ရန်ကုန်မြို့၊ Park Royal Hotel ရှေ့မှာ တည်ရှိ တဲ့ Myanmar Ink Art Gallery မှာ အတွေးအခေါ် ဆန်းသစ်တဲ့လူငယ်ပန်းချီဆရာတွေရဲ့ ပန်းချီလက်ရာတွေနဲ့ ပြခန်းအပေါ်ထပ်မှာ Tattoo Studio ကိုပါ တွဲလျက်ထားရှိပေးထားပါတယ်။ ပြခန်းတည်နေရာ အမှတ် ၃၂/၁၊ အလံပြဘုရားလမ်း၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ် ရမယ့် ဖုန်းနံပါတ်ကတော့ ၀၁-၃၇၄၆၃၀၊ ၀၉ ၄၃၁၆၃၃၂၀၊ ၀၉ ၅၄၀၈၁၇၉ တို့ဖြစ်ပြီး အီးမေးလ်လိပ်စာကတော့
[email protected] ၊ Facebook မှာ ဆိုရင်တော့ myanmarinkartgallery နဲ့ www.myanmarink.com တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။ ပြခန်းဖွင့်ချိန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ် ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ပြခန်းဖွင့်လှစ်ဖြစ်ပုံ Myanmar Ink Tattoo Studio ကို အရင်စဖွင့် ခဲ့တာပါ။ Tattoo Studio ဖွင့်ရင်းနဲ့ ပန်းချီဆရာ တွေနဲ့ ရင်းနှီးလာရာကနေ ပန်းချီကို စိတ်ဝင်စား လာခဲ့တာပါ။ အစတုန်းကတော့ ပန်းချီပြခန်းဖွင့်ဖို့ အစီအစဉ် မရှိသေးဘူး။ နောက်ပိုင်းမှာ ပန်းချီကားတွေကို စုဆောင်းတာ များလာတာနဲ့ ၂၀၁၁ ခုနှစ်မှာ ပြခန်းကို စဖွင့်ဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။ ပန်းချီပြခန်းဖွင့်တော့လည်း တခြားနာမည်တွေ မစဉ်းစားတော့ဘဲ Tattoo Studio မှာ ပေးထားတဲ့ Myanmar Ink နာမည်ကိုပဲ ပေးလိုက်တယ်လို့ သိရပါတယ်။ မြင်တွေ့ရမယ့်ပန်းချီလက်ရာတွေ Myanmar Ink Art Gallery မှာတော့ လူငယ် ပန်းချီဆရာအများစုရဲ့ မော်ဒန်၊ Landscape ၊ Realism၊ Contemporary ရေဆေးလက်ရာတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး သူတို့ကတော့ ရန်နိုင်ဦး၊ ကိုကိုနိုင်၊ မောင်ခိုင်မာ၊ အောင်နိုင်၊ တာမလာ၊ အောင်မြင်ဘော်၊ မျိုးမင်းလတ်၊ အောင်သီဟ၊ စောလင်းအောင်တို့ ဖြစ်ကြပါတယ်။ ဒါ့ပြင် လူလတ်ပိုင်းပန်းချီဆရာတွေဖြစ်တဲ့ မြတ်ကျော့၊ ညွန့်ဝင်းဖေ၊ မောင်နေခြည်၊ မြင့်အောင်၊ မျိုးညွန့်ခင်၊ ဝင်းတင့်၊ မောင်ခိုင်၊ အောင်ခိုင် အစရှိတဲ့ ပန်းချီဆရာတွေရဲ့လက်ရာတွေကို မြင်တွေ့ရမှာပါ။ ပန်းချီရသစုံလင်အောင် ခံစားနိုင်ဖို့အတွက် နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုလည်း စုဆောင်းထားပါတယ်။ ပံ့ပိုးမှုအပိုင်း