မန္တလေးမြို့ရဲ့ နေရာကျယ်ဝန်းမှုနဲ့အတူ သက်သောင့်သက်သာ အနားယူနိုင်မယ့် ၊ ဝန်ဆောင်မှုတွေစုံလင်တဲ့ Moon Angel Beauty Spa နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .
အမှတ် 3KA ၊ လမ်း၃၀ (၅၈ လမ်းနဲ့ ၅၉ လမ်းကြား)၊ မန္တလေးမြို့ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၂-၆၇၄၆၇၊ ၀၉-၇၉၆၇၇၇၉၀၃-၅ ကို ဆက်သွယ်နိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ အမျိုးသမီးသီးသန့်ဆိုင်လည်း ဖြစ်ပါတယ်။ အထူးဝန်ဆောင်မှုတွေအတွက် ကြိုတင်ဘွတ်ကင်လုပ်ထားနိုင်ပါတယ်။
ဆိုင်ဖွင့်ဖြစ်ပုံနဲ့ရည်ရွယ်ချက် . . .
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝန်ဆောင်မှုတွေက ထိုင်းစတိုင်လ်ဖြစ်ပြီး မန္တလေးမြို့မှာ အမျိုးသမီးတွေ အပန်းဖြေနိုင်မယ့် နေရာလေးတစ်ခုအဖြစ် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
[caption id="attachment_25759" align="alignnone" width="720"]Facial Treatment[/caption]
[caption id="attachment_25760" align="alignnone" width="720"]Thai Massage[/caption]
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေ . . .
အဓိကရနိုင်တဲ့ Spa ဝန်ဆောင်မှုတွေကတော့ Facial Treatment ၊ Aromatic and Swedish Massage ၊ Body Treatment and Slimming ၊ Sauna ၊ Foot Massage ၊ Traditional Thai Massage နဲ့ Steam တို့ဖြစ်ပါတယ်။ Facial Treatment မှာဆိုရင် အသားအရေ အမျိုးအစားအလိုက် ဝန်ဆောင်မှုပေးနေပြီး အထူးဝန်ဆောင်မှုအနေနဲ့ Anti-Aging Treatment လည်းလုပ်နိုင်ပါတယ်။ Massage အမျိုးအစား ငါးမျိုးရှိပြီး Special Treatment အနေနဲ့ကတော့ Slimming Treatment နဲ့ Anti-Cellulite Treatment တို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်အသားအရေအတွက် Body Scrub နဲ့ Body Mask တို့လည်း ပြုလုပ်ပေးပါတယ်။ Aromatic အမျိုးအစားအနေနဲ့ Aromatic Water Therapy နဲ့ Aromatic Herbal Steam ဝန်ဆောင်မှုတွေ ရရှိနိုင်ပါတယ်။ Aromatherapy မှာ ရွေးချယ်စရာ ရနံ့ငါးမျိုးရှိပြီး အာနိသင်ငါးမျိုးကွဲပြားပါတယ်။
[caption id="attachment_25761" align="alignnone" width="720"]Aromatherapy[/caption]
အသုံးပြုတဲ့ Brand တွေက . . .
Spa နဲ့ Treatment အတွက် ထိုင်းနဲ့ ဆွီဒင်နိုင်ငံထုတ် Product တွေကို အသုံးပြုပြီး ဝန်ဆောင်မှုပေးပါတယ်။ ဆံပင်အတွက်ဆိုရင် ထိုင်းနိုင်ငံထုတ် Baivan အမျိုးအစားကို အသုံးပြုပါတယ်။ ပြင်သစ်နိုင်ငံထုတ် Phyto တံဆိပ် Skincare တွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
ဈေးနှုန်းအပိုင်း . . .
Facial Treatment အတွက် ၂၅,၀၀၀ ကျပ်ဝန်းကျင်က စတင်ပြီး Massage တွေကတော့ ၁၅,၀၀၀ ကျပ် ဝန်းကျင်ကနေ စပါတယ်။ Shampoo က နှစ်ထောင်ကျပ်ကနေ စတင်ပြီး ခေါင်းလျှော်ရည်အမျိုးအစားအလိုက် ၄,၅၀၀ ကျပ် ဝန်းကျင်အထိရှိပါတယ်။ Body Scrub ကတော့ ၂၇,၀၀၀ ကျပ်ကနေ စတင်ပြီး Body Mask ကတော့ ၄၅,၀၀၀ ကျပ်ကနေ စတင်ပါတယ်။ Steam နဲ့ Sauna ကတော့ မိနစ် ၃၀ ကို ၁၈,၀၀၀ ကျပ် ဖြစ်ပါတယ်။
[caption id="attachment_25762" align="alignnone" width="720"]Massage[/caption]
အများဆုံးလုပ်ကြတဲ့ ဝန်ဆောင်မှု . . .
Thai Massage နဲ့ Thai Herbal Ball Compress တို့ကို အများဆုံးပြုလုပ်ကြပြီး Steam နဲ့ Sauna တို့ကိုလည်း လုပ်ကြပါတယ်။
ဆိုင်အပြင်အဆင် . . .
ဆိုင်အပြင်အဆင်က ထိုင်းနဲ့ မြန်မာစတိုင်လ်ကို ပေါင်းစပ်ပြင်ဆင်ထားပါတယ်။ ဆိုင်မှာ စုစုပေါင်း လေးထပ်ရှိပြီး ဝန်ဆောင်မှုအလိုက် အခန်းတွေ၊ အထပ်တွေခွဲထားပြီး ဝန်ဆောင်မှုနဲ့အညီ ပြင်ဆင်ထားရှိပါတယ်။
ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ထားရှိမှုအပိုင်း . . .
Trainers က ထိုင်းနိုင်ငံက Spa Specialist ဖြစ်ပြီး ဝန်ထမ်းတွေကို နိုင်ငံတကာက Five Star Hotels တွေမှာ ရရှနိုင်တဲ့ ဝန်ဆောင်မှုတွေအတိုင်း ပေးနိုင်အောင် Training ပေးထားပါတယ်။
နန္ဒာနေဝင်း