လုပ်ငန်းတည်နေရာနဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်း၊ အီးမေးလ် . . .
အမှတ် ၃၊ စမ်းချောင်းကျောင်းလမ်း၊ ၈ မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ် ၀၉-၇၃၀၄၇၆၈၀ ၊ ၀၉-၇၃၀၇၇၉၆၄ ၊ ၀၉-၂၅၃၆၇၇၇၇၁ တို့နဲ့ [email protected] ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
ဆိုင်ဖွင့်လှစ်ဖြစ်ပုံ . . .
ဆိုင်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်က စဖွင့်ခဲ့ပါတယ်။ Delivery ပို့တဲ့ လုပ်ငန်းကိုတော့ ၂၀၁၂ ခုနှစ်ကတည်းက လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အိမ်တွေကနေ မှာတာတွေ၊ ဘုန်းကြီးပွဲ Package တွေ၊ အမေရိကားကို အခြောက်အခြမ်းဟင်းလျာတွေ ပို့တာတွေကို ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ကတည်းက လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေရင်းနဲ့ မိတ်ဆွေတွေက ဆိုင်လေး ဖွင့်ပါလားဆိုပြီး တိုက်တွန်းလာတာနဲ့ ဆိုင်ဖွင့်ဖြစ်သွားတာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြုလုပ်ထားလဲ . . .
မိတ်ဆွေတွေကို အိမ်ချက်အရသာကို ဝန်ဆောင်မှုပေးချင်တာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် အစားအစာတွေကို နေကြာဆီ (Canola Oil) ကိုပဲ သုံးပြီး ကိုယ်တိုင်ချက်ပြုတ်ထားပါတယ်။ အစားအစာတွေထဲမှာ အချိုမှုန့် လုံးဝမသုံးထားဘဲ အချိုအရသာကို ပေးနိုင်ဖို့ သကြားနဲ့ထန်းလျက်ကို သုံးပါတယ်။ လက်ဖက်နဲ့ ငါးခြောက်မှာတော့ ပဲဆီကို သုံးပါတယ်။
Delivery ပို့တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်နဲ့ သယ်ရတာလည်း လွယ်ကူအောင် Microwave ဘူးတွေ၊ Disposable ဘူးတွေကို သုံးထားပါတယ်။ နံနံပင်တို့၊ သံပရာသီးတို့လို အပူမပါတဲ့ အစားအစာတွေကိုတော့ ဖော့ဘူးကို ငှက်ပျောရွက်၊ ဒါမှမဟုတ် ဆီစိမ်စက္ကူခံပြီး ထည့်ပေးပါတယ်။ မိတ်ဆွေတွေ အဆင်ပြေစေဖို့ကိုလည်း ထမင်းဘူးတွေထဲမှာ စတီးဇွန်း ဒါမှမဟုတ် Microwave မှာ သုံးတဲ့ ဇွန်းတွေကို ထည့်ပေးပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက . . .
ကျွန်မတို့ဆီမှာ မြန်မာဟင်းလျာတွေတင်မကဘဲ ဥရောပအစားအစာတွေ၊ တရုတ်စာတွေရရှိနိုင်သလို Party တွေ၊ Gathering တွေအတွက်လည်း ဝန်ဆောင်မှု ပေးပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ရက်စာမှ လေး၊ ငါး၊ ခြောက်ထောင်လောက်ပဲ ကျပါတယ်။
ဘယ်လိုမှာနိုင်မလဲ . . .
တစ်ယောက်စာ၊ နှစ်ယောက်စာက တန်းမှာလို့ ရပါတယ်။ အရေအတွက် များများမှာရင်တော့ နှစ်ရက်လောက် ကြိုမှာရင် အဆင်ပြေပါတယ်။