နိုင်ငံတကာကြော်ငြာနဲ့ Content လုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံရှိသူ Mr Michael O’Hare နဲ့ တွေ့ဆုံခိုက်မှာ လက်ရှိခေတ်စားနေတဲ့ Content ဆိုတာရယ်၊ ပြောင်းလဲနေတဲ့ ကြော်ငြာလုပ်ငန်းနယ်ပယ်က အခြေအနေတွေရယ်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
လုပ်ငန်းအတွေ့အကြုံ
------------------------
ကျွန်တော့်ဇာတိက လန်ဒန်ကပါ၊ အဲဒီမှာ ပညာသင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေကို အမြဲရှာတယ်၊။ ကမ္ဘာအနှံ့က စိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာတွေကို သွားချင်တယ်။ ဒါကြောင့် ကျွန်တော်က လန်ဒန်ကနေ နယူးဇီလန်၊ နယူးဇီလန်ကနေ သြစတြေးလျ၊ သြစတြေးလျကနေ ၂၀၀၁ ခုနှစ်မှာ အာရှဘက်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ကျွန်တော်က Advertising ပိုင်းမှာပဲ လုပ်ခဲ့တာပါ။ ကျွန်တော့်ကို အဲဒီနေရာတွေလွှတ်ဖို့ ကုမ္ပဏီကလိုအပ်ခဲ့တာရယ်၊ ဖြေရှင်းရမယ့်အကြောင်းတစ်စုံတစ်ရာ ရှိခဲ့တာရယ်တွေကြောင့် ရုံးအမျိုးမျိုးကို ရွှေ့ခဲ့ရတာက ကျွန်တော်အတွက် ကံကောင်းခဲ့ပါတယ်။
ကျွန်တော်သိရှိရတာက နိုင်ငံအမျိုးမျိုးက လူတွေကိုလေ့လာရတာ၊ သူတို့ရဲ့ ယဉ်ကျေးမှုကို အနည်းအကျဉ်း သင်ယူရတာ၊ သူတို့လုပ်ဆောင်တဲ့အရာတွေမှာ ပါဝင်လုပ်ဆောင်တာတွေက ကျွန်တော့်ရဲ့အလုပ်အတွက် တွေးခေါ်မှုပိုင်းမှာ တကယ့်ကိုအထောက်အကူဖြစ်ပါတယ်။
Advertising ပိုင်းမှာ အလုပ်လုပ်ခဲ့တာက ကျွန်တော့်ဘဝတစ်ခုလုံး နီးနီးပါပဲ။ လွန်ခဲ့တဲ့ခြောက်နှစ်ကတော့ Ogilvy & Mather က ကျွန်တော့်ကို Advertising ပိုင်းကနေ ခွဲထွက်ပြီး Content ဘက်ကို လျှောက်လှမ်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်နောက်ပြန်မလှည့်ခဲ့ဘူး။ ဒီအပြောင်းအလဲကို တကယ်သဘောကျခဲ့ပါတယ်။ ခရီးသွားရတဲ့အလုပ်ကိုရတာက ကံကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အာရှက ဒီမှာအလုပ်လုပ်ရတဲ့အတွက်လည်း တကယ့်ကိုဂုဏ်ယူမိပါတယ်။
လက်ရှိရာထူးနဲ့ တာဝန်တွေက
----------------
ကျွန်တော်က H&O APAC မှာ Regional Executive Creative Director တစ်ဦးဖြစ်ပါတယ်။ H&O ဆိုတာက Hogarth နဲ့ Ogilvy တို့ပူးပေါင်းမှုဖြစ်ပါတယ်။ Hogarth က ကမ္ဘာအနံှ့မှာ အထူးဖန်တီးမှုနဲ့ ထုတ်လုပ်ရေးဝန်ဆောင်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ Customer တွေအတွက် ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့ ဒီလိုပူးပေါင်းမှုတွေကို ရှာဖွေဖို့က Ogilvy ရဲ့ ဗျူဟာအစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့တာဝန်တွေက အာရှ-ပစိဖိတ်တစ်ဝိုက်မှာရှိတဲ့ Ogilvy တွေမှာ Integrated Content Operation တွေ တည်ဆောက်မှုမှာ ကူညီပေးဖို့ဖြစ်ပါတယ်။ ဒီအရည်အသွေးတွေကို ပိုပြီးအကျိုးသက်ရောက်မှုရှိရှိနဲ့ အနုပညာဖန်တီးမှုအတွက် အသုံးချဖို့အတွက် ကိုယ်ရည်ကိုယ်သွေးတွေကို လေ့ကျင့်သင်ကြားပေးပါတယ်။
