ဆုအတော်များများရရှိထားတဲ့ နာမည်ကျော် ASIAN Geographic မဂ္ဂဇင်းကိုထုတ်ဝေနေတဲ့ ASIAN Geographic Magazines ကို ဦးဆောင်နေသူကတော့ မြန်မာလူမျိုး ဦးကျော်သက် (John Thet) ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ASIAN Geographic Magazines Pte Ltd ရဲ့ Publisher နဲ့ Editorial Director အဖြစ် တာဝန်ယူထားတဲ့ဦးကျော်သက်ဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ကုမ္ပဏီတည်ထောင်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး Chief Operation Officer ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ကာ Creative Director, Photo Editor နဲ့ Editorial Advisor အဖြစ်ပါ တာဝန်ယူလုပ်ကိုင်ခဲ့ပါ တယ်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာတော့ ASIAN Geographic မဂ္ဂဇင်းရဲ့ Publisher အဖြစ်တာဝန်ယူခဲ့ပြီး သူ့ရဲ့ဦးဆောင် မှုအောက်မှာ ASIAN Geographic မဂ္ဂဇင်းဟာ Editorial အပိုင်းမှာရော Art Direction အပိုင်းမှာပါ ဆုအတော်များများရရှိခဲ့ပြီး ပိုမို အောင်မြင် လာခဲ့ပါတယ်။ ဦးကျော်သက်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
ကုမ္ပဏီတည်ထောင်ဖြစ်ခဲ့ပုံ ကျွန်တော်စာပေထုတ်ဝေရေးလောကမှာ လုပ်ကိုင်နေတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ စင်ကာပူကို ၁၉၉၀ ပြည့်နှစ် ကုန်ပိုင်းလောက်မှ ကျွန်တော်ရောက်ရှိခဲ့ပြီး Multi Media ကို လေ့လာနေတဲ့အချိန်မှာ Singapore Soccer Magazine ကို ထုတ်ချင်နေတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူက ကျွန်တော့်ကို အတူတူအလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ အားကစားစာပေထုတ်ဝေရေးလုပ်ငန်းကို ကျွန်တော်တို့ တည်ထောင်ခဲ့ပါတယ်။ Singapore Sport Council က ထုတ်ဝေတဲ့မဂ္ဂဇင်းတွေအပါအဝင် စင်ကာပူမှာ အားကစားနဲ့ပတ်သက်တဲ့ စာပေအများစုကို ကျွန်တော်တို့ထုတ်ဝေခဲ့တာ ဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ သြစတြီးယားလူမျိုးနှစ်ဦး (ဓာတ်ပုံ ဆရာနဲ့အယ်ဒီတာ) နဲ့ကျွန်တော်တွေ့ဆုံခဲ့ပါတယ်။ သူတို့က Asian Geographic Magazine ကို ထုတ်ဝေမှု ပမာဏနည်းနည်းလေးနဲ့ စတင်ခဲ့ပြီး Asian Geographic Magazine အမှတ်စဉ် ၆ ကို ထုတ်ဝေထားပြီးတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့်ကျွန်တော်က Asian Geographic အမှတ်စဉ် ၇ မှာ သူတို့နဲ့အတူ စတင်လုပ်ကိုင်ခဲ့ တာဖြစ်တယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှာဆိုရင် Asian Geographic ရဲ့အမှတ်စဉ် ၁၀၀ မြောက်မဂ္ဂဇင်း ကိုထုတ်ဝေမှာဖြစ်တယ်။မဂ္ဂဇင်းတွေအကြောင်း
ASIAN Geographic Magazines Pte Ltd ရဲ့အောက်မှာ ASIAN Geographic ၊ ASIAN Geographic JUNIOR၊ ASIAN Geographic THE READ ၊ ScubaDiver AUSTRALASIA ScubaDiver THROUGH THE LENS နဲ့ Asian Diver ဆိုတဲ့မဂ္ဂဇင်းခြောက်မျိုးကို ထုတ်ဝေလျက် ရှိပါတယ်။ အဲဒီမဂ္ဂဇင်းတွေဟာ MPAS Magazine Awards 2012 ကချီးမြှင့်တဲ့ Overall Magazine of the year 2012 ဆုအပါအဝင် ဒေသတွင်းရော နိုင်ငံတကာမှာပါ ဆုပေါင်း ၂၈ ခုရရှိထားပါတယ်။ Asian Geographic ကို ၁၉၉၉ ခုနှစ်က စတင် ထုတ်ဝေခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အာရှရဲ့အကောင်းဆုံးအရာတွေကို