ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ MPRL E&P Group of Companies ရဲ့ CSR လှုပ်ရှားမှု အစီအစဉ်တွေနဲ့ပက်သက်ပြီး MPRL E&P ရဲ့ CSR Officer ဖြစ်သူ Ms Anastacia Howe နဲ့ မေးမြန်းခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ်။
MPRL E&P ရဲ့ CSR အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက် MPRL E&P အနေနဲ့ CSRကို ကုမ္ပဏီရဲ့ စီးပွားရေးဗျူဟာ တွေထဲမှာ ပေါင်းစပ်ထည့်သွင်းထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ သတ်မှတ်ထားပါတယ်။ အထူးသဖြင့် MPRL E&P က ဒေသခံလူထုတွေကို ထောက်ပံ့အကျိုးပြုသလို သဘာဝပတ် ဝန်းကျင်နဲ့ကိုက်ညီပြီး လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ကျင့်ဝတ် နဲ့ညီညွတ်ပြီး ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ အကျိုးအမြတ် ကိုရှာဖွေတာဖြစ်ပါတယ်။
MPRL ရဲ့ CSR ဌာနအကြောင်း ကုမ္ပဏီအကြီးအကဲဖြစ်တဲ့ CEO ရဲ့ ဦးဆောင်မှုနဲ့အတူ ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ MPRL E&P ဟာ ပရဟိတလုပ်ငန်းတွေကို အမြဲတစေ လှုပ်ရှားဆောင်ရွက်ခဲ့ပါ တယ်။ လက်ရှိတည်ရှိနေတဲ့ လုပ်ထုံးလုပ်နည်းပုံစံမှာ ကုမ္ပဏီ ရဲ့လုပ်ငန်းဖွဲ့စည်းမှုပုံစံနဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့နဲ့ လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှုကို ထည့်သွင်းတည်ဆောက် ဖို့အတွက် MPRL E&P အနေနဲ့ CSR ဌာနတစ်ခုကိုတည် ထောင်ထားပါတယ်။ CSR လှုပ်ရှားဆောင်ရွက်မှုတွေဟာ ကုမ္ပဏီအတွက် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို လူထုအသိုင်းအဝိုင်းကို အကျိုးပြုဖို့လည်း လိုအပ်တယ်ဆိုတာကို MPRL E&P အ နေနဲ့နားလည်လက်ခံထားပါတယ်။ ရလဒ်အနေနဲ့ လုပ်ငန်း အတွက်ရော ပတ်ဝန်းကျင်မှာရှိတဲ့ လူထုအသိုင်းအဝိုင်းအတွက် ပါ အကျိုးသက်ရောက်စေမယ့် လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ စီမံကိန်းတွေကို ထောက်ပံ့ကူညီပေးဖို့ အရေးကြီးပါတယ်။ [caption id="attachment_8756" align="alignnone" width="720"]
ဒေသခံများနှင့်တွေ့ဆုံခြင်း[/caption]
MPRL E&P ရဲ့ CSR လှုပ်ရှားမှုအစီအစဉ်တွေ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကုန်း တွင်းကဏ္ဍမှာ MPRL E&P ကုမ္ပဏီရဲ့ အကြီးဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်တဲ့ Mann Field စီမံကိန်းထဲမှာ (၁) ရေရရှိရေး၊ (၂) ကျောင်းသုံးပစ္စည်းထောက်ပံ့ရေးနဲ့ ကျောင်းနဲ့ပတ်သက် တဲ့အခြေခံအဆောက်အအုံတွေကို ခိုင်မာတိုးတက်အောင် ဆောင်ရွက်ရေး၊ (၃) အိမ်သာများတည်ဆောက်ရေး၊ (၄) သုသာန်ဇရပ်များ တည်ဆောက်ရေး (၅) လက်ရှိကျောင်းများတွင် စာသင်ခန်းများ တိုးချဲ့တည် ဆောက်ရေးနှင့် ရေသန့်စင်စက်များထောက်ပံ့ရေး စတာ တွေကို MPRL E&P အနေနဲ့ လှုပ်ရှားဆောင်ရွက် လျက်ရှိပါတယ်။ [caption id="attachment_8749" align="alignnone" width="720"]
အိမ်ယာအထက်တန်းကျောင်းအတွက် ရေသန့်စင်စက်လှူဒါန်း[/caption]
