ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုမြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းလ်နဲ့ပတ်သက်လို့ SMS ကတစ်ဆင့် လူအများစိတ်ဝင်စားမယ့် သတင်းနဲ့ Value Added Service တွေကို ပြည်တွင်းကုမ္ပဏီတွေ၊ Telecom Operator တွေနဲ့ ပူးပေါင်းကာ အသုံးပြုသူတွေဆီရောက်အောင် ဝန်ဆောင်မှုပေးနေတဲ့ MONO Technology Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ Country Head တာဝန်ယူထားတဲ့ Mr Akirakon I-Kitisiri ကို MONO Group အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
ကျွန်တော် ဒီမှာ General Manager တာဝန်ယူထားပါတယ်။ ဝန်ထမ်းတွေကို Training ပေးတဲ့အပိုင်းကိုလည်း တာဝန်ယူထားပါတယ်။ ဒါပြင် ဝန်ထမ်းတွေရဲ့ လူမှုဘဝတွေ၊ လုပ်ငန်းချဲ့ထွင်မှုအပိုင်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့ ကုမ္ပဏီက ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ MONO ကို စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၉ ၊ ၉၈ ခုနှစ်လောက်ကတည်းက မိသားစုပုံစံနဲ့ပဲ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းစတင်ခါစက ဝန်ထမ်းဦးရေ ၂၀ လောက်နဲ့ စတင်ခဲ့ရာကနေ အခုဆိုရင် ကျွန်တော်တို့လုပ်ငန်းဟာ ဝန်ထမ်းပေါင်းတစ်ထောင်ကျော်နဲ့ လည်ပတ်နေပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံစတော့အိတ်ချိန်းမှာလည်း စာရင်းဝင်ကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ Group က လုပ်ငန်းစခဲ့တုန်းကတော့ IT Solution တွေ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအသေးလေးအနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Publication တွေ၊ ထိုင်းနိုင်ငံက Mobile Phone Operator တွေနဲ့ အတူတွဲဖက်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီကစပြီးတော့ Mobile Value-Added Service လုပ်ငန်းကို စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လုပ်ငန်းတွေ တိုးတက်လာပြီး ကုမ္ပဏီလည်း ကြီးထွားလာခဲ့သလို လုပ်ငန်းခွဲတွေလည်း ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ Mobile Internet Business ဝန်ဆောင်မှုပေးတဲ့ mthai.com ဆိုတဲ့ Website လုပ်ငန်းကိုလည်း ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာ Music Business ကို စတင်ချဲ့ထွင်ခဲ့ပြီး MONO Music၊ MONO Film တို့လို လုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ်။ ကျွန်တော်တို့မှာ MONO29 ဆိုတဲ့ TV Channel လည်းရှိပြီး လက်ရှိမှာ ကျွန်တော်တို့က ထိုင်းနိုင်ငံရဲ့ TV Channel ၂၆ ခုထဲမှာ စတုတ္ထနေရာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က Radio Business လည်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ MONO က AEC နဲ့အတူ တခြားနိုင်ငံတွေကို လုပ်ငန်းချဲ့ထွင်ဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်ထားတာကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြားလုပ်ငန်းခွဲတွေ ရှိနေပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတာ နှစ်နှစ်ရှိပါပြီ။ လက်ရှိမှာ Mobile Value-Added Service လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ Blue Planet (http:// www.blueplanet.com.mm/) ၊ MPT တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပါတနာတွေအများကြီးနဲ့ ပူးပေါင်းဆောင်ရွက်ရတာဟာ ကျွန်တော်တို့အနေနဲ့ Content အသစ်တွေကို ဖန်တီးနိုင်ဖို့နဲ့ မြန်မာပြည်ဈေးကွက်အတွင်းမှာ ရှင်သန်ရပ်တည်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ Publication Business နဲ့ပတ်သက်ရင်တော့ လက်ရှိမှာ 7 Days နဲ့Asian Fame Media တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါအပြင် ဆရာစံဇာဏီဘို၊ ဇင်ယော်နီ၊ DG Right နဲ့ Legacy Music တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ရဲ့ Content တွေကို မိုဘိုင်းဖုန်းသုံးစွဲသူတွေ အလွယ်တကူသိရှိနိုင်ပြီး Download ရယူနိုင်အောင် SMS နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်နေပါတယ်။ အဓိကအနေနဲ့ကတော့ ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ပူးတွဲဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဗီယက်နမ်ရဲ့ ဒုတိယအကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ Viettel တယ်လီကွန်း ကုမ္ပဏီနဲ့တွဲပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းနေပါတယ်။ လောလောဆယ်မှာတော့ တယ်လီနောနဲ့ MPT နဲ့ပဲ ပူးတွဲဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာတော့ ထပ်ပြီး ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ ဖွံ့ဖြိုးစနိုင်ငံတစ်ခုဖြစ်သလို ကျွန်တော်တို့လုပ်ငန်းဟာလည်း ဖွံ့ဖြိုးစလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ယုံကြည်တာက အခုအချိန်မှာ အိမ်တိုင်းမှာ မရှိမဖြစ်ဆောင်ထားကြတဲ့ ပစ္စည်းဟာ တီဗွီဖြစ်နေပြီး ဒုတိယအနေနဲ့မရှိမဖြစ်ဆောင်ထားနေကြတာကတော့ မိုဘိုင်းဖုန်းပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကို အသုံးပြုပြီး အမျိုးမျိုးသော ဖျော်ဖြေမှုတွေကို ရရှိနိုင်ပါတယ်။ အခုအခါမှာ မြန်မာပြည်ရဲ့ အင်တာနက်လိုင်းတွေကလည်း တော်တော်လေးကောင်းလာပြီဆိုပေမဲ့ ထိုင်းနိုင်ငံနဲ့ယှဉ်ရင်တော့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုခက တော်တော်လေး ဈေးကြီးနေပါသေးတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က SMS ကို အသုံးပြုပြီး Content ဖန်တီးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် Channel အသစ်တွေ၊ လိုင်းအသစ်တွေနဲ့ Content အသစ်တွေကို ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ကျွန်တော်တို့ မလာခင်က မြန်မာပြည်ရဲ့ မိုဘိုင်းဈေးကွက်ကို လေ့လာတယ်။ မြန်မာပြည်က အော်ပရေတာတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ပြီးမှ ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ကို ကျွန်တော် စစချင်းလာတုန်းကဆိုရင် ဒီကလူတွေရဲ့ လူနေမှု ပုံစံတွေကို သေချာလေ့လာရပါတယ်။ ကျွန်တော့်မှာ မြန်မာလူမျိုးတစ်ယောက်ရဲ့ ခံစားမှုမျိုးရှိတဲ့အတွက် ဒါဟာ ကျွန်တော့်အတွက်တော့ သိပ်မခက်ခဲလှပါဘူး။ နောက်ပြီး ကျွန်တော်က ဒီက စီးပွားရေးသမားတော်တော်များများနဲ့လည်း သိကျွမ်းနေတာကြောင့် သူတို့တွေက ကျွန်တော်တို့ လုပ်ငန်းကို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ မိတ်ဆက်ပေးကြပါတယ်။ ကျွန်တော်တို့က လူတွေစိတ်ဝင်စားတဲ့ ပုံစံမျိုးနဲ့ Content အသစ်တွေကို ဖန်တီးနေပြီး Digital Platform ပေါ်ကို မိတ်ဆက်ပေးနေပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ နံပါတ်တစ်ဖျော်ဖြေရေး Content ဖန်တီးသူဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ခြောက်ယောက်ရှိပါတယ်။ ဒါပြင် ထိုင်းနိုင်ငံကနေ တချို့လုပ်ငန်းတွေကို လာရောက်ဆောင်ရွက်ပေးနေတဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ရှိပါတယ်။
မြန်မာပြည်ဈေးကွက်မှာ ကျွန်တော်တို့ လုပ်ငန်းစတင်တာ တစ်နှစ်ရှိပြီဖြစ်ပေမဲ့ ဈေးကွက်ကို လေ့လာနေတာတော့ နှစ်နှစ်ရှိနေပြီဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာပြည်ရဲ့ Content ဈေးကွက်အခြေအနေက သိပ်အကွာကြီးမဟုတ်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ လူတော်တော်များများက Content တွေကို နှစ်သက်ကြမယ့် ဒီ Content တွေက တကယ်တမ်း ဘာကိုဆိုလိုလဲဆိုတာကိုတော့ မသိကြသေးဘူးလို့တော့ မြင်ပါတယ်။ မြန်မာပြည်မှာလိုပဲ ထိုင်းနိုင်ငံမှာလည်း ဗေဒင်၊ ဂီတတွေကို စိတ်ဝင်စားကြပါတယ်။
ဈေးကွက်ကို သိဖို့က အရေးကြီးဆုံးပါ။ ဈေးကွက်လို အပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့၊ လူတွေရဲ့ စိတ်ဝင်စားမှုကို မရရှိတဲ့ ဘယ် Content ကိုမှ Content ကောင်း တစ်ခုလို့ မခေါ်နိုင်ပါဘူး။ ဥပမာ - မိန်းကလေးတွေကို ဦးတည်တဲ့ Content တစ်ခုကို ဖန်တီးမယ်ဆိုရင် အရင်ဆုံး Content ဖန်တီးသူတစ်ယောက်အနေနဲ့ မိန်းကလေးတွေ အခုအချိန်မှာ ဘာကိုလိုချင်တောင့်တဆုံးလဲဆိုတာကို သိရပါမယ်။ ဒါမှလည်း သူတို့တွေရဲ့ စိတ်ဝင်စားမှုကိုရရှိပြီး အောင်မြင်တဲ့ Content တစ်ခုကို ဖန်တီးနိုင်မှာပါ။ ဥပမာ - မိန်းကလေးဆို အလှအပ၊ ယောကျ်ားလေးဆို ဘောလုံးနဲ့ ဆွဲဆောင်ပြီး Content ဖန်တီးတာမျိုးပါ။
ပထမဆုံးအကြိမ်မှာတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါကလည်း ကျွန်တော်က ဒီကို ပထမဆုံးအနေနဲ့ လာတဲ့သူဖြစ်တဲ့အတွက်ပါ။ ရုံးခန်းနေရာငှားတာတွေကအစ ကျွန်တော့်အတွက် အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းတွေ ခန့်အပ်တဲ့အခါမှာလည်း ပထမတော့ အခက်အခဲတွေ အများကြီးတွေ့ခဲ့ပါတယ်။
MONO ဟာ မိသားစုပုံစံနဲ့ပဲ သွားနေတာဖြစ်ပါတယ်။ ကျွန်တော်တို့က အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊ အောင်မြင်မှုကိုလည်း ကြီးကြီးမားမားရယူသွားမှာ ဖြစ်ပါတယ်။
အနာဂတ်မှာ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ နံပါတ်တစ် Mobile Content Service Provider ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ နောက်ပြီး လုပ်ငန်းကို ဒီထက်ပိုပြီးချဲ့ထွင်သွားဖို့ ခိုင်မာတဲ့ ပါတနာတွေ ထပ်ရှာသွားဦးမှာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့