News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ဝါသနာတူတွေ ဖွင့်လှစ်ထားတဲ့ Nawaday Alley Gallery
Editorial
June 3, 2013
Gallery
Leisure
ပန်းချီဆိုတဲ့ အနုပညာဟာ အလှတရားအတွက် သာမကဘဲ
တိုင်းပြည်အတွက် ရတနာလို့လည်း ပြောလို့ရပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ယဉ်ကျေးမှု ဘယ်လောက်ထိ မြင့်မားတယ်၊ စိတ်ဓာတ် ဘယ်လောက်ထိ မြင့်မြတ်တယ်ဆိုတာကို ပန်းချီကားတစ်ချပ်ကြည့်ရှုခြင်းဖြင့် ခန့်မှန်းလို့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ပန်းချီဆွဲတဲ့နေရာမှာ လက်ရာမြောက်တဲ့ဆရာတွေ ရှိတယ်ဆိုတာကို သိစေချင်တဲ့အတွက် အခုလိုရေးဆွဲပြသထားတဲ့ Nawaday Alley Gallery အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ပြခန်းတည်နေရာ
အမှတ် ၁၇၊ အခန်း ၈၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကန်မြို့၊ ဖုန်း- ၀၉-၄၃၀၉၇၉၁၈၊ ၀၉- ၄၂၁၀၂၉၀၉၁၊ Email-nawadayalley@ gmail.com , nawadayalley @ facebook.com သို့ ဆက်သွယ်နိုင်ပါ တယ်။
ပြခန်းဖွင့်ချိန်
ပြခန်းဖွင့်ချိန်ကို မနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ သတ်မှတ်ထားပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ပြခန်းဖွင့်လှစ်ဖြစ်ပုံ
ကိုယ်တိုင်ကလည်း ပန်းချီဆွဲတာဝါသနာ ပါသလို ကိုယ်ကြိုက်တဲ့ပန်းချီကားလေး တွေကိုစုဖြစ်တယ်။ သူငယ်ချင်းတွေက လည်း ပန်းချီဆရာတွေဖြစ်တော့ မြန်မာ့ ပန်းချီလောကကိုလည်း နိုင်ငံခြားသား တွေ၊ ကိုယ့်မြန်မာလူမျိုးတွေ သိစေချင် တဲ့အတွက် အခုလိုပြခန်းလေးကို ၂၀၁၂ ခုနှစ်၊ မေလက စဖွင့်ဖြစ်တယ်လို့ ဆိုပါ တယ်။ အပြင်အဆင်ပိုင်းဆိုင်အပြင်အဆင်ပိုင်းအနေနဲ့ သပ်သပ်ရပ်ရပ်ခင်းကျင်း ထားပြီး ဆိုင်မှာလာရောက်ကြည့်ရှုတဲ့ပရိသတ်တွေအတွက် သူတို့လိုရာကြည့်ရှုလို့ရအောင် တစ်ကားချင်းစီ ထုတ်ပေး ပြီး ဓာတ်ပုံနဲ့ ကြည့်ရှုလိုသူတို့အတွက် ကွန်ပျူတာနဲ့ ရွေးချယ်ပြီးကြည့်လို့ရအောင် ဖန်တီးပေးထားတာကို တွေ့ရပါတယ်။ ဒါမှ လာရောက်ကြည့်ရှုသူတွေအနေနဲ့ ပန်းချီရဲ့ရသကို အကောင်းဆုံးအပြည့်အဝခံစားနိုင်မှာပါ။
မြင်တွေ့ရမယ့်လက်ရာတွေ
Nawaday Alley Gallery မှာ ပန်းချီဆရာ ကိုတီး၊ ကိုထားဝယ်လေး၊ ကိုစော၊ ကိုရဲမင်း၊ မြို့ပြလူငယ် အစရှိတဲ့ ပန်းချီဆရာ ၄၈ ယောက်ရဲ့ တမူထူးခြားတဲ့လက်ရာတွေဖြစ်တဲ့ Modern ?Realizing ?Contemporary? Classical Art အစရှိတဲ့ ပန်းချီကားအမျိုးအစား တွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပံ့ပိုးမှုအပိုင်း
ပန်းချီဆရာတွေအတွက် အွန်လိုင်းကပဲ ဖြစ်ဖြစ် လူကိုယ်တိုင် လာရောက်ဝယ်လိုသူ တွေပဲဖြစ်ဖြစ်၊ အဝေးကဝယ်လိုသူတွေ အတွက်ပါအဆင်ပြေအောင် ပန်းချီဆရာ နဲ့ ချိတ်ဆက်ပေးတယ်လို့ သိရပါတယ်။
ပန်းချီပြခန်းတစ်ခုအတွက် အရေးကြီးတဲ့အချက်
ပန်းချီပြခန်းတစ်ခုအတွက် အရေးကြီးတဲ့အချက်အနေနဲ့ လာရောက်ကြည့်ရှုသူတွေအတွက် ပန်းချီကားတစ်ချပ်ရဲ့ အဓိပ္ပာယ်ကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ပေါ်လွင်အောင် ရှင်းပြနိုင်ဖို့ အရေးကြီးပါတယ်။
ပန်းချီဈေးကွက်အလားအလာ
ကိုယ်တိုင် ရောင်းတာတွေတော့ မရှိသေးပါဘူး။ ပြခန်းဖွင့် ဖြစ်တာကတစ်နှစ်ပဲ ရှိသေးတဲ့အတွက် လေး ငါး ခြောက် နှစ်လောက်စောတဲ့သူငယ်ချင်းတွေတော့ ရှိတယ်။ သူတို့တွေ ပြောပြပုံအရ နဂိုကထက်စာရင် မဆိုးပါဘူး။ ပန်းချီဈေး ကွက်အလားအလာရှိပါတယ်လို့ ပြောပြခဲ့ပါတယ်။
အနာဂတ်အစီအစဉ်
အနာဂတ်အစီစဉ်အတွက်ကတော့ အမြဲတမ်း ကြံနေတာပါပဲ။ ကိုယ့်ရဲ့မြန်မာ့ပန်းချီလောကကိုလည်း မြှင့်တင်ဖို့ရော၊ ကိုယ့် အတွက်လည်း စီးပွားရေးရအရ အဆင်ပြေရမယ်၊ ပန်းချီ ဆရာတွေအတွက်လည်း အဆင်ပြေစေမယ့် အစီအစဉ်လေး တွေကို အမြဲတမ်း စိတ်ကူးထားပါတယ်။ ဒီပန်းချီပြခန်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုစားသွားမယ်လို့ သိရပါတယ်။ [gdl_gallery title="Gallery4" width="200" height="200" galid="4" ]
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်
Posted On July 21, 2022, By Editorial
Father's Day Unlimited BBQ Buffet Dinner at Chatrium
Posted On June 18, 2022, By Editorial
Father's Day အတွက် Novotel Yangon Max ဟိုတယ်က အထူးအစီအစဉ် ၂ မျိုး
Posted On June 18, 2022, By Editorial
Springteen က သီချင်းအားလုံးကို Sony ကို ရောင်းချ
Posted On January 31, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း