ဦးစားပေးလှုပ်ရှားဆောင်ရွက်မှုတွေ (၁) ကျွန်မတို့အနေနဲ့ လက်ရှိအချိန်မှာ လူထုအဖွဲ့အစည်း တွေရဲ့လိုအပ်ချက်တွေနဲ့ အလေးထားမှုတွေကို သိရှိနိုင် ဖို့အတွက် အခြေခံဆန်းစစ်လေ့လာချက်တွေကို ပြုလုပ် ဆောင်ရွက်နေပါတယ်။ ဘာတွေကို ထောက်ပံ့ဆောင် ရွက်ရမလဲဆိုတာကို ဆန်းစစ်လေ့လာမှုတွေကနေ ရရှိ လာတဲ့ရလဒ်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒါ ပေမဲ့ ရေရည်မှာ MPRL E&P အနေနဲ့ အောက်ပါလှုပ် ရှားဆောင်ရွက်မှုတွေကို ဦးစားပေးဆောင်ရွက်သွားချင် ပါတယ်။ (၂) ပညာရေးနဲ့ အလုပ်အကိုင်ဖန်တီးခြင်း - စီမံကိန်းတွေရှိရာ ဒေသတွေမှာSupply Change Servicesတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ခြင်း - အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်နဲ့ သင်တန်းတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင်ဆောင်ရွက်ခြင်း - သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ ဘေးကင်းလုံခြုံရေး ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း [caption id="attachment_8754" align="alignnone" width="720"]
အိမ်ယာအထက်တန်းကျောင်းအတွက် နှစ်ထပ်ဆောင်ဆောက်လုပ်လှူဒါန်း[/caption]
MPRL E&P လုပ်ငန်းလည်ပတ်ဆောင်ရွက်တဲ့ လူထုအဖွဲ့ အစည်းတွေအပေါ် အကျိုးပြုမှု ပြီးခဲ့တဲ့နှစ်တွေတစ်လျောက်မှာ ဘာသာရေးဆိုင်ရာနေရာ တွေနဲ့ ပွဲတော်တွေ၊ မိခင်နဲ့ကလေးကျန်းမာရေးနဲ့ ART ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့ ပြည်တွင်း NGO တွေကို ထောက်ပံ့မှုအမြောက်အမြား ပြုလုပ်ခဲ့ပြီးပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာကျင်းပခဲ့တဲ့ စာပေပွဲတော်လိုမျိုး ပညာ ရေးလှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ လှူဒါန်းမှုတွေပြုလုပ်ခြင်းနဲ့စပွန်ဆာပေးခြင်းအားဖြင့် ပါဝင် အကျိုးပြုတာဟာ ကုမ္ပဏီရဲ့ထိန်းသိမ်းထားတဲ့စံနှုန်းတန်ဖိုး တွေအများကြီးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ [caption id="attachment_8752" align="alignnone" width="720"]
ကျေးရွာများအတွက်ရေတွင်းလှူဒါန်း[/caption]
၂၀၁၄ ခုနှစ်အတွက် MPRL E&P ရဲ့ CSR အစီအစဉ်တွေ အထက်မှာပြောခဲ့ပြီးသလိုပဲ အခြေခံလေ့လာဆန်းစစ်ချက် တွေကနေ ထွက်ပေါ်လာတဲ့ရလဒ်တွေအပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားမှာပါ။ ဘယ်လိုအစီအစဉ်တွေကိုပဲအကောင် အထည်ဖော်သည်ဖြစ်စေ ကုမ္ပဏီရဲ့ ရင်းနှီးမြုှပ်နှံမှုအတွက် အကျိုးအမြတ်ရဖို့လိုသလို လူထုအဖွဲ့အစည်းအတွက်လည်း ရေရှည်စဉ်ဆက်မပြတ် အကျိုးသက်ရောက်မှုရှိတဲ့ရလဒ်တွေ ရရှိဖို့အရေးကြီးပါတယ်။ ကျွန်မတို့လုပ်ငန်းဆောင်ရွက်နေတဲ့ လူထုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီး ှအေုန့သိူနမ တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ လူမှုဆက်ဆံရေးကို တိုးတက်ခိုင်မာအောင်လုပ်ဖို့ ကျွန်မတို့အနေနဲ့ မျော်လင့်ထား ပါတယ်။ [caption id="attachment_8755" align="alignnone" width="720"]
ကျေးရွာမူလတန်းကျောင်းအတွက် စာသင်စားပွဲခုံများလှူဒါန်း[/caption]
UN Global Compact ကို ဝင်ရောက်မယ့် အစီအစဉ် UN Global Compact က တကယ့်ကိုကောင်း မွန်တဲ့ လှုပ်ရှားမှုအစီအစဉ်တစ်ခုဖြစ်ပြီး အနာ ဂတ်မှာတော့ MPRL E&P အနေနဲ့ ွူGlobal Compact ကိုဝင်ရောက်ဖို့ဖြစ်လာမှာပါ။UN Global Compact ဟာ အဖွဲ့အစည်းအတွင်းမှာ အစီရင်ခံမှု (Reporting) နဲ့ အသိပညာဗဟု သုတစီမံခန့်ခွဲမှုအပိုင်းတွေကို တိုးတက်အောင် အကူအညီပေးမယ့် ကြီးမားတဲ့ဆက်သွယ်ရေး တန်ဆာပလာ (Communication Tool) တစ်ခု ဖြစ်ပါတယ်။ [caption id="attachment_8748" align="alignnone" width="720"]
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်း[/caption] [caption id="attachment_8753" align="alignnone" width="720"]
ကျောင်းသူကျောင်းသားများအား အာဟာရကျွေးမွေး[/caption]