Myanmar Treasure Resorts ၏ Drazzle Relax Package အစီအစဉ်

article landscape wartermark final3 Myanmar Treasure Resorts ၏  ၂၀၁၄ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ Drazzle Relax Package အစီအစဉ်တွင်ပါဝင်သော အစီအစဉ်များကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ Myanmar Treasure Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (166,500 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (200 $) ဖြင့်  စီစဉ်ထားရှိပါသည်။ Myanmar Treasure Resort Bagan ၏ Superior အခန်းတွင် ၁ည ၊ Popa Mountain Resort Deluxe တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအဝင် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပါမည်ဖြစ်သည်။   Myanmar Treasure Resort Bagan ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (165,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင်(190 $) ဖြင့် စီစဉ်ထားရှိပါသည်။  Myanmar Treasure Resort Bagan ၏ Superior အခန်းတွင် ၂ည တည်းခိုရမည်ဖြစ်ပြီး နေ့စဉ် မနက်စာနှင့် ညစာပါဝင်မည်ဖြစ်သည်။ ပုဂံတွင် ၂ရက်တိုင်တိုင် လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်ပြီး လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပါမည်ဖြစ်သည်။ Myanmar Treasure Resort Inle  ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (190,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင်(215 $) ဖြင့် စီစဉ်ထားရှိပါသည်။ Myanmar Treasure Resort Inle ၏ Deluxe အခန်းတွင် ၂ည တည်းခိုရမည်ဖြစ်ပြီး နေ့စဉ် မနက်စာနှင့် ညစာပါဝင်မည်ဖြစ်သည်။ အင်းလေး၏ အလှကို တစ်နေ့တာလုံး လည်ပတ်ခံစားကြည့်ရှုနိုင်ပြီး အင်းဒိန်ရွာကိုလည်း လည်ပတ်ခွင့်ရမည်ဖြစ်သည်။ လေဆိပ်နှင့်  ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်သည်။