ခရီးသွားအာမခံလုပ်မယ်ဆိုရင်မဖြစ်အနေ သိထားသင့်တဲ့ ၁၅ အချက်

ခရီးသွားရာသီအတွင်း ပြည်တွင်းပြည်ပ ခရီးစဉ်တွေသွားရင် အခုနောက်ပိုင်းခေတ်စားလာတာက ခရီးသွားအာမခံပါ။ တကယ်လို့ ခရီးသွားအာမခံကို စဉ်းစားခဲ့ရင်မဖြစ်မနေသိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ ခရီးသွားအာမခံအကြောင်း
ခရီးသွားချိန်မှာဖြစ်တတ်တဲ့ မတော်တဆထိခိုက်မှု၊ ဖျားနာမှု၊ ပစ္စည်းပျောက်ဆုံးပျက်စီးမှု၊ ခရီးဆောင်အိတ်ပျက်စီးမှု၊ ခရီးစဉ်ဖျက်သိမ်းမှုတွေကို ထိခိုက်နစ်နာမှုနည်းပါးအောင် ဆောင်ရွက်ပေးတဲ့ အာမခံချက်ဖြစ်ပါတယ်။ ဘယ်ခရီးသွားအာမခံမျိုးကကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မလဲ။ ထိခိုက်နစ်နာမှုနည်းအောင်လုပ်ပေးတဲ့ အာမခံတွေကအမျိုးမျိုးရှိပါတယ်။
– အစီအစဉ်
– ဝယ်ယူခဲ့တဲ့ အာမခံကုမ္ပဏီ
– ဆုံးရှုံးမှုပမာဏ

၂။ ဘယ်လိုအရာတွေကို အာမခံထားလဲ။
ကိုယ့်အခြေအနေနဲ့ကိုယ့်ရဲ့လိုအပ်ချက်တွေကို သေချာသိထားသင့်ပါတယ်။
– ခရီးထွက်မယ့်နေရာ
– လေယာဉ် ဒါမှမဟုတ် ကားစီးမှာလား။
– နှင်းလျောစီး၊ လေထီးခုန်အစရှိတဲ့ စွန့်စားမှုတွေပါလား။
– ခရီးစဉ်ကြာချိန်
– တစ်ကိုယ်တော်၊ စုံတွဲ ဒါမှမဟုတ် မိသားစုလိုက် ခရီးထွက်မှာလား။
– ယူဆောင်သွားမယ့် ပစ္စည်းတန်ဖိုး

၃။ သေချာစဉ်းစားဆုံးဖြတ်သင့်တဲ့ အရာတွေ
– ကိုယ်ဝယ်ယူမယ့်အာမခံက ပြည်ပမှာဖြစ်တဲ့ မတော်တဆတွေအတွက်ပဲလား၊ ပြည်တွင်းမှာ ပြန်အသုံးပြုလို့ရနိုင်လားဆိုတာလေ့လာပါ။
– ကိုယ်နဲ့ သင့်တော်တဲ့ပမာဏလား၊ ဒါမှမဟုတ် အာမခံရဲ့ပမာဏကို လိုတိုးပိုလျော့လုပ်လို့ရမရစုံစမ်းပါ။
– ပြည်ပမှာဝယ်ယူမယ့် ပရိဘောဂတွေ၊ ပန်းချီတွေအတွက် ကုန်ကျမယ့် အာမခံစရိတ်
– ဥပဒေနဲ့ညှိစွန်းတဲ့ မူးယစ်ဆေးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
– အန္တရာယ်များတဲ့ အားကစားလှုပ်ရှားမှု၊ အန္တရာယ်ရှိတဲ့ ဒေသတွင်းသွားလာမှု၊ နဂိုကျန်းမာရေးအခံမကောင်းမှုတွေအတွက် အာမခံတွေကိုတော့ သီးသန့်ဝယ်ယူနိုင်ပါတယ်။

၄။ ခရီးသွားအာမခံဝယ်ယူမယ်ဆိုရင်
သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြင်းထန်မှု၊ မီးတောင်ပေါက်ကွဲမှု၊ စစ်ဖြစ်ပွားနေတဲ့ ဒေသကိုသွားရောက်လည်ပတ်တာမျိုးတွေအတွက် ခရီးသွားအာမခံမရှိတဲ့အတွက် ခရီးသွားအာမခံဝယ်ယူရာမှာ သေချာဖတ်ရှုပြီးမှ ဝယ်ယူသင့်ပါတယ်။

၅။ ပြည်တွင်းခရီးစဉ်တွေအတွက်ကတော့
ကိုယ့်ကျန်းမာရေး၊ အိမ်အာမခံတွေနဲ့ ကိုက်ညီမယ့် အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

၆။ ခရီးတွေဆက်တိုက်ထွက်ဖြစ်မယ်ဆိုရင်
တစ်နှစ်တာလုံးမှာ ခရီးတွေတောက်လျောက်သွားဖြစ်မယ်ဆိုရင် တစ်နှစ်စာအာမခံချက်ဝယ်ထားပါ။ ခရီးသိပ်မထွက်ဖြစ်ရင်တော့ ခရီးသွားအာမခံကို တစ်ခေါက်ချင်းစီပဲဝယ်ပါ။

