Mondelez International

Mondelez1

Mondelez  International Inc ဟာ ကမ္ဘာတစ်ဝန်းအမှုထမ်း ၁၀၇,၀၀၀ ရှိပြီး အီလီနွိုက်ပြည်နယ်မှာ အခြေစိုက်တဲ့ နိုင်ငံတကာအမေရိကန်အစားအစာနဲ့ အဖျော်ယမကာကုမ္ပဏီကြီးဖြစ်ပါတယ်။ ယင်းကုမ္ပဏီလက်အောက်မှာ ယခင်က Kraft Foods Inc. ရဲ့ ကမ္ဘာလုံးဆိုင်ရာအစားအစာနဲ့ သရေစာတံဆိပ်တွေ အကျုံးဝင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်သုံးစွဲတဲ့နာမည် Mondelez ကို Kraft Foods အမှုထမ်းတွေက အကြံပေးခဲ့တာဖြစ်ပြီး လက်တင်ဝေါဟာရ 'ကမ္ဘာ' (mundus) နဲ့ အရသာရှိပြီး (delez) တို့ ပေါင်းစည်းဆင်းသက်တာဖြစ်ပါတယ်။ အီလီနွိုက်ပြည်နယ်၊ ရှီကာဂိုမြို့၊ ဒီးယားဖီး(လ်) ဆင်ခြေဖုံးမြို့နယ်မှာ ရုံးချုပ်ရှိတဲ့ Mondelez ဟာ ချောကလက်၊ ဘီစကွတ်၊ ကပ်စေးနှဲ၊ သကြားလုံးနဲ့ အဖျော်ယမကာအမှုန့်တွေ ထုတ်လုပ်ပါတယ်။ Mondelez Intl. Inc. လက်ထဲမှာ Oreo ၊ Nabisco ၊ Belvita စတဲ့ ကွတ်ကီးနဲ့ ခရက်ကာတွေ၊ Toblerone ၊ Cadbury နဲ့ Fry စတဲ့ ကပ်စေးနှဲနဲ့ ချောင်းဆိုးပျောက်ဆေးပြားတွေ Tang (ဖျော်ယမကာအမှုန့်) တွေလည်း ရှိပါတယ်။ Modelez ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာဘီလီယံသုံးဆယ်ရှိပြီး နိုင်ငံပေါင်း ၁၆၅ ခုမှာ လုပ်ငန်းခွဲတွေရှိပါတယ်။ ၂၀၀၁ ခုနှစ်မှာ Dart Industries ရဲ့ လုပ်ငန်းအများစုကို ထိန်းချုပ်ထားတဲ့ Jadeja Foods Inc နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ စီးပွားဖက်အဖြစ် ပူးပေါင်းခဲ့ပါတယ်။

Mondelez3

Mondelez International ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ National Dairy Products Corp. (National Dairy) ကို Thomas H. McInnerney က ၁၉၃၂၊ ဒီဇင်ဘာ ၁၀ ရက်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုတစ်ဝန်းတကွဲတပြားဖြစ်နေတဲ့ ရေခဲမုန့်လုပ်ငန်းတွေကို စုစည်းဖို့ ရည်ရွယ်တည်ထောင်တာဖြစ်ပြီး နို့ထွက်ကုန်ပစ္စည်းအမျိုးအမည်ပေါင်းစုံတိုးချဲ့ထုတ်လုပ်သွားဖို့ ယင်းလုပ်ငန်းတွေကို ဝယ်ယူခြင်းဖြစ်ပါတယ်။

