Putt For Dough

C58D5677-lg copy C58D5682-lg copy

ဂေါက်သီးကစားရာတွင် ဆိုရိုးတစ်ခုရှိသည်။ Drive Show and Putt For Dough  ဟူ၍ပါ။ ဆိုလိုသည်မှာ တီခုံမှ ရိုက် လိုက်သောဒရိုက်ဗ်များ ကောင်းခြင်းသည် ရှိုးပြရုံ၊ သူများ အထင်ကြီးရုံ သက်သက်သာဖြစ်ပြီး ကျင်းစိမ်ရိုက်ချက်ကောင်း ကမှ ပိုက်ဆံရစေသောတကယ့်ရိုက်ချက် အမှန်ဖြစ်ကြောင်းပါ ပင်။ ဂရင်းပေါ် နေရာအနှံ့မှ ကျင်းစိမ် ချက်ပတ်တင်များဝင်ဖို့ သည် အရေးကြီးလှပါသည်။ မဝင်သည့်တိုင် တူးပတ်ရရန် လိုအပ်ပါသည်။ သရီးပတ်ဖြစ်ခြင်းများသည် ပတ်တင်အား အလေးမထား ဂရုမစိုက်ကြ၍ပါ။ ပတ်တင်ဟူသည် ဒရိုက်ဗ် ကဲ့သို့ လေ့ကျင့်ရသည်ဆိုခြင်းကို မသိကြ၍ပါ။

ကျင်းပေါက်နှင့် ဆယ်ပေခန့်အကွာမှ ကျင်းစိမ်ရန် ဂေါက်သီးသုံးလုံးကို တန်းစီထားလိုက်ပါ။ ကျင်းပေါက်သို့သာ စိုက်ကြည့်ရင်း ပထမနှစ်လုံးကို ရိုက်လိုက်ပါ။ ဂေါက်သီးကို ကြည့်ကို မကြည့်ပါနှင့်။ တတိယအလုံးတွင်မူ ပုံမှန်အတိုင်း ချိန်တွယ်လိုက်ပြီးနောက် ဂေါက်သီးဆီသို့သာ လုံးဝကြည့်ရှု အာရုံစိုက်မည့်အစား ခုနကကျင်းပေါက်သို့ ကြည့်ထားသော ပုံရိပ်ကို မြင်ယောင်ထားစေလိုပါသည်။ စိတ်မျက်လုံးတွင် ကျင်းပေါက်ကို ဓာတ်ပုံရိုက်ယူထားသလို စွဲမြဲနေစေရန်အတွက် ပါ။ ခြားနားမှုကို ခံစားကြည့်ပါ။

C58D5686-lg copy

ဤသို့ မြင်ယောင်နေလျက် ရိုက်လိုက်ခြင်းဖြင့် အ ကွာအဝေး မှန်းဆမှုကိုသာမက လားရာအရပ်တိကျမှုကိုပါတိုး တက်စေပါသည်။ ဤသည်က အပိုဆောင်းအကျိုးကျေးဇူးပါ။ မလိုလားအပ်သောအတွေးအခေါ်များ ဝင်မလာအောင် တားဆီး ပြီးသားလည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျင်းစိမ်ရိုုက်ချက် ရိုက်စဉ်တွင် ကျင်းပေါက်ကို မြင်ယောင်ထားပါ။

စည်းလိုင်းဆွဲထားပါ

C58D5543-lg copy  C58D5542-lg copy C58D5548-lg copy

 

ကျင်းစိမ်ချက်ကောင်းကောင်းတစ်ခု၏ အရေးအကြီးဆုံးဟု ဆိုရမည့်သော့ချက် တစ်ရပ်မှာ ဂေါက်သီးကို တည့်မတ်စွာလိမ့်သွားစေရန် ရိုက်ထုတ်နိုင်ခြင်းဖြစ်ပါ သည်။ ဂေါက်သီးကို တည့်တည့်ရိုက်ပါက တည့်တည့်လိမ့်သည်ဟု ရိုးရှင်း စွာထင်ရသော်လည်း အမှန်တကယ် မိမိရရ လိုင်းမှန် မရိုက်မိသောဂေါက်သီးမှာ လိမ်ဖည်လိမ်ဖည်နှင့် လမ်းကြောင်းလွဲသွားပါလိမ့်မည်။

