဲ့ကိုယ်ပိုင် Product ဖြစ်ပါတယ်။
ဒီလို Microsoft နဲ့ KMD တို့ လုပ်ငန်းအတူတူလုပ်ဖြစ်ဖို့ အစပြုတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်မှုတွေ လုပ်ကြမှာပါပဲ။ အဲဒါတွေနဲ့ပတ်သက်လို့ ပြောပြပေးပါ . . .
သူတို့ရွေးတာကတော့ ကျွန်တေ်ာတို့က တိတိကျကျဘာကြောင့်ရယ်လို့ မပြောနိုင်ပေမဲ့ ကျွန်တော်တို့က ဒီဘက်မှာ Establish ဖြစ်ထားပြီးသားဖြစ်တာရယ်၊ ကျွန်တော်တို့ Naming နဲ့ ဘယ်သူတွေနဲ့ Partner တွေ ဖြစ်ထားလဲ ဆိုတာတွေကိုတော့ သူတို့ကြည့်ပါတယ်။ ဖြစ်နိုင်တာက ကျွန်တော်တို့က သူတို့ Product တွေကို Service ပေးနေတာကလည်း အချက်တစ်ခုအဖြစ် ပါနိုင်ပါတယ်။ Intel ကို ကျွန်တော်တို့က Distributor ယူထားတာပါ။
Microsoft ဆိုရင်လည်း Partner ဖြစ်နေတာပေါ့။ သူတို့ရဲ့ သင်တန်းတွေလည်းဖွင့်ထားတယ်။ တချို့ Official Lisence ယူထားတာလည်း ရှိပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ Authorized Reseller ယူထားတာဆိုတော့ အမြဲတမ်းတော့ ဆက်သွယ်ပြောဆိုဖြစ်နေပါတယ်။ ကျွန်တော်ထင်တာတော့ Naming နဲ့ ယုံကြည်ချက်ရှိမှုနဲ့ ရွေးတယ်လို့ ထင်ပါတယ်။
Microsoft ၊ Intel တို့နဲ့လုပ်ထားတဲ့ Partnership ပုံစံကိုလည်း ပြောပြပေးပါဦး . . .
Capital ကတော့ ကျွန်တော်တို့ စိုက်ထုတ်ပြီးသူတို့ရဲ့ နည်းပညာနဲ့ ဘာထုတ်မလဲဆိုတာကိုတော့ သူတို့နဲ့ ပူးပေါင်းတာပါ။ တချို့ Marketing တွေမှာ သူတို့ပါမယ်ဆိုတော့ အဲဒါကို Support လုပ်ပေးပါတယ်။ ပွဲတွေ လာတက်ပေးတယ်၊ Marketing Fund တချို့ Support လုပ်ပေးတာမျိုးရှိပါတယ်။ ဒါပေမဲ့ အရေအတွက် ဘယ်လောက်မှာယူရင်ဆိုတာမျိုးလည်း ရှိပါတယ်။
Product Line အောင်မြင်အောင် နောက်ပိုင်း ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါသလဲ . . .
ကျွန်တော်ထင်တာကတော့ Product ကောင်းရင် နောက်ပိုင်း တစ်ယောက်တစ်ဆင့် စကားနဲ့တင် လူသိသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပုံမှန်အတိုင်း Advertising တွေ လုပ်နေဦးမှာပါ။ ရွေးချယ်ထားတဲ့ စက်ရုံတွေကလည်း ကောင်းကောင်းရွေးထားတာပါ။ Ultrabook ထုတ်တဲ့ စက်ရုံဆိုလည်း ကျွန်တော် Apple ပစ္စည်းတွေထုတ်တဲ့ စက်ရုံဖြစ်ပါတယ်။ World Qualify ဖြစ်တဲ့ စက်ရုံတွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Product က ကောင်းရမယ်၊ ဈေးနှုန်းကောင်းရမယ်၊ After-sales Service လည်း ကျွန်တော်တို့ ကောင်းကောင်းပေးနိုင်ပါတယ်။ တစ်ခုခုဖြစ်ရင်လည်း Warranty ပေးထားတော့ ယုံယုံကြည်ကြည် သုံးလို့ရပါတယ်။
KMD Sales Center တွေက မြန်မာနိုင်ငံနေရာတော်တော်များများမှာ ရောက်နေပြီဆိုတော့ Service Center တွေကတော့ နေရာတိုင်းမှာ ရှိနေပြီလား . . .
