Power House Fitness Club

PowerHouse6

ဆိုင်တည်နေရာ . . .

ရန်ကုန်မြို့ ၁၉၂ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာလေးလွှာမှာတည်ရှိပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၉၆၆၆၆၃၁၈၉၊ ၀၉-၉၆၆၆၆၁၃၈၉ ကို ဆက်သွယ်နိုင်ပါတယ်။ အင်တာနက်စာမျက်နှာကတော့ Power House Fitness Club ကို ရိုက်နှိပ်ကြည့်ရူနိုင်ပါတယ်။

PowerHouse5

ဆိုင်ဖွင့်ချိန် . . .

နေ့စဉ်ပိတ်ရက်မရှိ နံနက် ၆ နာရီကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

PowerHouse4

ဈေးနှုန်း . . .

တစ်ယောက်ကို တစ်နေ့ချင်းစီအတွက် ကစားမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ၊ တစ်လစီ လစဉ်ကြေး ပေးသွင်းပြီး လာရောက်ကစားမယ်ဆိုရင် တစ်လကို ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။ ၃လ၊ ၆လနဲ့ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်းပြီးလည်း ကစားလို့ရပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၁၂၀၀၊ ခြောက်လဆိုရင် ဒေါ်လာ ၇၀၀ နဲ့ သုံးလဝင်မယ်ဆိုရင်တော့ ဒေါ်လာ ၄၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။

PowerHouse3

လာရောက်ကစားနိုင်တဲ့ ကစားနည်းတွေ . . .

Body  jam ၊ Hip hop ၊ Kick Boxing ၊ Hiit ၊ Bootcamp ၊ Belly dancing ၊ Bollywood ၊ Foam roller ၊ Retro class ၊ Pilaxing ၊ Fitball & Myanmar Lethwei စတဲ့ ကစားနည်း အမျိုးမျိုးကို သင်ယူကစားနိုင်သလို Member ဝင်ပြီးသူတစ်ယောက်အနေနဲ့ မိမိကစားချင်တဲ့ အမျိုးအစားအလိုက် ဖွင့်လှစ်ထားတဲ့ Classes ၁၀၀ ကျော်မှာလည်း ဝင်ရောက်ကစားနိုင်ပါတယ်။

PowerHouse2

Trainer တွေ . . .

သင်ကြားပေးတဲ့အခါမှာလည်း ကစားနည်းအလိုက်  ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး သင်ကြားပေးသလို  လက်ဝှေ့အတွက်ဆိုလည်း ဝါရင့်လက်ဝှေ့ဆရာတွေခေါ်ပြီး Train ပေးနေပါတယ်။ သီးသန့် Personal Trainer ခေါ်ယူချင်သူတွေအတွက်လည်း တစ်နာရီကိုဒေါ်လာ ၄၀ နဲ့ ဝန်ဆောင်မူပေးနေသလို ပုံမှန်လာရောက်ကစားသူတွေအတွက်လည်း Floor Trainer က လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

PowerHouse1

ဝန်ဆောင်မူနဲ့ ထူးခြားချက် . . .

အားကစားခန်းမတွေရဲ့ ဝန်ဆောင်မှုအပြည့်အစုံရှိတဲ့အပြင် စက်ပစ္စည်းပိုင်းမှာလည်း တော်တော်စုံလင်ကာ ကစားချိန်လည်း ကန့်သတ်ထားတာမျိုးမရှိပါဘူး။ ထူးခြားချက်ကလည်း Boxing ကွင်းတို့အပြင် အပြင်မှာ တကယ်ပြေးနေရတဲ့ပုံစံအတိုင်း ဖြစ်စေဖို့ ပြေးလမ်းတို့ကိုလည်း ထားပေးထားပါတယ်။ ပြီးတော့ အပတ်စဉ် Member တွေအတွက် ကဏ္ဍအလိုက်ပြိုင်ပွဲတွေ လုပ်ပေးနေတယ်လို့ ဆိုင်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Ko William က ပြောပါတယ်။

အနာဂတ်အစီအစဉ် . . .

ဆိုင်ခွဲထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။