Pricewaterhouse Coopers (PwC) ဆိုတာ . . .
PwC ဆိုတာ နိုင်ငံတကာမှာတော့ Auditing ၊ Advisory နဲ့ Consulting ပိုင်းဆိုင်ရာ Professional Service တွေ ပေးနေတဲ့ Global Professional Service Firm တစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာအကြီးဆုံး Professional Service Firm လေးခု (Big Four Firm) ထဲမှာ အကြီးဆုံးတစ်ခုဖြစ်ပြီး လက်ရှိနိုင်ငံပေါင်း ၁၅၈ နိုင်ငံမှာ ဝန်ထမ်းပေါင်း နှစ်သိန်းကျော် တာဝန်ထမ်းဆောင်နေပါတယ်။ Big Four Firm တွေအားလုံးက Network Firm တွေပါ။ Big Four Firm တွေက ပုံမှန်အားဖြင့် သက်ဆိုင်ရာနိုင်ငံတွေမှာ မိမိ Global Network ရဲ့ Member Firm တွေအဖြစ် တည်ရှိပြီး ဝန်ဆောင်မှုတွေပေးပါတယ်။
PwC ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ အခြေစိုက်ပြီး Firm ကို ၁၉၉၈ ခုနှစ်မှာ Coopers & Lybrand နဲ့ Price Waterhouse ကုမ္ပဏီနှစ်ခု Merger လုပ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ Rebranding လုပ်တဲ့အနေနဲ့ Firm နာမည်ကို PwC ဆိုပြီး စတင်အသုံးပြုခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ PwC ဟာ အမေရိကန်နိုင်ငံမှာ ခြောက်ခုမြောက် အကြီးဆုံးပုဂ္ဂလိကပိုင် အဖွဲ့အစည်းဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ စုစုပေါင်း အမြတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅.၄ ဘီလီယံ ရခဲ့ပါတယ်။
PwC International ကပေးနေတဲ့ Service တွေ . . .
ဝန်ဆောင်မှုပေးနေတဲ့ Service တွေကတော့ Advisory ၊ Audit and Assurance ၊ Entrepreneurial and Private Clients ၊ Family Business ၊ IFRS ၊ Legal ၊ People and Organization ၊ Sustainability & Climate Change နဲ့ Tax တို့ ဖြစ်ပါတယ်။
PwC International Ltd ရဲ့ Chairman Dennis M.Nally . . .
Dennis M.Nally ဟာ PwC ရဲ့ Chairman အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ Western Michigan University ကနေ ဘွဲ့ရခဲ့ပြီး Columbia University နဲ့ Penn State University ရဲ့ Executive Program တွေကိုလည်း အောင်မြင်ခဲ့ပါတယ်။ သူဟာ နိုင်ငံတကာ Client တွေရဲ့ Industry အတော်များများမှာ အတွေ့အကြုံရှိပြီး Technology and Life Sciences ပိုင်းကို အထူးပြုပါတယ်။
Pricewaterhouse Coopers Myanmar Co Ltd (PwC Myanmar)
PwC Myanmar ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာနိုင်ငံမှာ စတင်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည်ဖွင့်ပေးလိုက်တဲ့အချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေ ဆက်တိုက်ရောက်ရှိလာတယ်။ PwC ကလည်း နိုင်ငံတကာမှာရှိတဲ့ အတွေ့အကြုံတွေနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို ဝန်ဆောင်မှုတွေ ပေးနိုင်အောင် မြန်မာနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက မြန်မာနိုင်ငံမှာ PwC ရဲ့ Network Firm ရှိခဲ့ပါတယ်။ ဒါပေမဲ့ Sanction ကြောင့် ထွက်သွားခဲ့ရတာပါ။
မြန်မာနိုင်ငံမှာပေးနေတဲ့ Service တွေ . . .
