မြန်မာနိုင်ငံမှာကျင်းပတဲ့ Monin Cup 2014

Monin Cup 1 နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ Monin World Cup ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ သုံးကြိမ်မြောက်ပြိုင်ပွဲအဖြစ် သြွဂုတ်လ ၂၈ ရက်နေ့ Yangon International Hotel Compound တွင်းရှိ FC Bar & Barista  မှာ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ Monin အဖွဲ့သားတွေရဲ့ ပွဲပြီးမြောက်အောင် အားတက်သရောလှုပ်ရှားမှု၊ ဝါသနာကြီးလှတဲ့မြန်မာလူငယ် Bartender တွေရဲ့ အားထုတ်ကြိုးစားမှုနဲ့ ဒိုင်ဖြစ်သူများရဲ့ လက်တွဲခေါ်ယူမှု၊ အတွေ့အကြုံမျဝေပေးမှုတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ဒီပွဲကြီးကို အခုလိုစကားသံတွေနဲ့ ပိုမိုအဓိပ္ပာယ်ရှိစေဖို့ ဖြည့်စွက်ရင်း ...  

ဦးလှမြင့်ထူး

Managing Director

HMH Distribution

Monin Cup 4 Monin ဆိုတာက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကတည်းက  ပြင်သစ်မှာ အခြေစိုက်ခဲ့တဲ့ကုမ္ပဏီပါ။ အခုထိနိုင်ငံပေါင်းတစ်ရာကျော်ကို ဖြန့်ဖြူးရောင်းချနေ ပါတယ်။ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်မှာ စဖြန့်ခဲ့ပါတယ်။ သူက သကာရည် သဘောမျိုးပါ။ ဒါကိုပဲရနံ့တွေ၊ အရောင်တွေထည့်ပြီးတော့ လူတွေအတွကRefreshing  ဖြစ်အောင်၊ အသုံးအဆောင် အချိုရည်တစ်ခုအနေနဲ့သုံးတာပါ။ ကော်ဖီ ဖျော်လို့ရတဲ့Net Flavour  ၊Fruit Flavour စတဲ့ Flavour ပေါင်းတစ်ရာကျော် ရှိပါတယ်။ အရောင်မျိုးစုံရှိတဲ့အတွက် ဟင်းချက်တဲ့အခါနဲ့ ဒီဇိုင်းဖော်တဲ့အခါ သုံးနိုင်ပါတယ်။ Monin Product  တွေကို Restaurant တွေ၊ Bar တွေနဲ့ အအေး ဆိုင်တွေမှာ သုံးလေ့ရှိကြတဲ့အတွက် Monin က Monin Cup ဃကစ ဆိုတဲ့ ဖလားတစ်ခု လုပ်လိုက်တယ်။ Restaurant နဲ့ Bar စတဲ့နေရာတွေက လူငယ်တွေ လာပြိုင်စေပြီး တော့ နိုင်ငံတစ်ခုမှာရောက်နေတဲ့ကိုယ်စားလှယ်က Monin Cup  ရဲ့ Champion ကိုရွေးချယ်ကြတယ်။ ဒါက ပထမအဆင့်ပြိုင်ပွဲပါ။ ဒုတိယပြိုင်ပွဲ၊ International အနေနဲ့ဆိုရင် မလေးရှားမှာပြိုင်ရပြီး နောက်ဆုံးပြိုင်ပွဲ၊ ဥရောပအဆင့်ဆိုရင်တော့ ပြင်သစ်မှာပြိုင်ရပါတယ်။ ပထမ နှစ်နှစ်တုန်းက ကျွန်တော်တို့ ကုမ္ပဏီမှာပဲ လုပ်ဖြစ်ပြီး International အဆင့်လောက်ထိ ဝင်ပြိုင်နိုင်ခဲ့ပါတယ်။ ဒီတစ်နှစ်မှာတော့ FC Bar&Barista  မှာကျင်းပဖြစ်တာပါ။ Monin သုံးတဲ့ဆိုင် တိုင်းက လူ ငယ်တွေ ဝင်ပြိုင်နိုင်ပါတယ်။ အခုလိုပြိုင်ပွဲကျင်းပတာဟာ Monin Product  တွေကို ကြော်ငြာသလိုလည်းဖြစ်တယ်၊ မြန်မာလူငယ်တွေအတွက် လည်း အတွေ့အကြုံတွေ ပိုလာစေပါတယ်။  

