၁၉၅၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့Mukesh Dhirubhai Ambani ဟာ အိန္ဒိယစီးပွားရေးလောကမှာ သြဇာကြီးမား တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်ပါတယ်။ Fortune Global 500 ကုမ္ပဏီတွေထဲမှာပါပြီး ဈေး ကွက်တန်ဖိုးအရ အိန္ဒိယနိုင်ငံမှာ ဒုတိယတန်ဖိုးအကြီးမား ဆုံးကုမ္ပဏီဖြစ်တဲ့Reliance Industries Limited (RIL) ရဲ့ ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုဒါရိုက်တာနဲ့ ရှယ်ယာအများဆုံး ပိုင် ဆိုင်သူဖြစ်ပါတယ်။ ကုမ္ပဏီရှယ်ယာစုစုပေါင်းရဲ့ ၄၄.၇ ရာခိုင်နှုန်းကို သူကပိုင်ဆိုင်ထားပါတယ်။ RIL ဟာ အဓိက အားဖြင့် ရေနံချက် လုပ်ငန်း၊ ရေနံဓာတုပစ္စည်း၊ ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍတွေကို လုပ်ကိုင်ပါတယ်။ ဒီကုမ္ပဏီရဲ့ လက် အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Reliance Retail Ltd ဟာ အိန္ဒိယနိုင်ငံမှာ အကြီးဆုံးလက်လီလုပ်ငန်းကြီး ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်း က သူက Forbes မဂ္ဂဇင်းကြီး ရဲ့ “ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်း” မှာ အဆင့် ၃၇ ရခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တုန်းကလည်း Forbes ရဲ့ “အရေးအပါဆုံးပုဂ္ဂိုလ်ကြီး ၆၈ ဦး” အမည်စာရင်းထဲမှာ ပါခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူဟာ အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ အာရှတိုက်တစ်ခုလုံး မှာ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပါပြီ။ Ambani ဟာ သူတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုဒေါ်လာ ၁၉.၆ ဘီလီယံရှိ တဲ့အတွက် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေရဲ့စာရင်းမှာ နံပါတ် ၁၉ ချိတ်သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့ကို သူ ဆက်တိုုက်ထိန်းထားခဲ့တာ ခြောက်နှစ် ရှိသွားပါပြီ။ သူဟာ Reliance ကုမ္ပဏီကတစ်ဆင့် Indian Premier League အဖွဲ့ကြီးရဲ့လက်အောက်ကMumbai Indians အားကစားအသင်းကိုလည်း ပိုင်ဆိုင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Forbes က သူ့ကို ကမ္ဘာပေါ်က အချမ်းသာဆုံး အားကစားအသင်းပိုင်ရှင်တစ်ယောက်အဖြစ်လည်း သတ်မှတ် ခဲ့ပါတယ်။ သူဟာ အမေရိကန်ဘဏ်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့နဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ အပြည် ပြည်ဆိုင်ရာအကြံပေး အဖွဲ့တွေထဲမှာ လည်း