M Cube family karaoke

mcube1

ဆိုင်တည်နေရာ . . .

No. 03-07(B), Level 3 ST.Jonh City Mall ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့် လမ်းမတော်မြို့နယ် ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က ၀၉-၃၃၆၀၇၉၉၉ ဖြစ်ပြီးတော့ အင်တာနက်စာမျက်နှာကတော့ M Cube family karaoke လို့ ရိုက်နှိပ်ကြည့်ရှုနိုင်တဲ့အပြင် ဆိုင်ခွဲဖြစ်တဲ့ M Cube Waiayandar လို့လည်း ရိုက်နှိပ်ကြည့်ရှုနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ နံနက် ၉ နာရီကနေ ည ၁၂ နာရီဖွင့်လှစ်ထားပြီး သောကြာ၊ စနေ၊ တနင်္ဂနွေကိုတော့ နံနက် ၉ နာရီကနေ ည ၂ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ရည်ရွယ်ချက် . . .

မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး သန့်သန့်ရှင်းရှင်း ဒီလိုဆိုလို့ရအောင်အတွက် ဖွင့်ဖြစ်တာပါလို့ ဆိုင်ရဲ့ မန်နေဂျာကိုမောင်မောင်က ပြောပါတယ်။

mcube2

ဝန်ဆောင်မှု . . .

ဝန်ဆောင်မှုအနေနဲ့တော့ စက်တင်ဘာ ၁ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း သုံးယောက်လာရင် ၁၀ ရာခိုင်နှုန်း လျော့ပေးခဲ့ပါတယ်။ ဒါ့အပြင် Discount ကူပွန်တွေပေးတာတွေစတဲ့ ဝန်ဆောင်မှုတွေအပါအဝင် တစ်ခြားဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးနေတဲ့အတွက် အဆိုဝါသနာရှင်တွေအတွက် အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

ဈေးနှုန်း . . .

နှစ်ယောက်သီးသန့်ခန်း Small Room ဆိုရင် ၁၁,၀၀၀ ကျပ်၊ ၅ ယောက် သီးသန့်ခန်း Middle Room ဆိုရင် ၁၆,၀၀၀ကျပ်၊ ၁၃ ယောက်သီးသန့်ခန်း Large Room ဆိုရင် ၂၅,၀၀၀ကျပ် ဖြစ်ပြီးတော့ အယောက် ၂၀ သီးသန့်ခန်းဖြစ်တဲ့ VIP Room ဆိုရင်တော့ ၃၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ (ဒီဈေးနှုန်းတွေက တစ်နာရီကျသင့်နှုန်းတွေပါ) ဈေးနှုန်းပေါ်မှုတည်ပြီး အခန်းအကျယ်အဝန်းနဲ့ စက်ပစ္စည်းပိုင်းတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ထူးခြားမှု . . .

ထူးခြားမှုအနေနဲ့ကတော့ သီဆိုသူတွေအတွက် သီချင်းရွေးချယ်ရာနဲ့ သီချင်းပြောင်းလဲရာမှာ မိမိဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာဖြစ်သလို အစားအသောက်မှာယူတဲ့အခါမှာလည်း မိမိဖုန်းထဲကနေဘဲ စိတ်ကြိုက်ရွေးချယ်မှာယူလို့ရမှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုနိုင်အောင်အတွက် မိမိရဲ့ဖုန်းကို ဆိုင်ကဝန်ထမ်းတွေက အင်တာနက်ပေါ်ကနေ ဆိုင်ရဲ့ Link နဲ့ ချိတ်ဆက်ပေးကာ အသုံးပြုနည်းကို ပြသပေးမှာဖြစ်ပါတယ်။