


ဦးမျိုးဝင်းသန်း
Director
Than Phyo Thu Mining Co Ltd
ကျွန်တော်က EMBA 11 Batch မှာ တက်ရောက်ဆဲ ဖြစ် ပါတယ်။ ပြီးတော့EMBA 11 Batch ရဲ့ President တာ ဝန်ယူရတဲ့အခါမှာ ကိုယ့်ရဲ့ Batch အပြင် တခြား Batch တွေကိုလည်း Organize လုပ်ပေးရင်း Organizer တစ် ယောက်အနေနဲ့ ပါဝင်ပါတယ်။ စီးပွားရေးလုပ်တဲ့ အခါမှာ ကိုယ့်ရဲ့လုပ်ငန်းကို လက်တွေ့ဘယ်လောက်ပဲ တော်နေပါ စေ၊ စီးပွားရေးရဲ့သီအိုရီတွေကို နားလည်ဖို့လိုအပ်တယ်။ နောက် တစ်ခုကနိုင်ငံ တကာနဲ့ဆက်ဆံတဲ့အခါမှာ Business Term တွေသိဖို့၊ စနစ်တကျ စီးပွားရေးလုပ်တတ်ဖို့ ဒီ MBA က သင်ကြားတဲ့ပညာတွေကို တတ်ဖို့လိုတယ်လို့ယုံ ကြည်တယ်။ စီးပွားရေးပညာကို လုပ်ကိုင်တဲ့အခါမှာ စနစ် တကျနဲ့ထုတ်ကုန်တစ်ခုအတွက် ဘယ်လိုနေရာမျိုးရွေးချယ် မလဲ၊ ဘယ်လိုကုန်ကြမ်းကို ရှာမလဲ၊ ထုတ်လုပ်ခြင်း၊ Marketing ကစပြီး Customer ကို ဘယ်လို Relation လုပ်မလဲဆိုတာအဆုံး သင်တန်းကနေ MBA ကို တက် ရောက်တဲ့အတွက် လုပ်ငန်းခွင်ထဲမှာ အများကြီးအကျိုးရှိ စေပါတယ်။ သင် တန်းမှာ သင်လိုက် တဲ့ သင်ခန်းစာတွေ က စက်မှုဖွံ့ဖြိုးတိုး တက်တဲ့ အနောက် တိုင်း နိုင်ငံတွေက နေ သုတေသနပြု ထားတဲ့ စာတမ်းတွေကို သင်ရ၊ လေ့လာရတဲ့အခါမှာ လက် တွေ့လုပ်နေတဲ့နယ်ပယ်အတွက် အများကြီး အကျိုးရှိပါ တယ်။ မသိဘဲလုပ်နေတာ ထက်စာရင် စီးပွားရေးတစ်ခုမှာ ရှိတဲ့ သီအိုရီ၊ အတွေးအခေါ်တွေကို ကိုယ့်လုပ်ငန်းအတွက် သုံးဖြစ်သွားတာပေါ့။ အထူးသဖြင့် ကုန်ကြမ်းတွေထောက်ပံ့ ပေးတဲ့ Supplier တွေ၊ ကိုယ့်ရဲ့ကုန်ချောတွေကို စားသုံး ပေးမယ့် Customer တွေ ကို ဘယ်လိုဆက်ဆံရမလဲ၊Win-Win Situation ဖြစ်အောင် ဘယ်လိုဆက်ဆံဆောင် ရွက်ရမယ်ဆိုတာ သိလာတဲ့အခါ အလုပ်ထဲမှာ ပိုပြီးအကျိုး ရှိလာပါတယ်။ MBA သင်တန်းက သင်လာတာတွေကိုတော့ လက်တွေ့မှာ တော်တော်အသုံးချဖြစ်ပါတယ်။ MBA သင် တန်းက စီးပွားရေးလုပ်နေတဲ့သူတွေရော၊ စီးပွားရေးလုပ်မယ့် သူတွေပါ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုလည်းဖြစ် တယ်လို့ အကြံပေးချင်ပါတယ်။Day MBA ဆိုရင်လည်း တစ်ပတ်ကို လေး ရက်လောက် တက်ရပါတယ်။ EMBA ဆိုရင်လည်း ညနေ ၅ နာရီခွဲ ကနေ ၇ နာရီခွဲအထိ တစ် ပတ်ကို ခြောက်ရက်လောက် တက်ရပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုပေးဆပ်ရပေမယ့် ထိုက်တန်တဲ့အကျိုး ကျေးဇူးကိုရပါတယ်။ အားလုံးသော လုပ်ငန်းရှင်တွေကိုလည်း တက်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်စုစုလှိုင်
Secretary
HR Admin Team
Daewoo E&P Co Ltd