လုပ်ကိုင်ခဲ့ပါ တယ်။ သူဟာ အိန္ဒိယနိုင်ငံက ထိပ်တန်းစီးပွားရေး တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယ စီမံခန့်ခွဲရေး တက္ကသိုလ် (Bangalore) ရဲ့ အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့မှာ ဥက္ကဋ္ဌဖြစ်ပါတယ်။ ငယ်စဉ်ဘဝ Mukesh Ambani ကို ၁၉၅၇ ခုနှစ်မှာDhirubhai Ambani နဲ့Kokilaben Ambani ဇနီးမောင်နှံက မွေးဖွားခဲ့ပါတယ်။ သူ့မှာAnil Ambani ဆိုတဲ့ ညီတစ်ယောက်နဲDipti Salgaoncar နဲ့ Nina Kothari ဆိုတဲ့ ညီမနှစ်ယောက်ရှိပါတယ်။ Ambani မိ သားစုဟာ ၁၉၇၀ ပြည့် လွန်နှစ်တွေအထိ Mumbai မြို့ Bhuleshwar အစိတ်အပိုင်းက အိပ်ခန်းနှစ်ခန်းပါတဲ့ သာ မန်အိမ်ကလေးတစ်လုံး မှာ နေခဲ့ကြတာဖြစ်ပါ တယ်။ အဲဒီ နောက်မှာ Dhirubhai ဟာ Colaba ကျွန်းဆွယ်အပိုင်းကSea Windလို့ခေါ်တဲ့ အထပ် ၁၄ ထပ်ရှိတဲ့ တိုက်ကြီးတစ် လုံးကိုဝယ်ခဲ့ပြီး Mukesh နဲ့ Anil တို့က သူတို့ရဲ့ မိသား စုတွေနဲ့အတူ ကိုယ့်အလွှာနဲ့ကိုယ်နေခဲ့ကြတာဟာ မကြာသေး ခင်အချိန်အထိပါပဲ။ Mukesh ဟာ Mumbai မြို့၊ Peddar လမ်းက ံHill Grange အထက်တန်းကျောင်းကို သူ့ညီနဲ့အတူ ပထမဆုံးစပြီး တက်ခဲ့ပြီး အဲဒီကျောင်းက အတန်းဖော် Anand Jain ဟာ သူ့ရဲ့ အရင်းနှီးဆုံးလုပ်ဖော်ကိုင် ဖက် ဖြစ်လာပါ တယ်။ သူဟာ Mumbai တက္ကသိုလ်က BE ဘွဲ့ကို ဓာတု အင်ဂျင်နီယာဘာသာနဲ့ ရခဲ့ပါတယ်။ အဲဒီနောက် Mukesh ဟာ Stanford တက္ကသိုလ်မှာ MBA ဘွဲ့အတွက် ကျောင်း တက်ဖို့ စာရင်းသွင်း ခဲ့ပေမဲ့ သူ့အဖေ Reliance ကုမ္ပဏီ ကို တည်ဆောက်တဲ့နေရာမှာ ကူပြီးလုပ်ကိုင်ဖို့အတွက် အဲဒီ တက္ကသိုလ်ကထွက်ခဲ့ရပါတယ်။ Reliance ဟာ အဲဒီအချိန်က သေးငယ်တဲ့ကုမ္ပဏီကလေးပဲ ရှိသေးပေမဲ့ အရှိန် အဟုန်နဲ့ တိုးတက်လာနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ Indira Gandhi ဦးဆောင် တဲ့ အိန္ဒိယအစိုးရဟာ ပိုလီယက်စတာနန်းကြိုးချည်မျှင် (PFY) ထုတ်လုပ်ရေးလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍကလုပ်ဖို့ ဖွင့် ပေးခဲ့ပါတယ်။Dhirubhai Ambani က PFY ထုတ်လုပ် ရေးစက်ရုံတစ်ရုံတည်ဖို့ လိုင်စင်လျှောက်ထားခဲ့ပါတယ်။ Titas ၊ Birlas နဲ့ တခြားကုမ္ပဏီပေါင်း ၄၃ ခုက အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ကြားကပဲ လိုင်စင်ကိုDhirubhai က ရခဲ့ ပါတယ်။ PFY စက်ရုံကို တည်ဆောက်တဲ့နေရာမှာ သူ့ကို ကူညီဖို့အတွက် Dhirubhai ဟာ Stanford တက္ကသိုလ်မှာ MBA တက်နေတဲ့ သူ့ရဲ့အကြီးဆုံးသား Mukesh ကို ကျောင်းကထွက်ခိုင်းခဲ့ပါတယ်။Mukesh Ambani ဟာ သူ့အဖေကို