Myan Spa (Relax in myanmar tradition)

MyanSpa3

Chemical မပါဘဲ မြန်မာနိုင်ငံက သဘာဝပစ္စည်းစစ်စစ်တွေနဲ့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Products တွေ၊ မြန်မာ့ရိုးရာ၊ မြန်မာနှိပ်နည်းတွေနဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ Myan Spa တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

MyanSpa2

Myan Spa ရဲ့ ရည်ရွယ်ချက်

-----------------------------

Myan Spa ကို ၂၀၁၇ ခုနှစ်၊ မေလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Myan Spa ဆိုတာက မြန်မာ့ Spa လို့ ပြောတာပါ။ Myan Spa မှာ အခန်း ၁၃ ခန်းရှိပြီး အခန်းနာမည်တွေကို မြန်မာတိုင်းရင်းသားလူမျိုးစု နာမည်တွေဖြစ်တဲ့ ကရင်၊ ကယား၊ ကရင်၊ ချင်း စတာတွေ ပေးထားပါတယ်။ ဖွင့်တဲ့ Music ကလည်း မြန်မာ့ဆိုင်းသံ၊ စောင်းသံတွေနဲ့ ပတ္တလားသံတွေကို ဖွင့်ပါတယ်။

မြန်မာတွေမှာလည်း မြန်မာနှိပ်နည်းရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ဆေးဖက်ဝင်တဲ့အပင်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ Product အဖြစ် ထုတ်လုပ်နိုင်တဲ့နည်းပညာ မရှိဘူး။ ဒါကြောင့် Spa အများစုက နိုင်ငံခြားကနေပြီးတော့ တင်သွင်းလာတဲ့ Spa Products တွေကို အသုံးပြုကြတယ်။ Myan Spa မှာသုံးတဲ့ Product တွေကတော့ ကိုယ်တိုင်ဖော်စပ်ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုထားပါတယ်။ Spa ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Spa လို့ပြောလိုက်ရင် Thai Spa ကိုပဲ မြင်တဲ့အမြင်ကိုဖျောက်ပြီး မြန်မာ့ရိုးရာ၊ မြန်မာ့ဆေးတွေနဲ့လည်း မြန်မာ့ Spa ဖွင့်လို့ရတယ်ဆိုတဲ့ အမြင်လေးကို ရစေချင်တာပါ။

MyanSpa1

ရရှိနိုင်တဲ့ဝန်ဆောင်မှုတွေက

-----------------------------

ရနိုင်တဲ့ Service တွေက Hand Reflexology ၊ Foot Reflexology ၊ Body Massage ၊ Body Treatment ၊ Facial Treatment နဲ့ Aromatherapy ဆိုပြီး အုပ်စုခြောက်မျိုးရှိပါတယ်။ အဲဒီအထဲမှာ Foot Scrub & Wrap ၊ Body Scrub & Wrap တွေနဲ့ အနှိပ်မခံနိုင်တဲ့သူတွေအတွက် Herbal Compression လည်း ရှိပါတယ်။

MyanSpa6

Myan Spa ရဲ့ထူးခြားချက်

---------------------------

Myan Spa ထဲကို ဝင်လိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အငွေ့အသက်ကို ခံစားရမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရနိုင်တဲ့ သဘာဝဆေးမြစ်တွေကို တစ်နေရာတည်းမှာပဲ တွေ့နိုင်တယ်။

MyanSpa4

ဈေးနှုန်းတွေက

----------------

ရိုးရိုး Hand Massage က မိနစ်နှစ်ဆယ်အတွက် ခြောက်ထောင်ကျပ်၊ Foot Massage က မိနစ်ခြောက်ဆယ် အတွက် ၁၅,၀၀၀ ကျပ်ပါ။ Myan’s Signature Traditional Massage က မိနစ်ခြောက်ဆယ်အတွက် နှစ်သောင်းကျပ်၊ မိနစ် ၁၂၀ ဆိုရင် သုံးသောင်းကျပ်ပါ။ အများဆုံးဈေးနှုန်းကတော့ Body Holiday လို့ နာမည်ပေးထားတဲ့ Body Scrub  မိနစ်ကိုးဆယ်အတွက်  ခြောက်သောင်းကျပ် ကျသင့်ပါတယ်။

MyanSpa5

ဆိုင်ဖွင့်ချိန်

-----------

မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ အချိန်အကြာကြီး မစောင့်ရစေဖို့အတွက် လိုချင်တဲ့အချိန်ကို တစ်နာရီ ကြိုတင်ဖုန်းဆက်ပြီး Reservation လုပ်နိုင်ပါတယ်။

MyanSpa7

အနာဂတ်အစီအစဉ်

---------------------

မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ Products ထုတ်ပြီး Myan Spa ရဲ့ နာမည်၊ Myan Spa Logo နဲ့ ဈေးကွက်ထဲကို ဖြန့်ချိသွားဖို့အထိ စဉ်းစားထားပါတယ်။

ဆိုင်လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်

----------------------------------

အမှတ် ၆၆၊ ဒုတိယထပ်၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၉-၇၇၉၉၀၀၀၄၄၊ ၀၉-၇၇၉၉၀၀၀၆၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။ www.facebook.com/Myan Spa မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ရေဗက္ကာ