၇။ ကိုယ်သွားမယ့် နေရာဒေသ၊ အချိန်အခါပေါ်မူတည်ပြီး

လိုအပ်မှခရီးသွားအာမခံဝယ်ယူပါ။

၈။ ခရီးသွားအာမခံချက် စရိတ်လျှော့ချချင်ရင်
– Online မှာရှိတဲ့ အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းတွေကနေ တိုက်ရိုက်ဝယ်ယူရင် ဈေးသက်သာပါတယ်။ တစ်ခါတလေမှာ အာမခံကို ၅၀ ရာခိုင်နှုန်း နဲ့ ရောင်းချပေးတာမျိုးတွေရှိတတ်ပါတယ်။
– အုပ်စုလိုက်ခရီးသွားရင် အုပ်စုလိုက်ခရီးသွားအာမခံဝယ်ရတဲ့အတွက် တစ်ဦးချင်းစီဝယ်တာထက် အကုန်အကျသက်သာပါတယ်။
– ကလေးတွေအတွက်ဆိုရင် ခရီးသွားအာမခံကို အ လကားထုတ်ပေးပါတယ်။
– Credit Card နဲ့ အကြွေးဝယ်လို့ရပေမယ့် Level မြှင့်တဲ့ Credit Card မဟုတ်ရင် ကျန်းမာရေးအာမခံချက်မထားပေးပါဘူး။ ဒါအပြင် လေယာဉ်စရိတ်နဲ့ တခြားကုန်ကျစရိတ်တွေအတွက်ပါ Credit Card သုံးမှ အဆင်ပြေပါလိမ့်မယ်။

၉။ ဈေးအရမ်းသက်သာတဲ့ ခရီးသွားအာမခံချက်တွေက
ကိုယ့်အတွက် စိတ်ချယုံကြည်ရတဲ့ အာမခံမျိုးမဟုတ်တဲ့အတွက် ဈေးမှန်၏ပြီး လုံခြုံစိတ်ချရတဲ့ ခရီးသွားအာမခံပေးနိုင်တဲ့ အာမခံကုမ္ပဏီကနေဝယ်ယူပါ။

၁၀။ ကား၊ မော်တော်ဆိုင်ကယ်၊ ဂျက်လေယာဉ်တွေငှားစီးတဲ့အခါ
စက်ပစ္စည်းပိုင်း၊ ကိုယ်ထည်ပိုင်းထိခိုက်တာမျိုးတွေအတွက် အာမခံရှိမရှိ ခရီးသွားအာမခံကုမ္ပဏီကို သေချာမေးပါ။ ကိုယ့်ရဲ့ယာဉ်မောင်းလိုင်စင်ကလည်း ဒေသခံမဟုတ်တဲ့အတွက် ကိုယ်သွားလည်မယ့် ဒေသရဲ့စည်းမျဉ်း တွေကို လေ့လာထားပါ။

၁၁။ ရုတ်တရက် ခရီးသွားရတာမျိုးတွေအတွက်
သက်တမ်းထပ်တိုးနိုင်ပြီး တစ်နှစ်စာ ခရီးသွားအာမခံပေးနိုင်တဲ့ အာမခံကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။

၁၂။ ပြည်ပမှာ အလုပ်လုပ်သူတွေအနေနဲ့
အလုပ်ကပေးတဲ့ ကျန်းမာရေးအာမခံတွေရှိတဲ့အပြင် ကိုယ့်ပိုင်ဆိုင်မှုတွေအတွက် သီးသန့်အာမခံထားနိုင်ပါတယ်။

၁၃။ တန်ဖိုးကြီး ပစ္စည်းတွေယူသွားမယ်ဆိုရင်
Laptop ၊ Camera ၊ လက်ကိုင်ဖုန်းတွေအတွက် လုံခြုံစိတ်ချရတဲ့ ခရီးသွားအာမခံဝယ်ယူပါ။

၁၄။ ခရီးစဉ်ဖျက်သိမ်းရတာမျိုးတွေအတွက်
နေမကောင်းလို့ ခရီးစဉ်ဖျက်သိမ်းတာမျိုးကို အာမခံပေးတဲ့ ကုမ္ပဏီရှားတဲ့အတွက် မဝယ်ခင်ကတည်းက သေချာလေ့လာဖတ်ရှုသင့်ပါတယ်။

၁၅။ ဘေးကင်းလုံခြုံစေဖို့
အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို နားစွင့်မှသာ ခရီးမသွားသင့်တဲ့ နေရာဒေသ၊ ခရီးသွားအာမခံမရနိုင်တဲ့ ဒေသတွေကို မသွားဖြစ်ဘဲ ဘေးကင်းလုံခြုံမှာဖြစ်ပါတယ်။