မြန်မာနိုင်ငံမှာ နိုင်ငံခြားက Professional Service Firm တွေကို Auditing ပေးမလုပ်သေးပါဘူး။ အဲဒီအတွက်ကြောင့် PwC Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ Auditing Service မလုပ်ပေးသေးပါဘူး။
Auditing Service ကလွဲပြီး PwC Network Firm တွေကပေးတဲ့ Advisory and Consulting နဲ့ပတ်သက်တဲ့ Professional Service တွေအကုန်လုံးကိုတော့ ဝန်ဆောင်မှုပေးနေပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ Auditing က နှစ်မျိုးနားလည်လို့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအက်ဥပဒေအရ လိုအပ်တဲ့ နှစ်ငွေစာရင်းရှင်းတမ်း (Statutory Audit) အတွက် စာရင်းစစ်ခြင်းနဲ့ လုပ်ငန်းကိစ္စတစ်ခု လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီးစာရင်းစစ်ခြင်း (Special Purpose Audit) ဆိုတာ ရှိပါတယ်။ Statutory Auditing ကတော့ လုံးဝလုပ်လို့မရတဲ့အတွက် လုံးဝမလုပ်ပါဘူး။ ဒီ Statutory Auditing က ပြည်တွင်းက ပြည်သူ့စာရင်းကိုင်လက်မှတ်ရ မြန်မာနိုင်ငံသားတွေပဲ လုပ်ကိုင်ခွင့်ရှိပါတယ်။ ပြည်ပက လက်မှတ်ရစာရင်းကိုင်က မြန်မာဖြစ်ပေမယ့်လည်း လုပ်ပိုင်ခွင့်မရှိပါဘူး။ နိုင်ငံခြားစာရင်းကိုင် အဖွဲ့တွေကိုလည်း လုပ်ပိုင်ခွင့်မပေးထားပါဘူး။ Special Purpose Audit ဆိုတာကတော့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေက JV လုပ်ဖို့ဖြစ်စေ၊ နိုင်ငံခြားဘဏ်တွေက Borrowing လုပ်ဖို့ဖြစ်စေ လုပ်ငန်းရဲ့စာရင်းဇယားတွေကို International Financial Reporting Standard (IFRS) နဲ့အညီ ပြင်ဆင်ချင်တဲ့အခါ PwC Myanmar က ဒီဝန်ဆောင်မှုမျိုးကိုမလုပ်ပေမဲ့ သက်ဆိုင်ရာကုမ္ပဏီတွေက တောင်းဆိုရင် PwC Singapore က ရံဖန်ရံခါ လာရောက်ပြီး ဝန်ဆောင်မှုပေးပါတယ်။ ဒါကြောင့် အတိုချုပ်အနေနဲ့ပြောရင် PwC Myanmar အနေနဲ့ Auditing ကို မလုပ်ပါဘူး။
PwC ရဲ့တခြား Service တွေဖြစ်တဲ့ Advisory နဲ့ Consulting Service တွေနဲ့ပတ်သက်တဲ့ Professional ဝန်ဆောင်မှုတွေတော့ ပေးပါတယ်။ Advisory ဆိုရင်တော့ ဝန်ဆောင်မှု Scope က အလွန်ကျယ်ပါတယ်။ အသေးစိတ်တော့မပြောတော့ပါဘူး။ ဒီဝန်ဆောင်မှုတွေထဲမှာ ဥပမာအားဖြင့် Corporate Finance ၊ Financial Modelling တည်ဆောက်ပေးပြီး Business Case တွေ ရေးဆွဲပေးတာ၊ ကုမ္ပဏီနှစ်ခုပေါင်းစည်းတဲ့ လုပ်ငန်းရပ်တွေ (Merger & Acquisition Transition တွေ) မှာ Financial and Tax Due Diligence တွေ ဝန်ဆောင်မှုလုပ်ပေးတာ၊ ကုမ္ပဏီနှစ်ခု ပေါင်းပြီးချိန်မှာ Financial Setup တွေကို စနစ်တကျဖြစ်အောင် ဆက်လက်လုပ်ဆောင်ပေးတာ စတာတွေ အများကြီးပါဝင်တယ်။
Consulting ပိုင်းအနေနဲ့ကတော့ Business Process Reengineering နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုမျိုး များပါတယ်။ ကုမ္ပဏီတွေ Business Restucturing လုပ်တာ၊ Group Restructuring လုပ်တာ၊ ကုမ္ပဏီတွေရဲ့ Internal Infrastructure ကို နိုင်ငံခြားကုမ္ပဏီတွေနဲ့အညီ ဖြစ်လာအောင် ပြင်ဆင်ပေးတာ စတာတွေ လုပ်ပါတယ်။
Client တွေနဲ့ သူတို့ကိုပေးတဲ့ Service တွေ . . .