4 copy

တည့်မတည့် လေ့ကျင့်နိုင်ရန် နည်းလမ်းတစ်ရပ်မှာ ဂေါက်သီး တစ်ပတ်၊ မျဉ်းဖြောင့်လိုင်းတစ်လိုင်း ပတ်လည်ရေးဆွဲကာ အရိုက်လေ့ကျင့်ခြင်း ပါ။ ပုံတွင်ပြထားသည့်ကိရိယာဖြင့် ဂေါက်သီးပေါ်တွင် အီကွေတာလိုင်းကဲ့သို့ မျဉ်းဖြောင့်တစ်လိုင်းရေးဆွဲနိုင်ပါသည်။ ယင်းသို့ ရေးဆွဲပြီးပါက ဂရင်းပေါ် တွင် တည့်တည့်ကျင်းစိမ်နိုင်သည့်နေရာအား ရွေးချယ်ကာ ဂေါက်သီးပေါ်က မျဉ်းဖြောင့်ကို ကျင်းပေါက်တည့်တည့်သို့ ချိန်ရွယ်ထားပြီး ကျင်းစိမ်ရိုက်ချက် ရိုက်ကြည့်ပါ။ သင်ရိုက်လိုက်သော ဂေါက်သီးသည် ကျင်းပေါက်ထဲဝင်သည် အထိ လမ်းကြောင်းတစ်လျောက် လိမ့်သွားရာနေရာတွင် ရေးဆွဲထားသော မျဉ်းကြောင်းသည် ကြိမ်ကွင်းကလေး လိမ့်သွားသလို ဖြောင့်ဖြောင့်လေး တစ်ပတ်ပြီးတစ်ပတ် လည်နေရပါ မည်။ ထိုမျဉ်းကြောင်းသည် ဖြောင့်ဖြောင့်လေးတစ်ပတ် ပြီး တစ်ပတ်လည်မနေဘဲ လိမ်ဖည်လိမ်ဖည်လည် နေပါလျင်မူကား သင်ရိုက်လိုက်စဉ်က ဂေါက်သီး အလယ်ခေါင်တည့်တည့်သို့ ကျင်တွယ်ကိုက် မိမိရရ မရိုက်မိခြင်း ပေါ်လွင်လာပါပြီ။

ဂေါက်သီးပေါ်က မျဉ်းလိုင်း လိမ်ဖည်လိမ်ဖည် မဖြစ်တော့ဘဲ ပစ် မှတ်ဆီ ဖြောင့်တန်းစွာလိမ့်နေသည့် အနေအထားကိုရအောင် သင်ရိုက်နိုင် သည်အထိ အထပ်ထပ်လေ့ကျင့်ပါ။ ဤပုံစံအား တစ်သမတ်တည်း ရိုက်နိုင် လာပြီဆိုပါလျင် သင်သည် လိုချင်သည့်လမ်းကြောင်းသို့ ပို့လွှတ်နိုင်သောရိုက် ချက်ကို ဖော်ထုတ်နိုင်ပြီ ဖြစ်ပါသည်။

 

ဂိတ်တံခါးကျင့်စဉ်

C58D5564-1-lg copy C58D5565-2-lg copy C58D5566-3-lg copy C58D5570-lg copy

ကျင်းစိမ်ရိုက်ချက်နှင့်ပတ်သက်၍ သတိမပြုမိကြသောတစ် ချက်မှာ တုတ်ခေါင်းပြင် အလယ်ခေါင်တည့်တည့်နှင့် ထိထိ မိမိ မည်သို့ရိုက်ရမည်ဆိုခြင်း ဖြစ်ပါသည်။ ဤအချက်ကို အောင်မြင်စွာ မလုပ်ဆောင်နိုင်ဘဲနှင့်တော့ ဂေါက်သီးမည် သည့်ဘက်သို့ ယွင်းလွှဲသွားမည်ကို သိရန် ခက်ခဲပါလိမ့် မည်။