အစ်မက EMBA 12 Batch မှာ MBA တက်ရောက်ဆဲပါ။ အစ်မအမြင်ကတော့ MBA တက်တာက Soceity တစ်ခုအ နေနဲ့ဆိုရင် အပေါင်းအသင်းတွေလည်း အများကြီးတွေ့လာ တယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ပိုကောင်းလာတာကို သတိထားမိပါတယ်။ အလုပ်ထဲမှာလည်း ပိုပြီးအဆင်ပြေလာ ပါတယ်။ MBA မှာ သင်ရတာက Managment နဲ့ ဆိုင် တဲ့အကြောင်းအရာတွေကြောင့် Managment ပိုင်းလည်း ပိုကောင်းလာ ပါတယ်။ Financial နဲ့ ပတ်သက်တာတွေလည်း သင်ရပါတယ်။ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ချင်တဲ့သူ တွေဆိုရင်လည်း လုပ်ကိုင်ရမယ့် နည်း လမ်းတွေကို အများ ကြီးသင်ပေးတဲ့ အ တွက် တက်ရောက် သင့်တဲ့ သင်တန်း လို့ ထင်ပါတယ်။ နိုင်ငံတကာနဲ့ အလုပ်လုပ်မယ်ဆိုရင်လည်း MBA တက်ခြင်းအားဖြင့် ကိုယ့်မှာ အလုပ်အကိုင် အခွင့် အလမ်းတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ဦးလှထွန်းဖြူ
Managing Director
Asia Business Senergy Public Company
ကျွန်တော်က ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ၁၀ တန်းအောင်ပြီးတော့ စစ်တပ်ထဲကိုဝင်သွားတယ်။ နောက်တော့ စစ်ရုံးကိုရောက်သွားတယ်။ အဲဒီမှာ ကျောင်းပြန် တက်တယ်။ ၂၀၀၁ ခုနှစ်မှာ မြန်မာ စာနဲ့ဘွဲ့ရပြီး စစ်တပ်က နေအငြိမ်းစားယူတယ်။ အငြိမ်းစားယူပြီး MBA တက်ဖို့ ကြိုးစားတယ်။ MBA တက်ဖို့ကျတော့ ကိုယ့်မှာအင်္ဂလိပ် စာအခြေခံက အားနည်းနေတဲ့အတွက် အင်္ဂလိပ်စာကို လေ့ လာတယ်။ ၂၀၀၆ ခုနှစ်မှာ MBA ကို ဖြေဖို့ကြိုးစားတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာပစ္စည်းဝယ်ရင်းနဲ့ မလေးရှားကို နှစ်နှစ် ရောက်သွားတယ်။ ၂၀၀၉ ခုနှစ်ရောက်တော့ MBA ကိုပြန် ဖြေဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်။ ကျောင်းတက်တော့ ကျွန်တော်က ကျောင်းသား ခေါင်းဆောင် လုပ် ရတယ်။ ကျောင်း တွင်းလှုပ်ရှားမှု တွေ၊ သင်ကြားရေး နဲ့ပတ်သက်တာတွေ၊ ဆရာ၊ ဆရာမတွေ အတွက် ကျောင်း သားတွေကို Organize လုပ်ပေး ရတယ်။ ဒီ MBA သင်တန်းမှာက Team ဖွဲ့ထားတယ်။ ကျောင်းသားဆယ်ယောက်ကို အုပ်စုတစ်စုစီ ဖွဲ့ထားတယ်။ အဲဒီ Group တွကနေတစ်ဆင့် စာသင်တာ ပဲဖြစ်ဖြစ်၊ တစ်ခုခုလုပ်တာပဲဖြစ်ဖြစ် အဖွဲ့လိုက်လုပ် တတ် အောင် လေ့ကျင့်ပေးတယ်။ ကျောင်းမှာက ကျောင်းစာသင် တဲ့ Knowledge လည်းရမယ်။ လူတွေကို ပေါင်းသင်းဆက် ဆံတဲ့ Social Network လည်းရမယ်။ ဒီ MBA သင် တန်းမှာ ရရှိရမှာက နံပါတ်တစ် Networking ရရမယ်။ နံပါတ်နှစ် Knowledge ရရမယ်။ MBA မှာ သင်တဲ့ ဘာသာတိုင်းဟာ စီးပွားရေးအတွက် အသုံးဝင်တာချည်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မှန်မှန်ကန်ကန် စဉ်းစားနိုင်ပြီးတော့ အလျင်မြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားတယ်။ လူငယ်တွေအတွက် ဒါဟာ တကယ်ကိုသင်ယူသင်ထိုက်တဲ့ ပညာပါ။ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ ဘယ်အလုပ် လုပ်ပဲဖြစ် ဖြစ် Management ကာင်းကောင်း လုပ်နိုင်မှာဖြစ်တဲ့အ တွက် တက်သင့်ပါတယ်။