ကမ္ဘာအနှံ့မှာဖြစ်နေတဲ့ Advertising Trend ကို ဘယ်လိုမြင်လဲ
--------------
APAC ကို နောက်လိုက်သဘောမျိုး ဒုတိယဈေးကွက်အနေနဲ့ ရှုမြင်ခဲ့တာက ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေအရ APAC ကို ခေါင်းဆောင်အနေနဲ့ ရှုမြင်လာကြပြီထင်ပါတယ်။
APAC နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ချက်က သူရဲ့တိုးတက်ပြောင်းလဲမှု ရှိနေတဲ့အရာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာက အလုပ်မဖြစ်ရင် မြန်မြန်ဆန်ဆန်နဲ့ ရှေ့ဆက်ပြီးတော့ တခြားအရာတွေကို ထပ်ကြိုးစားကြည့်တယ်။ လက်ရှိမှာ ဒီဇိုင်းသစ်လုပ်ဆောင်ခြင်းကို အသိမှတ်ပြုလာပြီလို့ ထင်တယ်။ အခုဆိုရင် ဥရောပနဲ့အမေရိကမှ အလုပ်လျှောက်စာ CV တွေ အများကြီးဝင်လာတာကို တွေ့ရပါတယ်။ ဒီလူတွေက အရှိန်မြန်မြန်နဲ့ နည်းလမ်းသစ်တွေကို လုပ်ဆောင်ကြိုးစားကြည့်ချင်ပါတယ်။ ကမ္ဘာကြီးကလည်း အာရှ-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့လုပ်နေတဲ့ နည်းလမ်းတွေကို နောက်ဆုံးမှာ အမီလိုက်နိုင်သွားပြီလို့ ထင်ပါတယ်။
ကမ္ဘာနဲ့ချီပြောရရင် Traditional Advertising က ပျောက်ကွယ်လာနေပြီးတော့ လက်ရှိမှာ ကျွန်တော်တို့ရဲ့ Client တွေက သူတို့ရဲ့ Customer တွေနဲ့ ချိတ်ဆက်ဖို့ အသုံးပြုနိုင်တဲ့လမ်းကြောင်းတွေ များစွာရှိလာပါတယ်။ ပြည်တွင်းအနေနဲ့ဆိုရင် ကျွန်တော်တို့ Client တွေက ဒီ Trend ကို လျင်လျင်မြန်မြန် လိုက်နိုင်ပါတယ်။
Advertising ဆိုတာက ကတိကဝတ်အကြီးကြီးတွေ၊ ဗျူဟာကျကျသွေးဆောင်ခေါ်ယူမှုတွေ၊ ခမ်းနားကြီးကျယ်တဲ့ အတွေးအခေါ်တွေနဲ့ ခိုင်မာတဲ့အမှတ်တံဆိပ်ဆောင်ပုဒ်တွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ မီဒီယာအသစ်မှာ Content Communications အတွက် လမ်းကြောင်းတွေ အများကြီးရှိလာပါတယ်။ ဒါက နှစ်ဦးနှစ်ဖက်ကောင်းမွန်တဲ့ အခြေအနေလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ Client တွေအနေနဲ့ ဈေးကွက်ထဲမှာ သူတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ပျံ့နှံ့သွားဖို့ ချိတ်ဆက်နိုင်မယ့်ပုံစံတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Advertising နဲ့ Content ဖန်တီးမှုပိုင်းကြားက ကွာခြားချက်
-----------------