ကမ္ဘာကြီးကို ချပြချင်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ယဉ်ကျေးမှုအမွေ အနှစ်တွေကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စတွေ၊ လူ့အဖွဲ့အစည်းရဲ့ ဦးတည်ချက်လားရာအကြောင်းကိစ္စတွေအထိ အာရှရဲ့အလှတရားအားလုံးကို ဖော်ထုတ်ခွင့်ရတဲ့အတွက် ဂုဏ် ယူမိပါတယ်။ Asian Geographic မှာ Editorial ပိုင်း နဲ့ပတ်သက်ပြီး စံနှုန်းတွေကို တစ်သမတ်တည်းအာရုံစိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ Asian Geographic ဟာထုတ်ဝေတဲ့ Issue တိုင်းမှာ ကွဲပြားခြားနားတဲ့ Theme တစ်ခုစီနဲ့ထုတ်ဝေပြီး အရည်အသွေးစံနှုန်းမြင့်မားတဲ့ဖန်တီး မှုလက်ရာတွေကို စုစည်းထားခြင်းဖြစ်တယ်။ Asian Geographic ဟာ ဘယ်တော့မှ ဆွဲဆောင်မှုယုတ်လျော့သွားမှာ မဟုတ်တဲ့ အာရှဒေသရဲ့ အတိတ်သမိုင်းကိုလှစ်ဟပြသ သလို လက်ရှိအချိန်နဲ့ အနာဂတ်ကိုလည်း စာဖတ်ပရိသတ်တွေကို ဆွဲဆောင်ရုံ သက်သက်မဟုတ်ဘဲ သတင်းအချက် အလက်ပေးခြင်းနဲ့ပညာပေးခြင်းစတဲ့စိတ်ဝင်စားဖွယ်နည်းလမ်းကို အသုံး ပြုပြီး ဖော်ထုတ်တင်ဆက်နေပါတယ်။ ဒေသတွင်း ဦးဆောင်တဲ့ Geographical Magazine ဖြစ်တဲ့အလျောက် အာရှရဲ့အချိန်နဲ့တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အရာတွေကို ကျွန်တော်တို့သိရှိထားပြီး စာဖတ်ပရိ သတ်တွေကို အလွန်တရာ စိတ်လှုပ်ရှားစေမယ့် ဇာတ်လမ်းတွေနဲ့ရုပ် ပုံတွေကို ဖန်တီးနိုင်ဖို့အတွက် ဆုရ Contributor တွေနဲ့အတူ အာရှဒေသကို စူးစမ်းလေ့လာပြီး တင်ဆက်နေပါတယ်။ Print Media ရဲ့အနာဂတ်အလားအလာ App တွေနဲ့ e-magazine တွေ အများကြီး Online မှာ ရရှိနေပြီဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် Print Media အများစုဟာ ရပ်တည်နိုင်ဖို့ နည်းလမ်းတွေရှာဖွေလာကြပြီ လို့ဆိုရမှာဖြစ်တယ်။ ဒါပေမဲ့ ပညာရေး၊ ဖက်ရှင်၊ သတင်းနဲ့ အခြားအမျိုးမျိုးသော Media တွေအနေနဲ့ ချဉ်းကပ်လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းအမျိုးမျိုး လိုအပ် တဲ့အတွက် ဘယ်လို Print Media မျိုးကို လုပ်ကိုင်နေတယ်ဆိုတဲ့အပေါ်မှာလည်း အများကြီးမူတည်နေပါသေး တယ်။ Print Media ရဲ့အနာဂတ်ကတော့ သိပ်မလွယ်ကူပါဘူး။ ကြိုးစားအားထုတ်မှုအများကြီး လိုအပ်လာနေ ပြီဖြစ်သလို ကိုယ့်ရဲ့စာဖတ်ပရိသတ်က ဘယ်သူတွေဖြစ်တယ်၊ သူတို့က ဘာတွေလိုအပ်တယ်ဆိုတာကို ဆက်လက်ရှာဖွေဆန်းစစ်ဖို့ လိုလာပြီဖြစ်တယ်။ Social Media နဲ့ အင်တာနက်စာပေထုတ်ဝေရေးနယ်ပယ်က နေ အခမဲ့စာပေအရင်းအမြစ်တွေ ရရှိလာနေပြီဖြစ်တဲ့အတွက် ကိုယ့်ရဲ့စာပေထုတ်ဝေရေးကလည်း ကွဲပြား ခြားနားမှုရှိဖို့လိုအပ်လာပြီဖြစ်တယ်။ ဈေးကွက်ထဲမှာ ရောင်းတန်းဝင်အောင် ကိုယ့်ရဲ့ Content တွေကို အရည်အသွေး ကောင်းမွန်အောင် ပြုလုပ်ရတော့မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့စာဖတ်ပရိသတ်အတွက် ပိုကောင်း တာတွေကို ဖန်တီးပေးဖို့လိုလာပြီ ဖြစ်တယ်။ Asian Geographic က စီစဉ်ကျင်းပတဲ့ပွဲတွေ Asian Geographic ကဦးစီးပြီး Asia Without Borders ဓာတ်ပုံပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပနေပြီး အခု နိုင်ငံပေါင်း ၁၀၄ နိုင်ငံက ဒီဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ မြန်မာနိုင်ငံကဓာတ်ပုံဆရာတွေ လည်းပါပါတယ်။ Grand Prize ကို အမေရိကန်ဒေါ်လာငါးထောင် သတ်မှတ်ထားပြီး လူတိုင်း ဝင်ရောက်ယှဉ် ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး www.asiangeo.