ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် . . .
အမှတ် ၇၅ ၊ ဥယျာဉ်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဆိုင်ဖွင့်လှစ်ထားပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းသစ် ဘက်ကဝင်လာလို့ရပါတယ်။ ဆက်သွယ်နိုင်တဲ့ဖုန်းကတော့ ၀၉ ၇၇၈၀၈၈၇၇ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ဖြစ်ပုံ . . .
ဖက်ရှင်ကတော့ ငယ်ငယ်လေးကတည်းက ဝါသနာလည်း ပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ဆိုင်တစ်ဆိုင်အနေနဲ့ ဖွင့်ဖို့ကိုလည်း အစကတည်းက ရည်ရွယ်ထားပါတယ်။ဆိုင်ဖွင့်ဖို့ နေရာရွေးချယ်တော့ ညီမဖြစ်သူဆိုင်နဲ့ကပ်ရက်ကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ကိုးလလောက်ကလည်း သင်တန်းတက်ပြီး လမ်းမတော်ဘက်မှာ ဆိုင်ဖွင့်ဖူးပါတယ်။ မီလန်မှာ ဖက်ရှင်သင်တန်းတက်ပြီး ပြန်လာတာနဲ့ ဆိုင်ကိုစလုပ်ဖြစ်တာပါလို့ ဆိုင်ပိုင်ရှင် ဒီဇိုင်နာ စုနန္ဒာလှိုင်က ဆိုင်ဖွင့်ဖြစ်ပုံကို ပြောပြပါတယ်။
ဆိုင်မှာရနိုင်တဲ့ဝန်ဆောင်မှုတွေ . . .
ဆိုင်မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဒီဇိုင်းလေးတွေထုတ်တယ်။ ကိုယ့်ရဲ့ဒီဇိုင်းပုံစံကို Customer က ကြိုက်လို့ ကိုယ်တိုင်းပေးပြီး ပြန်ချုပ်ခိုင်းရင်လည်း ချုပ်ပေးပါတယ်။ ချုပ်ချင်တဲ့ ဒီဇိုင်းပုံစံကို ယူလာပြီးအပ်ရင်လည်း ချုပ်ပေးပါတယ်။ ပွဲတက်ဝတ်စုံတွေရော မြန်မာထိုင်မသိမ်းဝတ်စုံတွေရော အားလုံးကို ချုပ်ပေးပါတယ်။ ထိုင်မသိမ်းဆိုရင်လည်း Accessory တွေနဲ့ ကိုယ်ပိုင်လက်လုပ်ဒီဇိုင်းတွေ ဖန်တီးပြီး ချုပ်တာလည်းရှိပါတယ်။ လာအပ်တဲ့သူလိုချင်တဲ့ပုံစံကိုလုပ်ခိုင်းရင်လည်း ဝန်ဆောင်မှုပေးပါတယ်။
ဈေးနှုန်းပိုင်း . . .
ဈေးနှုန်းကတော့ သုံးတဲ့ပစ္စည်းပေါ်မူတည်ပြီး ယူပါတယ်။တစ်သမတ်တည်းတော့မရှိပါဘူး။ ပစ္စည်းအမျိုးအစားအလိုက် ဈေးကလည်းလိုက်ပြီး ပြောင်းလဲသွားပါတယ်။ ကိုယ့်ဘာသာအဝတ်စယူပြီး လာအပ်ရင်လည်း ချုပ်ပေးသလို ဆိုင်ကနေအဝတ်ထည်တစ်ခုလုံး အစအဆုံးတာဝန်ယူပြီးလည်း ချုပ်ပေးပါတယ်။ ဆိုင်က အဝတ်စတွေကတော့ များသောအားဖြင့် ဘန်ကောက်ကနေ ကိုယ်တိုင်ဝယ်တာများပါတယ်။
အနာဂတ်အစီအစဉ် . . .
အခုလောလောဆယ်တော့ ဒီတစ်ဆိုင်ကိုပဲ အဆင်ပြေအောင်လုပ်ဖို့ မှန်းထားပါတယ်။ ဒီဆိုင်အောင်မြင်အောင်လုပ်ပြီးရင်တော့ နောက်ပိုင်းတိုးချဲ့သွားဖို့ ရှိပါတယ်။ အခုချိန်မှာ အနာဂတ်အစီအစဉ်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။