မိမိရရ ထိရိုက်မိရန် ကျင့်စဉ်ကောင်းတစ်ရပ်မှာ ဂိတ်တံခါးကျင့်စဉ်ပါ။ ပထမဦးစွာ ဆယ်ပေပတ်သွင်းရန် ပြင်ဆင်ပါ။ ပတ်တာခေါင်းအား ဂေါက်သီးရှေ့၌ ချလိုက် ပြီး ပတ်တာခေါင်း၏ရှေ့နှင့်နောက်တစ်လက်မခန့်အကွာ တွင် တီနှစ်ချောင်းစိုက်လိုက်ပါ။ ယင်းနောက် ဂေါက်သီး ၏နောက်၌ ပတ်တာခေါင်းအား ချထားကာ ပတ်တာခေါင်း ၏ရှေ့နှင့်နောက် တစ်လက်မခန့်အကွာ၌ နောက်ထပ်တီနှစ် ချောင်းစိုက်လိုက်ပါ။ တီလေးချောင်းသည် လေးထောင့် ဘူးခွံလေးပုံ ပေါ်ထွက်လာပါမည်။ ပုံတွင် ကြည့်ပါ။

ယင်းသို့ တီများ စိုက်ပြီးနောက် ကျင်းပေါက်ဆီ သို့ ချိန်ရွယ်ကာ ကျင်းစိမ်ရိုက်ချက်အား ရိုက်လိုက်ပါ။ တီများကို ထိမသွားပါစေနှင့်။ တီများကို မထိဘဲ အနည်း ဆုံး ၁၂ ကြိမ်ခန့် ကျင်းဝင်အောင် ရိုက်ပြီးသည့်အခါ တီ များကို ဖယ်လိုက်ပြီး ကျင်းစိမ်ပါ။

သင့်ပတ်တာသည် တီများရှိစဉ်က တီတစ်ချောင်း ချောင်းအား ထိငြိသွားသည်ဆိုကတည်းက ပတ်တာ၏အလယ်ခေါင်တည့်တည့်နှင့် သင် မရိုက်မိကြောင်း ပေါ် လွင်နေပါပြီ။ ဤသို့ တီလေးချောင်းစိုက်၍ လေ့ကျင့်မှုအား ကျင်းပေါက်နှင့် အကွာအဝေးအမျိုးမျိုးမှ ပြုလုပ်ပေးပါ။ သင်၏ပတ်တာလွှဲချက်အား ပို၍ ရှည်ရှည်လွှဲသည့်အခါ များတွင်ပါ တီများအား မထိငြိစေရေး ရည်ရွယ်သည်။

 

ထိပ်နှင့် ထိုးပါ

6 copy

၂၁ ရာစုနှစ်များ၌ ဂေါက်သီးကစားခွင့်ကြုံသည်မှာ ကျွန်ုပ် တို့ ကံကောင်းသည်ဟု ဆိုရပါသည်။ စဉ်းစားကြည့်ပါ။ ယနေ့ ဟိုက်ဘရစ်တုတ်များသည် ရှေးခေတ်ပါစီမွန်သစ် သားဒရိုက်ဗာတုတ်ခေါင်းလောက် ကြီးနေကြပါသည်။ ပတ် တာများသည်လည်း တိုးတက်ဖွံ့ဖြိုးလာသည်။ ပြည့်စုံ ကျွမ်းကျင်စွာ ထုလုပ်ထားသော သေးငယ်သောမျက်နှာပြင် ရှိသောပတ်တာများ၊ ချိန်ညှိထားသော ကျယ်ဝန်းသည့်မျက် နှာပြင်ရှိသော ပတ်တာများ စသဖြင့် ရွေးချယ်စရာစုံလင် လှပါသည်။ ပို၍ အမှားမခံသောပတ်တာများလည်း ပေါ် ထွက်လာသည်။

