Chemical မပါဘဲ သဘာဝပစ္စည်းစစ်စစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ Prael Products တွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်နိုင်ဖို့ ဝန်ဆောင်မှုတွေပေးနေတဲ့ Prael Spa အကြောင်း မိတ်ဆက်ဖော်ပြလိုက်ပါတယ်။
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက် . . .
Prael Products တွေကို အိမ်မှာဝယ်သုံးဖို့ အချိန်မပေးနိုင်တဲ့သူတွေနဲ့ Prael Product တွေကို သိမ်းဆည်းရတာ အဆင်မပြေတဲ့သူတွေအတွက် Prael Spa မှာ အပန်းလည်းဖြေရင်း နုပျိုလှပမှုကို ထိန်းသိမ်းနိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။
ဆိုင်လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .
Prael Spa Yangon ရဲ့လိပ်စာက အမှတ် ၄ ၊ ရွှေတောင်ကြား ၁ လမ်း၊ ကမ္ဘောဇရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ် ၀၉- ၇၉၅၃၉၅၈၄၇ ကို ဆက်သွယ်နိုင်ပါတယ်။ www.facebook.com/Prael Spa Yangon မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ရရှိနိုင်တဲ့ဝန်ဆောင်မှုတွေက . . .
Collagen Facial Treatment တွေဆိုရင် Peeling Plus Collagen Facial ၊ Deep Cleaning ၊ Limits Spots & Blackheads ၊ Skin Perfection Facial ၊ Hydrating Treatment ၊ Collagen Supplement Facial ၊ Anti-Aging Facial နဲ့ Acne Recovery Facial စတာတွေ ရှိပါတယ်။ Luxury Therapy တွေဆိုရင် Prael Aroma Pregnancy Therapy က ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတတ်တဲ့ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ စိတ်ပင်ပန်းနွမ်းနွယ်တာတွေကို နာရီပိုင်းအတွင်း ဖြေဖျောက်ပေးမှာဖြစ်ပါတယ်။
လူကြိုက်များတဲ့ ဝန်ဆောင်မှုတွေဆိုရင် . . .
Facial Treatments တွေအားလုံးကို ကြိုက်ကြပါတယ်။
Treatment တစ်ကြိမ်ယူမယ်ဆိုရင် အချိန်ဘယ်လောက်ကြာပါသလဲ . . .
Prael Spa Yangon က Luxury Spa ဖြစ်လို့ Treatment တစ်ကြိမ်အတွက် တစ်နာရီ အချိန်ယူပါတယ်။ အဲဒီ တစ်နာရီအတွင်းမှာ ဝန်ဆောင်မှုပေးတဲ့သူကလည်း Customer တစ်ယောက်တည်းကိုပဲ ဝန်ဆောင်မှု အပြည့်အဝပေးပါတယ်။
Prael Spa ရဲ့ ထူးခြားချက် . . .
Prael Spa က ဥရောပက Prael Luxury Collagen Skincare Products တွေကို တင်သွင်းရောင်းချပြီး ဒီထုတ်ကုန်တစ်မျိုးတည်းကိုပဲ သုံးပါတယ်။ Prael Products တွေက Chemical လုံးဝမပါဘဲ သဘာဝပစ္စည်းစစ်စစ်တွေကို သုံးထားပါတယ်။ အဓိကသုံးထားတဲ့ ကုန်ကြမ်းဖြစ်တဲ့ Marine Collagen ကလည်း Active ဖြစ်နေတဲ့ နည်းပညာကို သုံးထားတာဖြစ်လို့ အပူချိန် ၂၅ ဒီဂရီကျော်လို့မရတဲ့အတွက် ရေခဲသေတ္တာထဲမှာ ထည့်ထားရပါတယ်။ ဒီအချက်တွေကြောင့် Prael Products က အရေးအကြောင်းတွေ၊ ဇရာအိုမင်းမှုတွေ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဈေးနှုန်းတွေက . . .
Facial Treatment တွေအတွက် ဈေးနှုန်းတွေက ၅၉,၀၀၀ ကျပ်ကနေ ၇၉,၀၀၀ ကျပ်အထိ ရှိပါတယ်။
ဆိုင်ဖွင့်ချိန် . . .
အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။ အချိန်အကြာကြီး မစောင့်ရစေဖို့အတွက် လိုချင်တဲ့အချိန်ကို ကြိုတင်ဖုန်းဆက်ပြီး Reservation လုပ်နိုင်ပါတယ်။
အနာဂတ်အစီအစဉ် . . .
မကြာခင်မှာ Prael က အသစ်ထွက်ရှိတဲ့ Product Series ကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
ရေဗက္ကာ