ကိုထွန်းထွန်းအေး

Sensory Judge

Monin Cup 2014 Competition

Monin Cup 7 ဒီပွဲမှာSensory Judge  အဖြစ် ကျွန်တော်အပါအဝင် စုစု ပေါင်း သုံးယောက်ရှိပါတယ်။ ကျွန်တော်တို့ကပြိုင်ပွဲဝင်တွေ ပြုလုပ်တဲ့ Cocktail ၊ Mocktail တွေရဲ့ အနံ့၊ အရသာတွေကို အကဲဖြတ်ပြီး ၆၅ မှတ်ပေးတယ်။Technical Judge  နှစ် ယောက်ပါပြီး သူတို့က ပြိုင်ပွဲဝင်တွေရဲ့ Preparation မှာ သန့်ရှင်းသပ်ရပ်မှု၊ Music နဲ့ အချက်ကျကျဖြစ်တာတွေကို ကြည့်ပြီးတော့ ၃၅ မှတ်ပေးပါတယ်။ စုစုပေါင်း အမှတ်တစ်ရာပေါ့။Monin Cup  ပြိုင်ပွဲက အဓိကက Monin Product  တွေရဲ့ အနံ့၊ အရသာတွေကို ခံစားကြည့် စေချင်တဲ့သဘောမျိုးပါပဲ။ ဒီပြိုင်ပွဲမှာက အသက် ၂၇ နှစ်အောက်လို့ ကန့်သတ်ထားတဲ့အတွက် ယှဉ်ပြိုင်တဲ့ လူဦးရေတော့ နည်းသွားပါတယ်။ ၁၅ ယောက်ပဲ။ အခုပထမအဆင့်မှာ Champion ဖြစ်တဲ့သူက မလေးရှားမှာ သွားပြိုင်ရမှာဖြစ်ပါတယ်။ အခုအတွေ့အကြုံအရတော့ တချို့ကလေးတွေက ပြိုင်ပွဲစည်းကမ်းအချို့ကို နားမလည်ဘဲ စာမေးပွဲမှာ အမေးနဲ့အဖြေ လွဲနေတဲ့သဘောမျိုးတွေ ဖြစ်နေပါတယ်။ ဒီပွဲမှာက အရသာကောင်းကောင်းစပ်နိုင်ဖို့နဲ့ သပ်သပ်ရပ်ရပ်ဖြစ်စေဖို့ကို အသားပေးထားတာပါ။  

ကိုဇော်ခန့်

Champion of Monin Cup 2014

Monin Cup 3 ကျွန်တော်က ပါရမီပီဇာကနေ လာရောက်ယှဉ်ပြိုင်တာပါ။ Union Bar ၊ Gekko Japanese Restaurant  မှာလည်း လုပ်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ Royal Mojito  ဆိုတဲ့ Mocktail ရယ်၊  Bubbly Peach့ ဆိုတဲ့ Cocktail နဲ့ ယှဉ် ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းငါးယောက် ပြန်ရွေးချယ်ပြီး ကိုယ်ပိုင် Creative နဲ့ Black Box မဲနှိုက်ယှဉ်ပြိုင်တဲ့အခါမှာ As Cool As Cucumber  ဆိုတဲ့ Cocktail နဲ့ ယှဉ်ပြိုင်ခဲ့ပါ တယ်။Monin Product  တွေနဲ့ ကိုယ်တိုင်ဖန်တီး ဖျော်စပ် ရမှာဖြစ်တော့ ကျွန်တော် Gin နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ သခွားသီးကို ရွေးလိုက်တယ်။ ပြီးတော့ ကျွန်တော် As Cool as Cucumber  ဆိုတဲ့စကားကိုလည်း သတိရမိလို့ အခုလိုနာမည်ပေးဖြစ်လိုက်တာပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ မလေးရှားကို မြန်မာနိုင်ငံကိုယ် စားပြုအနေနဲ့ သွားရောက်ယှဉ် ပြိုင်ရမှာဆိုတော့ ကျွန်တော့်အတွက် ကြီးမားတဲ့တာဝန်တစ်ခု ကို ယူလိုက်ရသလိုပါပဲ။  

