မိုးယံ Omoto 1,800 kyats Shop

DSCN6108 post pic ဆိုင်တည်နေရာ အမှတ် ၁၅၊ အင်းစိန်လမ်းမကြီးနှင့် ဘူတာရုံလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၃၇၉၂၀၊ ၀၉-၅၁၂၂၇၄၉ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။   ဆိုင်ဖွင့်ချိန် မိုးယံ Omoto ဆိုင်အားလုံးကို မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်။   ဆိုင်နာမည်ပေးဖြစ်ပုံ မိုးယံဆိုတာကတော့ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေပင်ရင်း ထီဖြန့်ချိရေးကို ကိုယ်စားပြုပြီး Omoto ကတော့ ဂျပန် နာမည်ဖြစ်ပြီး ကြီးမြတ်သောလို့ အဓိပ္ပာယ်ရပါတယ်။   ရရှိနိုင်တဲ့စ္စည်းတွေ ကျန်းမာရေးအထောက်အကူပြုပစ္စည်း၊ ကလေးအသုံး အဆောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ သန့်ရှင်းရေးသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်း၊ အိပ်ခန်းအလှ ဆင်ပစ္စည်း၊ ခရီးသွားအသုံးအဆောင်ပစ္စည်း၊ အလှကုန် ပစ္စည်း၊ အထွေထွေပစ္စည်းစတဲ့ လူသုံးကုန်ပစ္စည်းအမျိုးပေါင်း သုံးသောင်းကျော်ကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ရရှိနိုင်ပါတယ်။   ဈေးနှုန်း Omoto  ဆိုင်မှာရှိတဲ့ ဘယ်ပစ္စည်းကိုမဆို ဈေးနှုန်းတစ်မျိုးတည်း ၁,၈၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။   အနာဂတ်အစီအစဉ် Omoto အနေနဲ့ ဂျပန်နိုင်ငံမှာ ကုမ္ပဏီမရှိသေးတော့ ပစ္စည်းမှာယူတဲ့အခါ ပေးဆောင်ရတဲ့ စရိတ်စကတွေရှိ တယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ ကုမ္ပဏီဖွင့်ပြီး Omoto ရဲ့ ကိုယ်စားလှယ်တွေ Whole Sale  နဲ့Franchise လုပ် ချင်တဲ့  Customer   တွေအတွက် ဒီထက်ပိုပြီး ဈေးနှုန်းသက် သက်သာသာနဲ့ တင်သွင်းရောင်းချပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ Omoto  ဆိုင်ခွဲပေါင်းကိုးဆိုင်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆိုင်ခွဲတွေကို အနည်းဆုံး တစ်လကို သုံးဆိုင်ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပါတယ်။