သို့ဖြစ်ငြားလည်း အများစုအတွက်မှာ ဂေါက်သီး ကစားနည်းက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ အထူးသဖြင့် ကျင်းစိမ်မှုတွင်ပါ။ ယခုဖော်ပြမည့် ပတ်တာခေါင်းထိပ်ဘက် ဖြင့် ဂေါက်သီးကို ရိုက်ခြင်းလေ့ကျင့်မှုကလေးမှာ ကျင်း စိမ်ရိုက်ချက်ခံစားမှု ပိုမိုတိုးတက်လာစေရန်ဖြစ်ပါသည်။

ပုံတွင် ဖော်ပြထားသလို  ပတ်တာခေါင်း ထိပ်နှင့် ရိုက်၍ကျင်းစိမ်လေ့ကျင့်ပါ။ ထိုမျသေးငယ်သော ထိပ်ဘက် မျက်နှာပြင်ကလေး အားသုံးခြင်းဖြင့် သင့်အာရုံစူးစိုက်မှုကို ပိုမိုစေပြီး မိမိရရ ရိုက်ဖြစ်စေရေးကို တွန်းအားပေးရာ ရောက်ပါသည်။ အကြိမ်များစွာ ထိပ်ဖြင့်ထိုး၍ ရိုက်ပြီးသည့် အခါ ပတ်တာအား ပုံမှန်အနေအထား ပြန်ကိုင်ကာ ပုံမှန်အတိုင်းပြန်၍ ကျင်းစိမ်ကြည့်ပါ။ ပတ်တာမျက်နှာပြင် ၏အလယ်တည့်တည့်ဖြင့် အကြိမ်တိုင်း ဂေါက်သီးကို သင် ရိုက်မိလာကြောင်း တွေ့ရပါလိမ့်မည်။

 

ရည်မှန်းချက်ဖြင့် လေ့ကျင့်ဆွင်းလွှဲပါ

7 copy

တပည့်များအား သင်ခန်းစာပြသနေသော အချိန်များတွင် မကြာခဏပင် တွေ့မြင်ရသည်မှာ သူတို့သည်လေ့ကျင့်ဆွင်း လွှဲနေရာ၌ ရိုက်တော့မည့် ကျင်းစိမ်ချက်နှင့် မလျော်ညီသော ဆွင်းကို လွှဲနေကြခြင်းကိုဖြစ်ပါသည်။ အများအားဖြင့် တို တောင်းသော ပတ်တင်လုပ်ရမည့်အချိန်တွင် ရှည်လွန်းစွာ အကြိုဆွင်းလွှဲနေလေ့ရှိကြသည်။ သို့မဟုတ်ပါကလည်း ကွေ့ ဝိုက်ဝေးကွာသော ကျင်းစိမ်ချက်ရိုက်ခါနီးတွင် သုံးပေပတ်သွင်းရ မလိုမျိုး လေ့ကျင့်ဆွင်း လွှဲနေတတ်ကြသည်။ တကယ့်ရိုက်လိုက် သည့်ရိုက်ချက်မှာ လေ့ကျင့်ဇာတ်တိုက်ထားသည့်ပုံစံနှင့် ကွဲလွဲ နေပါသည်။ မာရသွန်တာဝေး ပြေးပွဲဝင်မည့် အပြေးသမားက တာတိုအမြန် ပြေးချက်များလုပ်ကာ သွေးပူလေ့ကျင့်နေသလိုမျိုး ဖြစ်နေပါသည်။

အကြိုလေ့ကျင့်ဆွင်းလွှဲခြင်းဟူသည် တကယ်ရိုက်ရ မည့် ကျင်းစိမ်ရိုက်ချက်အကွာအဝေးပေါ် ခံစားသိရှိရန် လုပ်နေ ခြင်းပါလားဟူသောအချက်အား စိတ်ထဲ၌ စွဲမှတ်ထားရန်မှာ အရေးကြီးလှပါသည်။ သွေးပူရုံသက်သက် လေ့ကျင့်ဆွင်းမလွှဲပါ နှင့်။ တကယ်ရိုက်မည့် ပုံစံအတိုင်း လေ့ကျင့်ဆွင်းလွှဲပါ။ အကြိမ် အနည်းငယ်ထပ်တလဲလဲ အလွတ်ဆွင်းလွှဲပြီးနောက် ဂေါက် သီးဆီလျောက်ဝင်ကာ ထိုဆွင်းမှန်အတိုင်း ရိုက်လိုက်ခြင်းက ပတ်တင်ရိုက်ချက်မှာ များစွာ လွယ်ကူစေပါလိမ့်မည်။