ကိုဇင်မင်းထွန်း

1st Winner Up of Monin Cup 2014

Monin Cup 2 ကျွန်တော်က Gekko Japanese Restaurant  ကပါ။ ကျွန်တော်ယှဉ်ပြိုင်ခဲ့တာကBerry Merit  ဆိုတဲ့ Mocktail ရယ် Fresh Cucumber  နဲ့ Kiwi သုံးထားတဲ့ Grand Kiwi  ဆိုတဲ့ Cocktail ပါ။ နောက်ထပ် ငါးယောက် ရွေး ချယ်ပြီး ကိုယ်ပိုင် Creative နဲ့ ပြိုင်ရတဲ့အခါမှာGum Fantasy  ဆိုတဲ့ Cocktail နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။  Monin Product  တွေထဲက Bubble Gum  နဲ့ Bubble Gum Syrup  ကိုသုံးတာဖြစ်တဲ့အတွက် Gum ကိုယူတယ်။ နောက်ပြီး ကျွန်တော်သုံးတဲ့ Fresh Ingredient  တွေက Orange တို့၊ Lemon တို့ဆိုတော့ Fantasy နဲ့ လိုက်တယ်လို့တွေးပြီး Gum Fantasy  လို့ ပေးလိုက်တယ်။ ကျွန်တော် ပြိုင်ပွဲမှာ ဆုရရှိဖို့ကို အဓိကထားတာမဟုတ်ပေမယ့် အခုလိုပြိုင်ရ တာရော၊ ဆုရတာရော ကျွန်တော်ပျော်တယ်။ ကျွန်တော်က Bar မှာ လုပ်ရတာ ပျော်တယ်။ ကျွန်တော့်ရဲ့ Customer တွေအတွက် Performance တွေလုပ်ရတာ၊ Making fun လုပ်ပေးတာ၊ Bar နောက်မှာ စွယ်စုံကျွမ်းကျင် သူဖြစ်အောင် ကြိုးစားရတာတွေအားလုံးကို ကျွန်တော် သဘောကျပါ တယ်။  

မဖြူဖြူအောင်

2nd Winner Up of Monin Cup 2014

Monin Cup 6 ကျွန်မက Governor's Residence  က ဝင်ရောက်ယှဉ်ပြိုင် တာပါ။ ပါဝင်ယှဉ်ပြိုင်တဲ့အခါမှာ Summer Berry  ဆိုတဲ့ Mocktail ရယ်၊Spicy Colado  ဆိုတဲ့ Cocktail ရယ်နဲ့ ယှဉ်ပြိုင်ခဲ့ ပါတယ်။ ကိုယ်ပိုင် Creative ဖော် စပ်တဲ့အခါမှာ ညီမက Tequila နဲ့စမ်းပြီးစပ်ကြည့်ဖို့ စိတ်ကူးရတယ်။ Tequila နဲ့ စပ်တဲ့ Cocktail က ရှားတာလည်း ပါတာပေါ့။ ဒါနဲ့ Tequila ကို Orange နဲ့ စပ်ပြီးတော့ Cocktail ဖန်တီးပြီး Tequile Sunrise  ဆိုတဲ့အမည်ကို အစွဲပြုပြီးMyanmar Sunrise  ဆိုပြီး နာမည်ပေးဖြစ်ခဲ့တာပါ။ 1st Myanmar Bartender  ပြိုင်ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေမှာလည်း ထပ်မံပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။   Monin Cup 9 Monin Cup 10

ဟန်သက်ဝါ