PwC ရဲ့ Client တွေထဲမှာ ပြည်တွင်းကုမ္ပဏီတွေ၊ နိုင်ငံခြားကုမ္ပဏီတွေ၊ NGO တွေနဲ့ အစိုးရလည်း ပါပါတယ်။ ပြည်တွင်းကုမ္ပဏီတွေကို အများအားဖြင့် Business Process Reengineering တွေ၊ Mergers & Acquisition Transition တွေ လုပ်ပေးတာများတယ်။ ပြည်တွင်းကုမ္ပဏီအနေနဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းရာမှာ လိုအပ်တဲ့ပြင်ဆင်ချက်တွေ လုပ်ပေးပါတယ်။ နောက်ပြီး အခုဆိုရင် Stock Exchange မှာ Listed လုပ်ချင်တယ် ဆိုရင် ပြင်ဆင်ဖို့ လိုအပ်တာတွေကို လုပ်ပေးတယ်။ International Financial Reporting Service (IFRS) လည်း လုပ်ပေးတယ်။ နောက်ပြီး Fund Raising လုပ်ချင်တဲ့အခါ Corporate Finance Advisory အောက်ကနေ လုပ်ပေးပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေကိုတော့ အများအားဖြင့် Financial Due Diligence နဲ့ ပတ်သက်တာတွေ လုပ်ပေးဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံထဲကို ဝင်လာတဲ့အခါမှာ Sector အလိုက် လိုအပ်တဲ့ Market Entry Strategy လုပ်ပေးပါတယ်။ ကုမ္ပဏီဖွဲ့စည်းတာကစလို့ Market အခြေအနေ ဘယ်လိုရှိလဲ၊ ကုမ္ပဏီ Structure ဘယ်လိုလုပ်ရမယ်ဆိုတာအထိ လုပ်ပေးပါတယ်။ IT နဲ့ ပတ်သက်တဲ့ Consulting လည်း လုပ်ဖြစ်ပါတယ်။ ဒီမှာရုံးခန်းလာဖွင့်တဲ့အခါ နိုင်ငံခြားမှာရှိတဲ့အတိုင်း IT Structure ပြုလုပ်ပေးပါတယ်။ Software ထည့်ပေးတာမျိုး မဟုတ်ဘဲ System Blueprint ရတဲ့အထိ လုပ်ပေးတဲ့ IT Consulting ပါ။ နောက်ပြီး Local Partner ရှာချင်တယ်ဆိုရင် ကိုယ့်ရဲ့ Client Network ထဲကနေ Identify လုပ်ပြီးတော့ သက်ဆိုင်ရာ Business အတွက် Partner ရှာပေးတာမျိုး လုပ်ပေးပါတယ်။
အစိုးရအတွက်ကတော့ Pro Bono Business လုပ်ပေးတာတွေရှိတယ်။ White Paper လုပ်ပေးတယ်။ ဥပမာ - အစိုးရက အခွန်ကောက်ခံချင်တယ်ဆိုရင် International Best Pracitces ဘာတွေရှိသလဲ၊ International မှာ အခွန်ဘယ်လိုကောက်သလဲ၊ ဘယ်လို Regulate လုပ်သလဲ စတာတွေပါတဲ့ White Paper ထုတ်ပေးတယ်။ အများဆုံး လုပ်ဖြစ်တာကတော့ Bid Advisory လို့ခေါ်တဲ့ တင်ဒါထုတ်တော့မယ်ဆိုရင် တင်ဒါလုပ်ငန်းစဉ်တစ်ခုလုံးအတွက် Advice ပေးပြီး Handle လုပ်ပေးပါတယ်။ တင်ဒါအောင်တဲ့သူကို ရွေးချယ်ပြီး စာချုပ်ချုပ်ပြီးတဲ့အထိ လုပ်ပေးပါတယ်။ နောက်တစ်ခုက Project Management Office (PMO) ပါ။ တင်ဒါအောင်သွားတဲ့သူက စာချုပ်ထဲမှာပါတဲ့အတိုင်း Projcet တစ်ခုလုံးကို လုပ်သွားလားဆိုတာကို အစိုးရရဲ့ကိုယ်စား Mange လုပ်ပေးတာပါ။ ဒီ PMO ကို ပြည်တွင်းကုမ္ပဏီတွေရော၊ နိုင်ငံခြားကုမ္ပဏီတွေ အတွက်ပါ လုပ်ပေးရတာလည်း ရှိပါတယ်။ နောက်ပြီး အစိုးရကို တွင်တွင်ကျယ်ကျယ်လုပ်ပေးနေတာက Cooperatization ပါ။ နိုင်ငံပိုင်လုပ်ငန်းတွေ (State-owned Entreprise) ကို ပိုပြီး Competitive ဖြစ်အောင် ကော်ပိုရိတ်အသွင် (ကုမ္ပဏီအသွင်) ပြောင်းတာကို လုပ်ပေးတာပါ။ ဒါက Coperatization Process တစ်ခုလုံးကို အစအဆုံးလုပ်ပေးတာပါ။ ဒါကြောင့် PwC က Industry တွေ၊ Sector တွေ စုံစုံလင်လင်နဲ့ အတော်များများကို Service ပေးနေပါတယ်။
PwC Myanmar မှာ အဓိကတာဝန်ယူထားသူများ . . .