ပြခန်းမှာက လူငယ်ပန်းချီဆရာတွေများတဲ့အ ပြင် ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ဖြစ်တာကြောင့် အမြင်ချင်းလည်းတူတယ်၊ အတွေးချင်းလည်းတူကြတယ်။ နောက်ပြီးတော့ လူငယ်ပန်းချီဆရာတွေကို အားပေးရာ ရောက်တယ်လို့ သိရပါတယ်။ လူငယ်ပန်းချီဆရာအသစ် ဆိုရင် လက်ရာကောင်းမယ်၊ အတွေးအခေါ်လည်းကောင်း တယ်ဆိုရင် ပြခန်းမှာအမြဲပြသပေးသွားဖို့ရှိတယ်လို့ သိရ ပါတယ်။ ပြခန်းက စီစဉ်တဲ့ပန်းချီပြပွဲတွေနဲ့ တခြားပန်းချီ ဆရာတွေရဲ့ ပန်းချီပြပွဲတွေလုပ်ဖြစ်ပြီး ပန်းချီပြပွဲပေါင်း ၂၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။ ပြခန်းတစ်ခု၏ ရပ်တည်ချက် ''ပန်းချီပြခန်းတစ်ခုနဲ့တစ်ခုသွားနေတဲ့ပုံစံတွေက မတူကြပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်စိတ်ကြိုက်ပန်းချီ ကားတွေကို စုပြီးတော့ ပြခန်းမှာ ပြသထားတာများတယ်။ နောက်တစ်ခုကတော့ Customerအကြိုက်ပါ။ အဓိက ကတော့ ကိုယ့်စိတ်ကြိုက်ပန်းချီကားတွေကို ပြသထားရ တာဟာ ကိုယ့်အတွက်စိတ်ချမ်းသာတယ်။ အရောင်း အဝယ်ပိုင်းကိုတော့ နောက်ပိုင်းမှ ပါလာမှာပေါ့။ ပန်းချီ ဈေးကွက်အလားအလာကတော့ ကောင်းလာမှာပါ။ ကိုယ် က အခုမှ ပန်းချီပြခန်းအသစ်ဆိုတော့ ဝယ်ယူသူတွေနဲ့ ရင်းနှီးမှုတည်ဆောက်နေရဆဲပါပဲ။ ဝယ်ယူသူတွေဘက်က လည်း ကိုယ့်ရဲ့ပြခန်းကို ဘယ်လောက်ယုံကြည်ရပြီလဲ၊ ဒီပြခန်းမှာရှိတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ကြည့် ပြီးတော့ ဖြည်းဖြည်းချင်းတည်ဆောက်နေရတာပါပဲ'' လို့ ပြောပြခဲ့ပါတယ်။ ပြခန်းလာ Customer ပြည်တွင်းက ပန်းချီကားတွေ ဝယ်ယူစုဆောင်းနေ ကြတဲ့သူတွေလာကြသလို အာရှဘက်ကဆိုရင်Landscape ပန်းချီလက်ရာကို ကြိုက်နှစ်သက်ကြပြီး ဥရောပ၊ အမေရိကန် ဘက်ကဆိုရင် မော်ဒန်ပန်းချီကားကို နှစ်သက်ကြတယ် လို့ ဆိုပါတယ်။ ပန်းချီကားဝယ်ယူသူတို့ရဲ့ စိတ်ခံစားမှုအမျိုး မျိုးကိုမူတည်ပြီး ဝယ်ယူကြတဲ့အတွက် ပန်းချီလက်ရာအမျိုး အစားစုံလင်အောင်ထားရှိပေးထားတယ်လို့ သိရပါတယ်။ အနာဂတ်အစီအစဉ် တိုင်းပြည်ကလည်း အကူးအပြောင်းကာလဖြစ် နေတဲ့အချိန်ဆိုတော့ ပြခန်းကို ဖြည်းဖြည်းနဲ့မှန်မှန် သွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားက ပန်းချီပြခန်းတွေနဲ့ ချိတ်ဆက်ပြီး ပန်းချီပြပွဲတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။