 

ညာတစ်ဖက်တည်း

8 copy

ညာလက်တစ်ဖက်တည်းဖြင့် ပတ်တာကို ကိုင်ထား၍ လွှဲရိုက်ခြင်းသည် အရိုက်ခံထားမှုအပေါ် ပိုနားလည်စေရန် အထောက်အကူပြုပြီး ချောမွေ့၍ ဖြောင့်တန်းသောအလိမ့် ကလေးကို ဖြစ်ပေါ်စေပါသည်။ ဘာကြောင့်ပါနည်း။ လက် နှစ်ဖက်ကြောင့် ဂေါက်သီးအား အရိုက်တွင် ဆတ်ရိုက်မိခြင်း၊ အရှိန်လျော့ကျခြင်းများ ဖြစ်ပေါ်တတ်၍ပါ။ လက်တစ်ဖက် တည်းနှင့် ရိုက်ပါလျင်မူ သင့်လက်မောင်းလက်တံသည် လီဗာတစ်ခုကဲ့သို့ နောက်သို့လွှဲပြီးနောက် ရှေ့ဘက်သို့ အရှိန်တင်ရပါတော့မည်။ ကောင်းသည့်အချက်ပါ။

ညာတစ်ဖက်တည်းနှင့် လွှဲရိုက်ခြင်းသည် နာရီ ချိန်သီးပုံစံလှုပ်ရှားမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤပုံစံ က တိကျမှုနှင့် တစ်သမတ်တည်း လက်မှန်မှုကို တိုးတက် စေပါသည်။ တုတ်ခေါင်းအားလည်း ပတ်မှတ်လိုင်းဆီသို့ လွှတ်ထုတ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်တစ် ဖက်တည်းကိုင်ထားမှုကြောင့် လွှဲနေသည့်တုတ်ခေါင်း၏ အရှိန်အဟုန်ကို ရပ်ပစ်ရန် မလွယ်တော့၍ပါ။ အရှိန်ကျ သွားခြင်းအစား အရှိန်မြှင့်၍ ရိုက်ခြင်းသည်လည်း ကောင်း ချက်တစ်ရပ်ပါ။

တတိယအကျိုးကျေးဇူးတစ်ရပ်မှာ အကွာအဝေး အမှန်းအဆပိုကောင်းမွန်လာပြီး အထိအတွေ့အတို့အဆိတ် ပိုကောင်းလာခြင်းဖြစ်ပါသည်။ သင့်လက်ကောက်ဝတ်သည် တောက်လျောက်တောင့်ခံနေသည်ကိုလည်း တွေ့ရပါမည်။ လက်ကောက်ဝတ်လှုပ်ရှားမှုပါလာပါက သင့်ရိုက်ချက်မှာ  ဆိုးရွားစွာ ယွင်းလွှဲသွားပါလိမ့်မည်။ သင့်လက်ကောက်ဝတ် ကစားလိုက်မိ ခြင်းသည် အရိုက်တွင် အမြန်နှုန်းတိုးသွားပြီး အကွာအဝေးအချိန်အဆလည်း ပျက်သွားပါလိမ့်မည်။ လက်တစ်ဖက်တည်းဖြင့် မိမိရရ ပုံပန်းကျကျ ရိုက်နိုင်လာပြီဆိုပါလျင် သင့်လက်ကောက်ဝတ်များ အနေအထားမှန်နေ ပြီဟု ဆိုနိုင်ပါပြီ။