Service Center ကိုတော့ ကျွန်တော်တို့ ရန်ကုန်မှာ Setup လုပ်ထားပါတယ်။ မြန်မာနိုင်ငံအပေါ်ပိုင်းက တချို့နယ်တွေကဆိုရင်လည်း မန္တလေးကိုပို့လိုက်လို့ရပါတယ်။ မန္တလေးမှာလည်း ကျွန်တော်တို့ Service Center ရှိပါတယ်။ နေပြည်တော်မှာလည်း ရှိပါတယ်။ ရန်ကုန်ကတော့ Main ဖြစ်ပါတယ်။ နယ်ဘက်တွေမှာ Service Center တွေ ဖွင့်ဖို့ဆိုရင် ကျွန်တော် နယ်မြို့တချို့ကို Collection Point အဖြစ် ထားလို့ရပါတယ်။
KMD က Authorized ယူပြီး ပြန်လည်ရောင်းချတဲ့ PC ၊ Tablet စတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အဲဒါတွေရဲ့ မြန်မာနိုင်ငံအတွင်း ရောင်းအား Trend ကိုလည်း ပြောပြပေးပါဦး . . .
ပြီးခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ PC ရဲ့ Demand က Flat ဖြစ်နေတာပါ။ Tablet Market ကတော့ နည်းနည်းကျပါတယ်။ ကျွန်တော် ထင်တာကတော့ ကမ္ဘာမှာလည်း ဒီလိုပဲ ထင်ပါတယ်။ Notebook ရောင်းအားကတော့ ပုံမှန်ပါပဲ။ Desktop ကနေ Notebook တွေ ပြောင်းလာတာကတော့ တော်တော်များပါတယ်။ တချို့လုပ်ငန်းတွေမှာတော့ Enterprise Industry မှာတော့ Desktop တွေသုံးတာ များပါတယ်။
Tablet Trend ကျလာတာက Phablet တွေကြောင့်များ ဖြစ်နိုင်ပါသလား . . .
ကျွန်တော်ထင်တာက Phablet တွေကြောင့်ဆိုတာထက် Smartphone တွေ ဝင်လာတဲ့အခါကျတော့ IT တစ်ခုလုံးက နည်းနည်းရပ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ Spending Power က ဖုန်းဘက်မှာ နည်းနည်းပိုများလာပါတယ်။ SIM Card တွေကလည်း ပိုများလာပြီး Operator ကလည်း သုံးခု၊ လေးခုလောက် ဖြစ်လာတော့ အဲဒီဘက်မှာ နည်းနည်းပိုသုံးလာပါတယ်။ ဒါတွေနည်းနည်း တည်ငြိမ်သွားမယ်ဆိုရင်တော့ IT မြန်မြန်ပြန် Pick Up လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော့်အထင်သက်သက်ပါ။
KMD က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နယ်မြို့တွေ တော်တော်များများမှာလည်းရှိနေတော့ မြန်မာနိုင်ငံအတွင်း PC ၊ Mobile နဲ့ Tablet တွေမှာ ဘယ် Brand တွေက ပိုအရောင်းများသလဲဆိုတာ ပြောပြလို့ ရနိုင်ပါသလား . . .
Mobile မှာ Samsung နဲ့ Huawei တိုက်ရိုက်ရောင်းရပါတယ်။ IT ဘက်မှာတော့ Lenovo ၊ Dell ၊ Acer ၊ Asus ၊ Hp တို့က အရောင်းသွက်ပါတယ်။
ဖြူလဲ့မွန်