ရိုးရိုးပြောရရင် Advertising ဆိုတာက အာရုံစိုက်မှုကို ရအောင်လုပ်တယ်၊ သွေးဆောင်တာဖြစ်ပါတယ်။ အမှန်တကယ်တော့ Advertising ရဲ့ အဦးဆုံးအဓိပ္ပာယ်တစ်ခုက ပုံနှိပ်နဲ့ သွေးဆောင်ခြင်းမျိုးဖြစ်ပါတယ်။ ဒါက တီဗွီ၊ ရေဒီယိုတွေမပေါ်ခင်အချိန်တွေက ဖြစ်ပါတယ်။ Advertising က နှစ်ပေါင်းကြာရှည်စွာမှတ်မိနိုင်တဲ့ ခိုင်မာတဲ့နည်းဗျူဟာတွေ၊ ခမ်းနားတဲ့အတွေးအခေါ်တွေ၊ ရုပ်ပုံတွေ၊ ဆောင်ပုဒ်တွေ လိုအပ်ပါတယ်။
Content ကတော့ မတူဘူး။ Content က စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေဖန်တီးပြီး လူတွေကို ဖိတ်ခေါ်တယ်၊ လူတွေနဲ့ချိတ်ဆက်တယ်။ မျှော်လင့်မထားတဲ့ အကြောင်းအရာဇာတ်လမ်းတွေနဲ့ Customer တွေ စိတ်ဝင်စားလာအောင်လုပ်တယ်။ ဒါက နည်းပညာ၊ မီဒီယာနဲ့ဆက်သွယ်မှု အတွေးအခေါ်တွေ သုံးတာဖြစ်ပါတယ်။ Content က သူ့နည်းသူ့ဟန်နဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အခုဆိုရင် Client တွေက ဈေးကွက်ထဲမှာ သူတို့ရဲ့ Customer တွေနဲ့ပိုပြီးချိတ်ဆက်ဖို့ Advertising ဒါမှမဟုတ်၊ Content နည်းတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Content ရဲ့ အဓိပ္ပာယ်
-------------
H&O ကတော့ Content ကို (အဲဒီ Content က) ဘာတွေလုပ်တယ်၊ ဘယ်လိုလုပ်ဆောင်တယ်ဆိုတဲ့အပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်တယ်။ Content က Customer တွေ တန်ဖိုးထားတဲ့အရာတွေကို ပြသပေးခြင်းနည်းနဲ့ သူတို့နဲ့ပိုပြီး ချိတ်ဆက်မှုရယူပါတယ်။ ဆိုလိုတာက Content အတွေးအခေါ်တွေဆိုတာ ဒီကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ အရည်အသွေးက Customer စိတ်ဝင်စားတဲ့၊ လိုချင်တဲ့ ဒါမှမဟုတ် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးတယ်ဆိုတဲ့ 'Customer အနေနဲ့ သူ့အတွက်' လို့ ခံစားရစေရမယ်။
ကျွန်တော် မကြာခဏကြားမိတာက Content က Social နဲ့ပဲ ဆိုင်တယ်ဆိုတာပါ။ Social တွေအားလုံးက Content ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့ Content အားလုံးက Social မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ APAC က Client တွေအနေနဲ့ သူတို့ရဲ့ Customer တွေနဲ့ ချိတ်ဆက်ဖို့အတွက် လမ်းကြောင်းပေးတဲ့အခါမှာ ဗီဒီယို၊ ဒီဂျစ်တယ်၊ ပွဲ၊ ဒီဇိုင်းနဲ့ Social စတဲ့ မီဒီယာနည်းတွေကို ပိုအာရုံစိုက်ကြပါတယ်။
ဆောင်ရန်နဲ့ ရှောင်ရန်
-----------
ကျွန်တော်ကတော့ Content နဲ့ပတ်သက်ပြီး ဆောင်ရန်တွေကိုပဲ ပြောချင်ပါတယ်။ လုပ်ရမယ့်အရာတွေက သူတို့စိတ်ဝင်စားတဲ့အရာတွေနဲ့ လူတွေကို ဖိတ်ခေါ်ပါ။ ရိုးသားမှုရှိပါ။ သင့်လျော်မှုရှိပါစေ။ အစပိုင်းကတည်းက အသုံးပြုသူနဲ့ ထုတ်ကုန်၊ဝန်ဆောင်မှုတွေရဲ့ကြား အပြန်အလှန် ချိတ်ဆက်မှုရှိစေဖို့နဲ့ Response Mechanism တစ်ခုကို တည်ဆောက်ထားရပါမယ်။ အဆုံးထိမစောင့်ပါနဲ့။ အတွေ့အကြုံကောင်းတွေက သင်ခန်းစာတွေယူပြီး စေ့ငှစွာတွေးတောလုပ်ဆောင်ထားမယ်ဆိုရင် ရေရှည်မှာ ကိုယ့်အမှတ်တံဆိပ်တွေနဲ့ Customer တွေကြားမှာ ဆက်သွယ်မှုကို ပိုမိုတိုးလာစေပါတယ်။
