Nail Culture

Myanmar Culture Valley မှာ ဈေးဝယ်ထွက်ရင်း၊ မုန့်စားရင်း အချိန်ခဏပေးရုံနဲ့ အလှအပအတွက် စိတ်ကျေနပ်မှုရစေမယ့် Nail Culture ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

NailCulture

Nail Culture နဲ့ Spa မှာ ဘာတွေလုပ်လို့ရလဲ

--------------

Nail Culture မှာဆိုရင်တော့ လက်သည်းပုံဖော်တာကစလို့ လက်သည်းနဲ့ လက်သန့်ရှင်းရေးလုပ်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ ခြေထောက်ကြေးချွတ်ပေါင်းတင်၊ လက်ကြေးချွတ်ပေါင်းတင်၊ လက်ဖယောင်းသွင်း၊ ခြေထောက်ဖယောင်းသွင်းတာတို့ လုပ်လို့ရပါတယ်။ Spa မှာတော့ Facial သီးသန့်လုပ်တာဖြစ်တဲ့အတွက် မျက်နှာကို ရေဓာတ်ဖြည့်တာ၊ မျက်နှာ Whitening လုပ်တာ၊ မျက်နှာကို ပိုပြီးနုပျိုအောင်လုပ်တာ၊ အရေးအကြောင်းအတွက် လုပ်ပေးတာတို့ ရှိပါတယ်။

Nail Culture မှာ ဘယ်လိုပစ္စည်းအမျိုးအစားတွေသုံးလဲ

--------------

Nail Culture မှာဆိုရင်တော့ OPI အပြင် OLY ၊ U & ha ၊ Essence ၊ DigAo စတဲ့ Brand အစုံသုံးပါတယ်။ သန့်ရှင်းရေးပိုင်းအတွက်လည်း လက်သည်း၊ ခြေသည်းအသုံးပြုတဲ့ ပစ္စည်းတွေအကုန်လုံးကို အရက်ပြန်နဲ့ သေချာသုတ်ပြီး ပေါင်းစက်ထဲထည့်ပါတယ်။ ပြန်ထွက်လာရင်လည်း အရက်ပြန်နဲ့ သေချာသုတ်ပြီး သန့်သန့်ရှင်းရှင်းထားပါတယ်။ Spa မှာတော့ ပြင်သစ်နိုင်ငံကထုတ်လုပ်တဲ့ YonKa Paris Brand တစ်မျိုးတည်းကိုသာ အသုံးပြုပါတယ်။

ဘယ်လိုလူတွေအလာများလဲ

----------------

ကျောင်းသူလေးတွေကစပြီး စီးပွားရေးလုပ်ငန်းပိုင်ရှင် အမျိုးသမီးတွေနဲ့ Center ကို ဈေးဝယ်လာရင်းဝင်လာတဲ့ အမျိုးသမီးတွေအထိ လာရောက်အားပေးပါတယ်။ ဒီဆိုင်နေရာက ကားပါကင်ကောင်းတဲ့အတွက် အမျိုးသမီးတွေအတွက် အလွန်အဆင်ပြေပါတယ်။

ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှုပိုင်း

--------------

ဝန်ထမ်းတွေကို သေချာသင်တန်းပေးပြီး စိတ်ချရတဲ့အနေအထားရောက်မှ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးခိုင်းပါတယ်။ ဧည့်သည်တွေကို ဝန်ဆောင်မှုအနေနဲ့ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက် စတာတွေနဲ့ ဧည့်ခံတာမျိုးလည်း လုပ်ပါတယ်။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေအကုန်လုံးကို ပြန်ထွက်သွားတာနဲ့ စိတ်ချမ်းသာသွားအောင်၊ လှပသွားအောင် အထူးဂရုစိုက်ပါတယ်။

ဈေးနှုန်း

--------

Nail Culture မှာဆိုရင်တော့ အနိမ့်ဆုံးသုံးထောင်ကနေ အမြင့်ဆုံးတစ်သောင်းထိရှိပြီး၊ Spa မှာဆိုရင်တော့ ၂၅,၀၀၀ အများဆုံးဖြစ်ပါတယ်။

အနာဂတ်အစီအစဉ်

-------------------

အခုထက်ပိုပြီးအောင်မြင်အောင်၊ ဆိုင်ခွဲတွေဖွင့်နိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်။ အနာဂတ်မှာ Nail Culture ဆိုင်ကို အများကြီးဖြစ်စေချင်ပါတယ်။

ဆိုင်ဖွင့်ချိန်

-----------

မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

တည်နေရာ

------------

Room No.(B-90/91) ၊ Ground Floor ၊ Myanmar Culture Valley ၊ People Park ၊ Yangon ၊ Myanmar.

၀၉ ၂၅၄၂၀၆၁၉၂ ၊ ၀၉ ၄၂၈၉၃၆၄၃၉

www.facebook.com/Nail Culture