

Okkala Golf Range[/caption]
ဂေါက်သီးရိုက်အားကစားနဲ့ကျန်းမာရေး
ဂေါက်သီးရိုက်အားကစားက ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လမ်းလျောက်ပြီး ကစားရတာဖြစ်ပါတယ်။ အနည်းဆုံး ငါးမိုင် လောက် လမ်းလျောက်ကစား ရတာပါ။ နောက်တစ်ခုက ရိုက်တဲ့အခါမှာလည်း အင်အားသုံးပြီး ရိုက်ရတာပဲဖြစ်ပါ တယ်။ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ သွေးလေလည် ပတ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေကို လျော့ချတဲ့နေရာမှာ ထိရောက်မှုရှိတာကိုတွေ့ ရပါတယ်။ဂေါက်သီးရိုက်အားကစားနဲ့ ရရှိလာတဲ့ အကျိုးတရားများ
ဂေါက်သီးရိုက်အားကစားဆိုတာ Social အားကစားတစ် ခုလည်း ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးအားကစားတစ်ခုပါ။ ဂေါက်သီးရိုက်အားကစားလုပ်ရင်းနဲ့ မတူတဲ့လူမျိုးတွေ တွေ့ရ ပါမယ်။ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေ တွေ့ရပါတယ်။ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတာမျိုးတွေ နဲ့ လုပ်ငန်းအကြောင်းတွေ ဆွေးနွေးရတာမျိုးတွေ လုပ်ကိုင် လို့ရပါတယ်။ အဲဒီလို အကျိုးကျေးဇူးတွေတော့ ရရှိစေမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဂေါက်သီးရိုက်အားကစား
မြန်မာနိုင်ငံရဲ့ဂေါက်သီးရိုက်အားကစားက ဒီနိုင်ငံမှာပေါ် ပေါက်တာ နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန်ကစားနိုင်တာကတော့ ၁၉၄၇ ခုနှစ် နောက်ပိုင်းမှာဖြစ်ပါတယ်။ ဂေါက်သီးရိုက် အားကစားက အင်္ဂလိပ် ကိုလိုနီတွေက မိတ်ဆက်ပေးသွားတာပါ။ အခု နောက်ပိုင်းမှာ တော်တော်လေးကျယ်ကျယ်ပြန့်ပြန့် ကစား တာတွေ့ရပါတယ်။ ဂေါက်ကွင်းတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ ဂေါက်သီးရိုက်အားကစားတွင် ကျယ် လာတာနဲ့အမှ ျGolf ရဲ့ ဆက်စပ်ပစ္စည်းလုပ်ငန်းတွေ လည်း တိုးတက်လာတာကို တွေ့ရပါတယ်။ တစ်ချိန်တုန်းက တော့ ဒီလိုပစ္စည်းတွေက အလွယ်တကူမရတဲ့အတွက် ကြုံ တဲ့ ရတဲ့ တုတ်တံတွေနဲ့ပဲ ရိုက်ရတာပါ။ ခုတော့ ပွင့်လင်း တိုးတက်လာပြီဖြစ်လို့ ဒီလိုပစ္စည်းတွေကလည်း အလွယ်တ ကူရရှိနိုင်လာတော့ ပိုပြီးအဆင်ပြေလာတယ်။ လေ့ကျင့်ရေး ကွင်းတွေလည်းတိုးလာတော့ ပိုပြီးလေ့ကျင့်လို့ ရလာတယ်။ပိုပြီးတိုးတက်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ဂေါက်သီးရိုက်အားကစားလုပ်မယ့်သူတွေအတွက်
အဓိကကတော့ ဂေါက်သီးရိုက်အားကစားလုပ်မယ့်လူတစ် ယောက်အတွက်က ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အရေးကြီးပါတယ်။ အားနဲ့မာန်နဲ့လုပ်မှ အဆင်ပြေမှာဖြစ်ပါတယ်။ သက်လုံ ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကလည်း ကစားသမား အတွက် ပြောတာဖြစ်ပါတယ်။ ပြိုင်ပွဲတွေဝင်နိုင်ဖို့ အတွက် ဒါတွေက လိုအပ်ပါတယ်။ နောက်တစ်ခုက Golf နဲ့ ပတ် သက်တဲ့နည်းပညာတွေ အသုံးအဆောင်တွေလည်း လိုအပ်ပါ တယ်။
ဝန်ဆောင်ခနှုန်းထားများ
Golf ဘောလုံးရဲ့နှုန်းထားကတော့ တစ်နေရာနဲ့တစ်နေရာ မတူကြပါဘူး။ ဒီမှာက ဘောလုံးတစ်ရာကို မြန်မာကျပ် ငွေ ၂,၅၀၀ နှုန်းနဲ့ယူပါတယ်။ အဲဒီမှာလည်း စံနှုန်းမီတဲ့ ဘောလုံးတွေကို ထည့်ထားပေးပါတယ်။ အချိန်ကန့် သတ် ပေးထားတာတော့မရှိပါဘူး။ ဒီလေ့ကျင့်ရေးကွင်းက နှစ် ထပ်အဆောက်အအုံဆိုတော့ လူ ၅၀ တစ်ပြိုင်နက် လေ့ ကျင့်နိုင်ပါတယ်။ဝန်ထမ်းခန့်ထားမှုနဲ့ Training ပေးမှုအပိုင်း
ကျွန်တော်တို့ဆီမှာ ဝန်ထမ်းစုစုပေါင်း ၇၀ လောက်ရှိပါ တယ်။ သူတို့ကိုလည်း ဂေါက်သီးတွေ၊ ဂေါက်တံတွေကို နားလည်အောင်နဲ့ ရိုက်တဲ့အခါမှာလည်း ဂေါက်သီးကို ဘယ်လိုပုံစံအနေအထားတည်ပေးရမယ်ဆို တာတွေ ဂေါက် တံတွေမှာလည်း ဘယ်လိုအကွာအဝေးဆိုရင် ဘယ်လို ဂေါက် တံမျိုးထုတ်ပေးရမယ်။ အဲဒါမျိုးတွေကို လေ့ကျင့်သင်ကြား ပေးထားပါတယ်။
အနာဂတ်အစီအစဉ်
အနာဂတ်မှာတော့ ကျွန်တော်တို့ဘက်က ဂေါက်သီးရိုက် ပညာသင်တန်းကျောင်း တည်ထောင်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ အချိန်တော့ နည်းနည်းယူရမှာဖြစ်ပါတယ်။ အဆင့်မြင့်ဂေါက်သီးရိုက်အားကစားသ မားတွေ ပေါ်ထွက် လာဖို့ စနစ်တကျ ပြုလုပ်သွားမယ့်အစီအစဉ်တွေ ရှိပါ တယ်။တည်နေရာ
ဥက္ကလာဂေါက်ကွင်း၊ ဂန္ဓမာလမ်း၊ ဂန္ဓမာ Whole Sale အနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