Kraft Co ဖြစ်လာသော National Dairy

------------------------

National Dairy ဟာ ၁၉၆၉ ခုနှစ်မှာ Kraftco.Crop လို့ နာမည်ပြောင်းလိုက်ပါတယ်။ ''တိုးချဲ့မှုနဲ့ တီထွင်ကြံဆမှုတို့အရ ကျွန်ုပ်တို့ဟာ ၁၉၂၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဒေသတွင်း နို့နဲ့ ရေခဲမုန့်လုပ်ငန်းတွေထက် ပိုပြီးကျယ်ပြန့်လာပါတယ်။ ဒီမူရင်းထုတ်ကုန်တွေရဲ့ ရောင်းဈေးတွေဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အတော်လေးတည်ငြိမ်နေခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ရောင်းအား ၂၅ ရာခိုင်နှုန်းက အဲဒါတွေဖြစ်ပါတယ်'' လို့ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီကို ၁၉၇၂ ခုနှစ်မှာ အီလီနွိုက်ပြည်နယ်၊ ဂလင်းဗြူးမြို့သို့ ပြောင်းရွှေ့ပြီးနောက် လေးနှစ်အကြာမှာ ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှုကဏ္ဍတစ်ရပ်အဖြစ် ကုန်အမှတ်တံဆိပ်ကို အဓိကဇောင်းပေးကာ Kraft Co. လို့ နာမည်ပြောင်းခဲ့ပါတယ်။

[caption id="attachment_31544" align="alignnone" width="370"]CEO of Mondelez[/caption]

Cadbury ကို ဝယ်ယူခြင်း

-------------

၂၀၀၉၊ စက်တင်ဘာလ ၇ ရက်မှာ ဗြိတိန်မှ Dairy Milk နဲ့ Bourneville ချောကလက်တွေထုတ်လုပ်တဲ့ Cadbury စီးပွားရေးအုပ်စုကို Kraft က ပေါင်စတာလင် ၁၀.၂ ဘီလီယံနဲ့ သိမ်းပိုက်ဝယ်ယူဖို့ ကမ်းလှမ်းပါတယ်။ အဲဒီနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ Cadbury က အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ Kraft က ကမ်းလှမ်းချက်အသစ်ထပ်ပေးပါတယ်။ ဗြိတိန်နဲ့ ပြည်ပတို့မှာ အဲဒါကို နိုင်ငံရေးသမားရော ပြည်သူကပါ သိသာထင်ရှားစွာ ကန့်ကွက်ခဲ့ရာ အမေရိကားကို ဧရာမကြီးတွေ သိမ်းပိုက်မှုကို ကာကွယ်ဖို့ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒကို ဖော်ဆောင်ကျင့်သုံးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၀၊ ဇန်နဝါရီ ၁၉ ရက်နေ့မှာ Cadbury ဟာ Kraft က တန်ဖိုးဖြတ်တဲ့ ယင်းရဲ့ဈေးနှုန်း အသစ်ပေါင်စတာလင် ၁၁.၅ ဘီလီယံကို လက်ခံလိုက်ပါတယ်။ အဲဒါဟာ အမေရိကန်ဒေါ်လာ ၁၉.၅ ဘီလီယံနဲ့ ညီမျှပါတယ်။ အဲဒီဝယ်ယူမှုအတွက် ရန်ပုံငွေတချို့ကို ဗြိတိန်က တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်တဲ့ Royal Bank of Scotland က ထောက်ပံ့ပါတယ်။ Cadbury ဝယ်ယူတာဟာ ၂၀၀၇ မတ်လကတည်းက Kraft ဥက္ကဋ္ဌနဲ့ စီအီးအိုတာဝန်ထမ်းဆောင်ခဲ့တဲ့ Irene Rosenfeld (အိုင်ရင်းရို့ဆင်ဖဲလ်) ရဲ့ ရေရှည်နည်းဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူဟာ သုံးနှစ်အတွင်း Kraft Foods ကုမ္ပဏီအမြတ်တိုးပွားအောင် လုပ်ပေးခဲ့သူပါ။ အိုင်းရင်းဟာ ဥက္ကဋ္ဌဖြစ်လာတော့ ဈေးကွက်အသစ်တွေဖော်ဆောင်ပြီး Kraft ထုတ်ကုန် အမျိုးအမည်တွေကိုလည်း တိုးချဲ့လိုက်ပါတယ်။ Cadbury ကို ဝယ်ယူခြင်းအားဖြင့် ဘရာဇီးနဲ့ အိန္ဒိယတို့လို ဈေးကွက်သစ်တွေမှာ Kraft ထုတ်ကုန်တွေ နေရာရဖွယ်ရှိတယ်လို့ သူကယူဆပါတယ်။ (အဲဒီဈေးကွက်တွေမှာ မူလကတည်းက Cadbury ဟာ နာမည်ရပြီးသားဖြစ်ပါတယ်။)