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ Asian Geographic က ကြီးမှူးပြီး Asia Dive Expo(ADEX) ကို နှစ်တိုင်း စင်ကာပူမှာကျင်းပပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ်မှာ ADEX ကို ဧပြီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ စင်ကာပူ နိုင်ငံ Marina Bay Sands မှာ ကျင်းပမှာဖြစ်တယ်။ ဒီပွဲကို ကမ္ဘာတစ်ဝန်းက ခရီးသည်ပေါင်း ၃၈,၀၀၀ ကျော် လာရောက်ကြည့်ရှုပြီး ဒိုင်ဗင်အားကစား၊ ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေကြောင်းသဘာ၀ ပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း၊ ရေအောက်ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ကျွန်တော်တို့ပြသပါတယ်။ www.uw3some.com/ADEX မှာ လေ့လာနိုင်ပါတယ်။ မြန်မာနိုင်ငံပြင်ပမှာ စာပေထုတ်လုပ်သူတစ်ယောက်အနေနဲ့လေ့လာသင်ယူခဲ့ရတဲ့အတွေ့အကြုံတွေ ယေဘုယျအားဖြင့် နည်းပညာပိုင်းနဲ့မီဒီယာစီးပွားရေး ဘယ်လိုလုပ်သလဲဆိုတာကို လေ့လာခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်အပေါ်မှာပဲအခြေပြုပါစေ ကိုယ်က မီဒီယာလုပ်ငန်းလုပ်တာဖြစ်တဲ့အတွက် မီဒီယာစည်းမျဉ်းစည်းကမ်း တွေအတိုင်း လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ဖို့လိုပါတယ်။ လုပ်ငန်းနယ်ပယ်တိုင်းမှာတော့ သက်ဆိုင်ရာစည်း မျဉ်းစည်းကမ်းတွေရှိပြီး စာပေထုတ်ဝေရေးမှာလည်း နိုင်ငံတကာစံနှုန်းဘယ်လိုရှိသလဲဆိုတာကိုလေ့လာပြီး လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ 2013- Asian Publishing Awards 2013 Gold Award
- Asian Publishing Awards 2012 Excellence Award
- Asian Publishing Awards 2012 Excellence Award
- Asian Publishing Awards 2012 Excellence Award
- Asian Publishing Awards 2012 Excellence Award
- Magazine Publishers Association Singapore (MPAS) 2012 Overall Magazine of the Year
- MPAS 2012 Editor of the Year
- MPAS 2012 Feature article of the Year (Consumer)
- MPAS 2012 Designer of the Year
- MPAS Best Special Edition of the Year (AG PASSPORT)
- WAN IFRA Best in Infographics Award
- WAN IFRA Best in Design Award
- MPAS Award 2011 for Best Editor of the Year Award
- MPAS 2010 Best Visual Spread/
- Photography of hte Year
- MPAS 2010 Magazine of the Year (Bronze Award)
- MPAS 2010 Best Front Cover Design of the Year
- MPAS 2010 Best Feature Story of the Year
- MPAS 2010 Travel Magazine of the Year (AG PASSPORT)
- MPAS 2010 Best New Magazine of the Year (AG JUNIOR)
- WAN IFRA 2010 Best in Photojournalism Award
- Asian Publishing Awards 2010, Excellence Award (Runner-Up) Design and Layout Category
- MPAS Award 2009 for Best Visual Series/Photography
- Asia Travel & Tourism Creative Awards 2006
- Genesis Award USA) for "Bear Witness" Feature story on Conservation in Asian Geographic