PwC Myanmar မှာ Local Lead Director အနေနဲ့ ဒါရိုက်တာ ဒေါ်သဇင်အောင် (Jasmine) က Advisory ရော၊ Consulting ပိုင်းပါ တာဝန်ယူဆောင်ရွက်ပေးနေပြီး Local Team တွေကို Lead လုပ်နေပါတယ်။ နောက်ထပ် Partner in Charge တစ်ဦးဖြစ်တဲ့ Mr Jovi Seet လည်း PwC Myanmar မှာ နှစ်ပတ်တစ်ကြိမ်လောက် လာရောက်လေ့လာပါတယ်။ PwC ကပေးတဲ့ Singapore နဲ့ PwC Global Network မှ သက်ဆိုင်ရာ Line of Service တွေအားလုံးရဲ့ Partner တွေကလည်း လိုအပ်တဲ့ Domain Knowledge ကို PwC Myanmar Team အတွက် လိုအပ်သလို အထောက်အကူလုပ်ပေးကြပါတယ်။ Tax Advisory ပိုင်းဆိုင်ရာကိုတော့ Taxation ကျွမ်းကျင်သူတွေနဲ့ အကြံပေးလုပ်ငန်းတွေ လုပ်ဆောင်ပါတယ်။ Non-tax Advisory မှာတော့ သက်ဆိုင်ရာအကြံပေးနဲ့ အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းတွေအလိုက် Specialization တွေနဲ့ ဖွဲ့စည်းထားတဲ့ Team တွေက အကြံပေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။
မြန်မာနိုင်ငံမှာအသုံးပြုတဲ့ Strategy . . .
PwC ရဲ့ Strategy တစ်ခုက Local Talent ကို အဓိက မွေးထုတ်ပေးတာဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ပြည်တွင်း SME တွေ၊ Conglomerate တွေ၊ နိုင်ငံခြားကုမ္ပဏီတွေ၊ အစိုးရနဲ့ NGO တွေ၊ World Bank နဲ့ IFC လို အဖွဲ့အစည်းတွေအားလုံးကို လိုအပ်သလို အကြံပေးလုပ်ငန်းတွေ လုပ်ဆောင်ရန်ဖြစ်ပါသည်။ ဒါကြောင့် PwC က အဖွဲ့အစည်းမျိုးစုံနဲ့ အလုပ်လုပ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးတည်ဆောက်မှု Landscape တွေကို ရှုထောင့်မျိုးစုံက နားလည်မှုရရှိပါတယ်။ International Development Aid (IDA) နဲ့ ပတ်သက်တဲ့ Donour Countries တွေရဲ့ Association တွေ၊ Organization တွေနဲ့လည်းတွဲပြီး Private and Public Sector Development တွေအတွက် အတိုင်ပင်ခံ အကြံပေးလုပ်တာတွေလည်း ရှိပါတယ်။ နောက်ပြီး လုပ်ငန်းခွင်မှာ Diversitg ကို လက်ခံထားတဲ့အတွက် Gender Balance ဖြစ်စေပါတယ်။
မြန်မာနိုင်ငံမှာကြုံတွေ့ရတဲ့ Challenges . . .