ကူညီဖို့ ကျောင်းကထွက်ခဲ့ပြီး Reliance ရဲ့ အထည်အလိပ်ဆီက ပိုလီယက်စတာချည်မျှင်ဆီကို ပြောင်း ပြန်ပေါင်း စည်းသွားအောင် ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၁ ခုနှစ်ကစပြီး အဲဒီကတစ်ဆင့် ရေနံဓာတုပစ္စည်းဆီကို ထပ် ပြီး ပေါင်းစည်းပေးခဲ့ပါတယ်။ Mukesh Ambani ဟာ ၁၉၈၁ ခုနှစ်မှာ Reliance စက်မှုလုပ်ငန်းထဲကို ဝင်ခဲ့ပါတယ်။ သူဟာ Reliance ရဲ့ အထည်အလိပ်ဆီက ပိုလီယက်စတာဆီကို နောက် ကြောင်းပြန်ပေါင်းစည်းတဲ့ခရီးကို စပြီးလျှောက် ခဲ့သလို နောက်ပိုင်းမှာ ရေနံဓာတုပစ္စည်း၊ ရေနံချက်လုပ်ငန်းနဲ့ အဲဒီ ကတစ်ဆင့် ရေနံနဲ့ဓာတ်ငွေ့စူးစမ်းရှာဖွေရေးနဲ့ ထုတ်လုပ် ရေးတွေအထိ တက်လှမ်းခဲ့ပါတယ်။ Mukesh Ambani ဟာ (အခုအချိန်မှာReliance Communications Limited ဖြစ်လာတဲ့) Reliance Infocomm Limited ကို တည် ထောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ သတင်းအချက်အလက် နဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းမှာ လက်ဦးမှုရဖို့ အာရုံ စူးစိုုက်ခဲ့ပါတယ်။ Ambani ဟာ အိန္ဒိယနိုင်ငံ Jamnagar မြို့မှာ ကမ္ဘာ့အကြီးဆုံးအခြေခံအဆင့် ရေနံချက်စက်ရုံကြီး တည်ဖို့ ဦးဆောင်လမ်းညွှန်ခဲ့ပါတယ်။ ဒီစက်ရုံကြီးဟာ ၂၀၁၀ ပြည့်နှစ်မှာ တစ်နေ့ကို စည် ၆၆၀,၀၀၀ (တစ်နှစ် ကိုတန်ချိန် ၃၃ သန်း) ထုတ်လုပ်နိုင်စွမ်းရှိပြီး ရေနံဓာတု ပစ္စည်း၊ ဓာတ်အားထုတ်လုပ်မှု၊ ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းဆက်စပ် အခြေခံအဆောက်အအုံတွေကိုလည်း ပေါင်းစည်းပေးထားပါ တယ်။ Ambani ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ကနဦးရေနံ ချက်စက်ရုံကြီးတည်ခဲ့တဲ့အတွက် အသိအမှတ်ပြုချီးကျူးခံခဲ့ ရသလို RIL ရဲ့ ထုတ်လုပ်မှုစွမ်းရည်ကို အကြီးအကျယ် တိုးတက် သွားအောင်လုပ်ပေးခဲ့ တဲ့ ခေတ်အမီ ဆုံးထုတ်လုပ်ရေး ပစ္စည်းကိရိယာတော်တော်များများကို ဖန်တီးဖို့ ရှေ့တန်းက ဦးဆောင်ခဲ့တဲ့အတွက်လည်း အသိအမှတ်ပြုချီးကျူးခံခဲ့ရပါ တယ်။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ အိန္ဒိယထိပ်သီး အစည်းအဝေးကြီးမှာ ပူးတွဲသဘာပတိလုပ် ဖို့ သူ့ကို ရွေးချယ်ခဲ့ပါတယ်။ WEF ဟာ ကမ္ဘာတစ်ဝန်းက ထင်ရှားတဲ့စီးပွားရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ မူဝါဒချမှတ်သူတွေ၊ ပညာရှင်တွေ၊ ပရဟိတစေ တနာရှင် တွေ၊ ကုန်သွယ်ရေးသမဂ္ဂဝင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အ စည်းကိုယ်စားလှယ်တွေပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေး ပြဿနာနဲ့ အရေးကြီးတဲ့လူ မှုရေးပြဿနာတွေနဲ့ပတ်သက် ပြီး တစ်နှစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေတဲ့ အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲဒီနောက် တစ်နှစ်အကြာ မှာပဲ သူဟာ အိန္ဒိယနိုင်ငံရဲ့ ရူးပီးငွေထရီလီယံ ချမ်းသာတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာThe Economic Times သတင်း စာကြီးနဲ့ Press Trust of India သတင်းဌာနကြီးနှစ်ခုစလုံး က Ambani ကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးအဖြစ် တစ်ပြိုင်တည်းရွေးချယ် လိုက်ကြပါတယ်။ နောက် တစ်နှစ်မှာ သူဟာMumbai Indiansဆိုတဲ့ အိန္ဒိယ ပရီးမီးယားလိဂ် ခရစ်ကက် အားကစားအသင်းတစ်သင်းကို တည်ထောင်ခဲ့ပါ တယ်။ ၂၀၁၀ ပြည့်နှစ်မှာ သူဟာ WEF ဖောင်ဒေးရှင်း ဘုတ်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ရွေးချယ် ခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက Mohali မြို့မှာကျင်းပခဲ့တဲ့ တိုးတက်သောပန်ဂျပ်ပြည်နယ် ထိပ်သီး အစည်းအဝေးမှာ Ambani က အိန္ဒိယနိုင်ငံရဲ့4G Network အတွက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ တည်ဆောက် တဲ့နေရာမှာBharti Airtel နဲ့အတူ “ပူးပေါင်းစွန့်စားတဲ့ လုပ်ငန်း” တစ်ခုလုပ်မယ့်ဖြစ်နိုင်ခြေရှိကြောင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်။ Mukesh ဟာ Nita Ambani နဲ့ လက်ထပ်ခဲ့ ပြီး Anant နဲ့ Akash ဆိုတဲ့ သားနှစ်ယောက်နဲ့ Isha ဆိုတဲ့ သမီးတစ်ယောက်မွေးခဲ့ပါတယ်။ သူတို့ဟာ Mumbai မြို့က Antilia လို့ နာမည်ပေးထားတဲ့အထပ် ၂၇ ထပ်ရှိတဲ့ ကိုယ်ပိုင်အဆောက်အအုံကြီးမှာ နေထိုင်ကြပြီး အဲဒီအဆောက် အအုံကြီးဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိတဲ့ အတွက် သမိုင်းတစ်လျှောက်မှာ တန်ဖိုးအကြီးဆုံးအိမ်ကြီး လို့ ပြောစမှတ် တွင်နေပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ Mukesh ဟာ Reliance Industries Ltd (RIL) ရဲ့ အကြီးအကဲအနေနဲ့ သူရခဲ့တဲ့ လစာငွေတွေထဲက စုစုပေါင်းရူးပီး ၂၄ ကုဋေနီးပါး ကို မယူတော့ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်လာ ခဲ့ပါတယ်။ RIL ရဲ့ ထိပ်တန်းစီမံခန့်ခွဲရေးဝန်ထမ်းတွေ အတွက် ပေးမယ့်လစာနဲ့ ခံစားခွင့်တွေကို မြှင့်တင်လိုက်တဲ့ ဘဏ္ဍာရေးနှစ်မှာပဲ သူက အဲဒီလိုမယူဘဲနေဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် သူ့ရဲ့လစာငွေဟာ လေးနှစ်ဆက်တိုက် ရူးပီး ၁၅ ကုဋေထက် မကျော်တော့ဘဲ ဖြစ်သွားခဲ့ပါတယ်။ Ref: Wikipedia,Economist