ဒေါ်ခိုင်မော်တိုး
Financial Controller
Myanmar Indo Best Co Ltd
ကျွန်မက EMBA 12 Batch မှာ MBA တက်ရောက်ဆဲ ပါ။ ရရှိလာတဲ့ အကျိုးကျေးဇူးဆိုရင် MBA တက်တဲ့အခါ ကိုယ့်ရဲ့ Professional လိုင်းချည်းတစ်ခုတည်း သင်ရတာမျိုး မဟုတ်ဘဲ Managment Level မှာရှိရမယ့်၊ သိသင့်တဲ့ အကြောင်းအရာတွေအားလုံးကိုသင်တာဆိုတော့Top Level ရောက်တဲ့အခါမှာ ကိုယ်က အားလုံးကိုခြုံပြီး ကြည့်နိုင်ပါ တယ်။ ကျွန်မက Financial ပိုင်းဆိုပေမဲ့ MBA တက်နေ တော့ Markerting ပိုင်းစသဖြင့်ပေါ့ တခြားအပိုင်းတွေ ကိုလည်း ယေဘု ယျအားဖြင့်တော့ သိလာပါတယ်။
မစန္ဒာထွန်း
Owner
Mya Thi Dar Handicraft
ကျွန်မ MBA ကိုတက်ချင်တာ ၂၀၀၂ ခုနှစ်ကတည်းကပါ။ မတက်ခင်ကဆို Theory ဆိုတာ မသိဘူး။ ကိုယ်လုပ် ထားတဲ့လုပ်ငန်းသဘောတရားကိုပဲ သိတာ။ မိသားစုလုပ် ငန်းမှာ ကိုယ့်ဟာကိုယ် လုပ်တော့ ဘောင် ကျဉ်းသလိုဖြစ်နေ တယ်။ အများနဲ့လုပ်ရင်တော့ လူတိုင်းရဲ့ Idea ကို ရရှိမှာ ဖြစ်တယ်။ ဒါကြောင့် MBA ရအောင်တက်မယ်ဆိုပြီး ဆုံး ဖြတ်ချက်ချလိုက်တယ်။ MBA တက်တဲ့သူတိုင်းအားလုံးက အလုပ်တွေ ကိုယ်စီရှိကြတယ်။ လူတိုင်းအလုပ်ကိုယ်စီရှိကြတဲ့အတွက် လုပ်ငန်းခွင်အတွေ့အကြုံလေးတွေတော့ရှိကြတယ်။ ဆိုကြ ပါစို့ ကိုယ့်ဖောက်သည်ကို ဘယ်လိုဆွဲခေါ်ရမလဲ။ ဘယ်လို ထိန်းသိမ်းထားမလဲဆိုတာနဲ့ပတ်သက်တဲ့ သဘောတရား လေးကိုတော့ နားလည်ကြတယ်။ MBA ကို တက်လိုက် တဲ့အချိန်မှာတော့ ကိုယ့်ဖောက်သည်ကို ဆွဲခေါ်တာက ဘယ် လိုခေါ်တယ်၊ Theory တွေ နားလည်လာ ခဲ့တယ်။ နောက်ပြီး Networking လည်း သိပ်ကောင်း လာပါတယ်။ MBA တက်လိုက်လို့ ငါတို့ Network က ကြီးသွားတာလား၊ ကျဉ်း သွားတာလားဆိုတာကို တစ်ယောက်နဲ့ တစ်ယောက်စကြ တယ်။ Networking ရဲ့ ရလဒ်တစ်ခုအနေနဲ့ ကျွန်မတို့အ နေနဲ့ တစ်နေရာရာသွားကြမယ်ဆိုပါတော့။ သူငယ်ချင်းမိတ် ဆွေအပေါင်းအသင်းထဲမှာTravels & Tours လုပ်တဲ့သူရှိ တယ်။ အဲဒီတော့ ဘာပဲလုပ်လုပ် အစစအရာရာ အဆင်ပြေ တယ်။ ပြီးတော့ လူငယ်တိုင်းကိုလည်း MBA တက် စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ MBA တက်လိုက် တဲ့သူတိုင်းMind-set တွေ ပြောင်းလဲသွားကြပါတယ်။ ကိုယ့်ဘဝအတွက်လည်း အများကြီးအထောက်အကူပြုတဲ့ အတွက် တက်ဖို့တိုက်တွန်းချင်ပါတယ်။