ပထမဆုံးအနေနဲ့ အားလုံးကြုံတွေ့နေရတဲ့ Human Capacity ပါ။ အရည်အချင်းပြည့်ဝတဲ့ Employee တွေရဖို့ တအားရှာရတယ်။ တခြားကတော့ အားလုံးလည်း ကြုံတွေ့ကြရတဲ့ Rules and Regulations တွေ မရှင်းတဲ့အခါ နားလည်ဖို့ ခက်ခဲတာတွေ ကြုံရပါတယ်။ Human Capacity အတွက် Training Professional အလုပ်ဖြစ်တဲ့အတွက် တခြား Commercial နဲ့ ကွာခြားတာက Ethics နဲ့ Compliance ကို ထိန်းသိမ်းပြီး လုပ်ရတာတွေများတယ်။ Localကနေ ဝန်ထမ်းတွေခန့်တဲ့အခါမှာ Step by Step Coaching လုပ်ပေးရပါတယ်။ Training အတွက် On Job နဲ့ Online ဆိုပြီး နှစ်မျိုးပေးပါတယ်။ တခြားနိုင်ငံကိုပို့ပြီး အလုပ်တွေထဲမှာထည့်ပြီး အတွေ့အကြုံရအောင် ပို့ပေးတာလည်းရှိပါတယ်။ Train လုပ်တဲ့အခါ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် အချိန်ပေးရတယ်။ နောက်တစ်ခုက English Communication ကောင်းတဲ့သူကိုပဲ ရွေးလို့ ရတယ်။ အလုပ်သဘောသဘာဝအရ Report Writing Skill တွေ၊ Presentation Skill တွေ အများကြီးလိုတယ်။ အဲဒီတော့ အင်္ဂလိပ်စာကောင်းရင်ရပြီ။ အလုပ်ကိုသင်ပေးရမယ်ဆိုတာကို စဉ်းစားထားပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုက စဉ်ဆက်မပြတ် Recruit လုပ်နေရတာပါ။ အလုပ်သဘာဝအရ အလုပ်ရှိမှ လူခန့်လို့ရတဲ့အလုပ်မျိုး မဟုတ်ပါဘူး။ အချိန်ယူပြီး Training ပေးရပါတယ်။
အားရကျေနပ်တဲ့ Project တစ်ခုအကြောင်း . . .
အခုလောလောဆယ် အကြံပေးလုပ်ဆောင်နေတဲ့ Coperatization Project ပါ။ Implementation Stage အထိ ရောက်နေပြီး ကိုယ်တိုင်ထဲထဲဝင်ဝင် ကိုယ့်နိုင်ငံအတွက် လုပ်ပေးရတဲ့အတွက် ဒီ Project ကို အားရပါတယ်။ အစိုးရဘက်ကလည်း ဒီအတွေ့အကြံုံကို တခြားဋ္ဌာနတွေအတွက် အများကြီး အထောက်အကူစံနမူနာပြုပြီး လုပ်လို့ရပါတယ်။ ဒီ Project ပြီးမှာကတော့ ၂၀၁၆ အကုန်မှဖြစ်ပေမဲ့ အဆင့်ဆင့်သွားတဲ့အခါမှာ တိုးတက်မှုတွေရှိနေပါတယ်။
အနာဂတ်အစီအစဉ် . . .
အနာဂတ်အစီအစဉ်ကတော့ Local Talent ကို ဒီထက်မက တိုးတက်လာအောင်လုပ်ဆောင်ဖို့နဲ့ တတ်နိုင်သမျှ Knowledge Transfer လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာလူမျိုးအသိပညာရှင်၊ အတတ်ပညာရှင် အများကြီးနဲ့ တည်ဆောက်ထားတဲ့ PwC Myanmar Firm အဖြစ် တည်ဆောက်သွားနိုင်အောင် လုပ်နိုင်ဖို့ပါ။ Community Works တွေကိုလည်း ပိုပြီးတော့ Participate လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အစိုးရကိုလည်း တတ်နိုင်တဲ့ဘက်က Best Practice Knowledge တွေ လိုအပ်ရင်လိုအပ်သလို ပံ့ပိုးပေးဖို့ရှိပါတယ်။
PwC Myanmar အကြောင်း အင်တာဗျူးဖြေပေးသော PwC Myanmar ၏ Director ဒေါ်သဇင်အောင်
(Jasmine) အား ကျေးဇူးတင်ရှိပါသည်။
နန္ဒာနေဝင်း