Kraft နဲ့ Cadbury ပေါင်းစည်းမှုဟာ သရေစာ၊ မုန့်အချိုတွေနဲ့ အမြန်စားအစားအစာလုပ်ငန်းမှာ ကမ္ဘာလုံးဆိုင်ရာ ဧရာမကုမ္ပဏီကြီးတစ်ခုတည်ထောင်ဖို့ မိမိတို့ကုမ္ပဏီကို အသွင်ပြောင်းလဲရာမှာ ယုတ္တိတန်တဲ့ ခြေလှမ်းသစ်ဖြစ်မယ်လို့ သူက သဘောထားပါတယ်။ Cadbury ကို ဝယ်ယူခြင်းကြောင့် Kraft ဟာ ကမ္ဘာ့သကြားလုံးနဲ့ ကပ်စေးနှဲဈေးကွက်ရဲ့ ၁၄.၈ ရာခိုင်နှုန်းရရှိပြီး အိန္ဒိယ၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံတွေက ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ Cadbury ကို ဖြန့်ချိခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဝင်ငွေတိုးလာတော့ Oreo လို ကုန်စည်တွေဟာ ကလေးတွေ ချက်ချင်းဝယ်စားတဲ့ မုန့်တွေဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ Mars တံဆိပ်ချောကလက်တွေဟာ မုန့်အချိုဈေးကွက်မှာ ၁၄.၆ ရာခိုင်နှုန်းဝေစုရပြီး Nestle က ၇.၈ ရာခိုင်နှုန်းဝေစုရပါတယ်။ Cadbury ရောင်းအားဟာ Kraft က ဝယ်ယူပြီးနောက်ပိုင်း တက်မလာခဲ့ပါဘူး။

Kraft ဟာ ယင်းကိုဝယ်ယူလို့ အရောင်း ၃၀ ရာခိုင်နှုန်းတိုးပေမယ့် စတုတ္ထသုံးလမှာ အသားတင်အမြတ်က ဒေါ်လာသန်း ၅၄၀ (၂၄ ရာခိုင်နှုန်း) သာရှိပါတယ်။ Kraft ဟာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ နှစ်စဉ်စုဆောင်းငွေ ဒေါ်လာ ၆၇၅ သန်းရရှိဖို့ ကုမ္ပဏီပေါင်းစည်းမှုအတွက် ဒေါ်လာ ၁.၃ ဘီလီယံသုံးစွဲခဲ့ပါတယ်။ Kraft ဟာ ပြောင်း၊ သကြား၊ ကိုကိုး စတဲ့ ကုန်ကြမ်းစရိတ်တွေကာမိအောင် အမေရိကန် (ကနေဒါ)နဲ့ ဥရောပတို့မှ ယင်းထုတ်ကုန်တွေကို ဈေးတင်ရောင်းပါတယ်။

''မျှော်မှန်းနိုင်တဲ့အနာဂတ်မှာ ဆက်ပြီးအားပျော့နေဦးမယ်လို့ ကျွန်မခန့်မှန်းပါတယ်'' လို့ အိုင်းရင်းက ပြောပါတယ်။ ပေါင်းစည်းမှုစရိတ်တွေပါ ထည့်တွက်ရင် Cadbury ဝယ်ပြီး ချက်ချင်းဆိုသလို Kraft ရဲ့ ရှယ်ယာတစ်စုတန်ဖိုးဟာ ၃၃ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ Kraft Foods ဟာ Cadbury ရဲ့ Somerdale စက်ရုံပိတ်ပစ်ရခြင်းအတွက် အထူးစိတ်မကောင်းကြောင်း ၂၀၁၀၊ မတ်လ ၁၇ ရက်နေ့က ပြောခဲ့ပြီး Kraft ရဲ့ အကြီးတန်းအရာရှိ Marc Firestone က ပါလီမန်အထူးကော်မတီရဲ့ ကြားနာမှုမှာ အမတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ၂၀၁၁ မတ်လမှာ Kraft ဟာ ပေါင်စတာလင်သန်းငါးဆယ်တန်တဲ့ အဲဒီစက်ရုံကို ပိတ်ပြီး ပိုလန်နိုင်ငံကို ရောင်းစားခဲ့ရပါတယ်။ စက်ရုံကို ရုတ်တရက်ရောင်းချမှုအတွက် Cadbury လုပ်သားတွေက တောင်းပန်ခိုင်းပေမဲ့ စီအီးအို Irene Rosenfeld က အဲဒီကိစ္စအတွက် မဖြေရှင်းနိုင်ပါဘူး။ Kraft ဟာ ၂၀၁၁ ဧပြီလက တောင်အာဖရိကနိုင်ငံမှာ ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံပြီး သုံးနှစ်အတွင်း ပေါ်ထွန်းလာတဲ့ ဈေးကွက်တွေမှာ Cadbury ချောကလက်တွေ ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်သွားပါတယ်။