Advertising ပေါ်မှာ အမြင်
--------------
ဒီလုပ်ငန်းကို ယေဘုယျစဉ်းစားမယ်ဆိုရင် (ဒါက ဖွံ့ဖြိုးဆဲဈေးကွက်အားလုံးနဲ့သက်ဆိုင်ပါတယ်) ကြော်ငြာလုပ်ငန်းတစ်ခုအနေနဲ့ သူ့ရဲ့ပင်မအေဂျင်စီဆီက ဘာတွေကို မှီငြမ်းရမယ်ဖို့လိုတယ်၊ ပြီးတော့ ဈေးကွက်အနေအထား၊ နေရာဒေအလိုက်ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့ ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။
ဒီမှာရှိတဲ့အေဂျင်စီတွေက Silicon Valley မှာ လုပ်သလို Startup ချဉ်းကပ်နည်းမျိုးကို လုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာတွေကို ပေါင်းစပ်နိုင်ပြီး ဘာတွေကို တီထွင်မှာလဲဆိုတာက Client တွေအနေနဲ့ Customer တွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ဈေးကွက်ထဲကို ဆက်သွယ်မှုတွေ ရောက်စေမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာရှိတဲ့ Advertising လုပ်ငန်းက တကယ့်ကို လေးစားစရာကောင်းသလို စိန်ခေါ်မှုတွေ ရှိပါတယ်။ Content နဲ့ပတ်သက်လို့ အကြီးမားဆုံးအချက်က ဒီလုပ်ငန်းနယ်ပယ်မှာရှိတဲ့သူတွေအတွက် အရင်တုန်းက မတတ်နိုင်ခဲ့တဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးပါတယ်။
တကယ်လို့ ကိုယ်က ဗွီဒီယိုရိုက်ကူးတတ်တယ်၊ စာရေးဆရာတစ်ယောက်ဖြစ်တယ်။ ဒါမှမဟုတ် စုစည်းလုပ်ဆောင်ရတာ ကြိုက်တယ်၊ ဒီဂျစ်တယ်နည်းပညာတွေကို တတ်ကျွမ်းတယ်၊ ဂီတာပညာကို ကျွမ်းကျင်တယ်စတဲ့ ဖန်တီးမှုတစ်ခုခုကိုပဲဖြစ်ဖြစ် ကြိုက်နှစ်သက်တဲ့လူမျိုးတွေဆိုရင် ကြော်ငြာလုပ်ငန်းကဏ္ဍကို ဝင်ရောက်လေ့လာလုပ်ကိုင်ကြည့်သင့်ပါတယ်။
Content နဲ့ ပတ်သက်တဲ့လောက အခုနပြောခဲ့တဲ့အရည်အချင်းတွေနဲ့ လူတွေကိုလိုအပ်နေတာဖြစ်ပါတယ်။
ကိုယ့်မှာ ဘယ်လိုအရည်အချင်းပဲရှိရှိ၊ ဘာကြောင့်ပဲ ကြော်ငြာလုပ်ငန်းနယ်ပယ်မှာ ရောက်နေနေ ကိုယ့်ဈေးကွက်၊ ကိုယ့်ပြည်တွင်းယဉ်ကျေးမှုနဲ့ ပြည်သူ့အသံတွေကို ကိုယ်ဝန်ဆောင်မှု၊အလုပ်တွေမှာ ထင်ဟပ်နေအောင်လုပ်ဖို့က အရေးပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဒီဈေးကွက်က ဘယ်လိုအလုပ်လုပ်တယ်၊ ဒေသခံတွေက ဘယ်လိုတွေးတယ်ဆိုတာကို လုပ်ငန်းကို ဦးဆောင်တဲ့သူတွေက သိဖို့အရေးကြီးပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေတောင် မြန်မာနိုင်ငံကိုလာတဲ့အခါမှာ အထောက်အကူဖြစ်တဲ့အရာတွေရဖို့ ဒေသခံတွေရဲ့ အကူအညီတွေလိုပါတယ်။