နောက်ဆုံးအချက်မှာ ညာလက်တစ်ဖက်တည်း လေ့ကျင့်မှုသည် ယုံကြည်မှုကိုရရှိစေခြင်း ဖြစ်ပါသည်။ တစ်သမတ်တည်း လက်မှန်မှု၊ အကွာအဝေးအမှန်းအဆနှင့် လိုရာဆီ ရိုက်နိုင်မှုများ တိုးတက်လာပြီ ဆိုပါလျင် ကျင်းစိမ်ရန် သင်ကြည့်လိုက်သည့်အရာအားလုံးအား ဝင် အောင်သွင်းနိုင်မည်ဟူသော ယုံကြည်မှု တိုးတက်လာပါလိမ့်မည်။

 

တုတ်ခေါင်းမျက်နှာပြင်နှင့် ဦးစွာချိန်ရွယ်ပါ

1-C58D5790-lg copy 2-C58D5793-lg copy 3-C58D5795-lg copy 4-C58D5799-lg copy

မကြာခဏ မြင်တွေ့ရသည်မှာ ဂေါက်သီးသမားများသည် ကျင်းစိမ်ရန် ဂေါက်သီးဆီလျောက်သွားပြီးနောက် ဂေါက်သီး နောက်၌ တုတ်ခေါင်းချလိုက်ပြီးသည့်အခါတွင်မှ ခြေချကွက် ကို ပြန်လည်နေရာပြင်ကြခြင်းဖြစ်ပါသည်။ အဆိုပါ ချိန်ညှိ မှုများပြုလုပ်ပြီးသည့်အခါ သေချာကျနစွာ ချိန်တွယ်ထားပြီဟု သူတို့ထင်တတ်ကြသည်။ အမှန်တကယ်တွင် သူတို့၏ကိုယ် လုံးလမ်းကြောင်း၊ ပစ်မှတ်လမ်းကြောင်းနှင့် ပတ်တာလမ်း ကြောင်းတို့မှာ တစ်ခုနှင့်တစ်ခုလိမ်ဖည်ဖြတ်သန်းလျက်ရှိနေကြပါတော့သည်။ ဘာကြောင့်ပါနည်း။ သူတို့သည် အရေး အကြီးဆုံးအစိတ်အပိုင်းအား မချိန်ရွယ်ခဲ့ခြင်းကြောင့်ပါ။

ဂေါက်သီးကမည်သည့်ဘက်သို့ ကျိုးဆင်းမည်ကို တွက်ချက်ပြီးနောက် ထိုလမ်းကြောင်းအတိုင်း ဂေါက်သီးကို ချတည်ပြီးသည့်အခါ ပတ်တာတုတ်ခေါင်းအား ပစ်မှတ်လိုင်း တည့်တည့်သို့မှန်းရွယ်လျက် ဂေါက်သီးနောက်တွင် တုတ် ခေါင်းချထားလိုက်ပါ။ ပြီးနောက် ဂေါက်သီးထံမှ ကျင်းပေါက် ထဲအထိ မြင်ယောင်မှန်းဆထားသောလမ်းကြောင်းကို ကြည့် လိုက်ပါ။ ထိုသို့ကြည့်ပြီးသည့်အခါတွင်မှ (အခြားမည်သည့် အချိန်တွင်မှ မစတင်ပါနှင့်) သင့်ခြေထောက်များအား ပစ် မှတ်လိုင်းနှင့်အပြိုင် နေရာချလိုက်ပါ။ ပြီးလျင် ရိုက်နိုင်ပါပြီ။ သင့်ကိုယ်လုံးလမ်းကြောင်း (ခြေထောက်လမ်းကြောင်း အပါ အဝင်) များသည် ပစ်မှတ်လိုင်းနှင့် အပြိုင်ဖြစ်နေသည့်အခါ ဂေါက်သီးကို မှန်ကန်သောလမ်းကြောင်းအတိုင်း စတင်ပို့ လွှတ်ရန် များစွာလွယ်ကူလာပါလိမ့်မည်။

ဝင်းမြင့်သိန်း