Mondelez5

Kraft Food Group နှင့် Douwe Egberts

----------------------

၂၀၁၁ သြဂုတ်လမှာ Kraft ဟာ သရေစာကုမ္ပဏီနဲ့ တခြားစားသောက်ကုန်ကုမ္ပဏီဆိုပြီး အများပိုင်ကုန်သွယ်မှု ကုမ္ပဏီနှစ်ခုခွဲကြောင်း ကြေညာတယ်။ ၂၀၁၂ အောက်တိုဘာလမှာ သရေစာသီးသန့်ဖြစ်တဲ့ Mondelez International ကုမ္ပဏီဖွင့်ပြီး စားသောက်ကုန်ဇောင်းပေးတဲ့ ဒုတိယကုမ္ပဏီ Kraft Food Groups (KFG) တို့ကို ဖွင့်တယ်။ KFG ဟာ နောက်တော့ Heinz နဲ့ပေါင်းပြီး Kraft Heinz ကုမ္ပဏီဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်မှာ Kraft Heinz က ယင်းရဲ့ကော်ဖီလုပ်ငန်းအတွက် ဒတ်(ချ်)ကုမ္ပဏီ  Douwe Egberts နဲ့ ပူးပေါင်းကြောင်း ကြေညာပြီး Jacobs Douwe Egberts လို့ နာမည်ပြောင်းလိုက်ပါတယ်။ အဲဒီပေါင်းစည်း မှုကို ၂၀၁၄၊ မေ ၆ ရက်မှာ အတည်ပြုပြီး ၂၀၁၅၊ ဇူလိုင် ၂ ရက်မှာ ပြီးမြောက်တယ်။

Mondelez4

Hershey ကို ဝယ်ယူဖို့ကြိုးပမ်းခြင်း

--------------

၂၀၁၆ ၊ ဇွန် ၃၀ ရက်မှာ Mondelez ဟာ ယင်းထက်အင်အားသေးတဲ့ ပြိုင်ဘက် Hershey ချောကလက်ကုမ္ပဏီကို ဒေါ်လာ ၂၃ 'ဘီလီယံ' ဖြင့် ဝယ်ယူဖို့ ကမ်းလှမ်းတယ်။ ငွေသားတစ်ဝက်နဲ့ စတော့ရှယ်ယာတစ်ဝက်ပေးမှာဖြစ်ပြီး Hershey အစုရှယ်ယာတစ်စုတန်ဖိုး ၁၀၇ ဒေါ်လာဈေးပေါက်တယ်။ ဒါပေမဲ့ Hershey ဒါရိုက်တာအဖွဲ့က တညီတညွတ်တည်း ပယ်ချလိုက်တယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ McCain Foods ကုမ္ပဏီရဲ့ ဘယ်ဂျီယံနိုင်ငံသားစီအီးအို Dirk Vanlde Put ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကျရင် လက်ရှိစီအီးအိုအိုင်းရင်းရို့ဆင်ဖ်(လ်) (Irene Rosenfeld) ရဲ့ရာထူးကို ဆက်ဆံမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်သီဟ