LITHAN တည်ထောင်သူ Mr Leslie Loh နှင့် တွေ့ဆုံခြင်း

ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ A One Man ကို ရှင်သန်ကြီးထွားစေခဲ့ပြီး စင်ကာပူက နည်းပညာအဖွဲ့ပေါင်း ၄၀ နဲ့အတူ Red Ventures ၊ Digital Skill ကို ထူးချွန်ကျွမ်းကျင်အောင် သင်ကြားပြသပေးနေတဲ့ စင်ကာပူအခြေစိုက် ပုဂ္ဂလိကပညာရေး သိပ္ပံကျောင်းဖြစ်တဲ့ Lithan ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ နည်းပညာပိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပိုမိုပေါ်ထွက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့Tech Startups Programme ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Mr Leslie Loh နဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Lithan1

Lithan ဆိုတာ . . .

Digital Skills တွေ ပိုမိုကောင်းမွန်တိုးတက်လာဖို့ လိုအပ်ချက်တွေနဲ့တောင်းဆိုမှုတွေအရ Lithan ဆိုတာ ဖြစ်ပေါ်လာတာပါ။ ကျွန်တော်တို့ဟာ ဘဝအသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး အမြဲတိုးတက်နေစေဖို့ ဝန်ဆောင်မှုပေးနေတဲ့အပြင် ကိုယ်နဲ့လုပ်ငန်းတွဲလုပ်မယ့် လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်း၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကို လေ့လာသင်ယူတာတွေအပြင် လုပ်ငန်းကြီးတွေအတွက် လိုအပ်မယ့် Training နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။ အာရှမှာတော့ Lithan အနေနဲ့ ကျောင်းပေါင်း ခုနစ်ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာ သင်ယူနေသူတွေရဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် ဆောင်ရွက်နေပါတယ်။ သင်ယူနေသူတွေရဲ့ Performance တွေ ပိုကောင်းအောင်ပြုလုပ်ပေးတာတွေ၊ သက်ဆိုင်ရာလုပ်ငန်းရှင်တွေအတွက် ပိုပြီးအသုံးဝင်တဲ့သူတွေဖြစ်အောင် ပျိုးထောင်ပေးတာတွေစတဲ့ ဝန်ဆောင်မှုတွေနဲ့ကျွန်တော်တို့ရဲ့အောင်မြင်မှုကို တိုင်းတာနိုင်ပါတယ်။ ပိုပြီးပြည့်ပြည့်စုံစုံသိချင်ရင်တော့ www.lithan.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Tech Up Programme ကို စတင်ဖို့ မြန်မာနိုင်ငံကို ရွေးချယ်ဖြစ်ခဲ့ပုံ . . .

ဒီမှာက နည်းပညာနဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲတွေ ရှိလာတယ်။ စီးပွားရေးဘက်မှာ အသွင်ပြောင်းလာတဲ့ နည်းပညာပြောင်းလဲမှုကြောင့် အလုပ်လိုအပ်ချက်တွေလည်း ပြောင်းလာတယ်။ ကမ္ဘာကြီးကလည်း Digital ရွာကြီးအဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲနေတာကြောင့် Tech Up Programme ကို စတင်ဖြစ်ခဲ့တာပါ။ မြန်မာပြည်အတွက် Lithan ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာဖြစ်လာမယ့် Digital ခေတ်အတွက် ပိုကောင်းမွန်တဲ့ အရည်အသွေးတွေကို ပျိုးထောင်ပေးပြီး အသစ်ဖြစ်ပေါ်လာမယ့် စီးပွားရေးဈေးကွက်မှာ တီထွင်ဆန်းသစ်မှုရှိပြီး အလားအလာကောင်းတဲ့ Digital လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖွံ့ဖြိုးလာစေချင်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ Startup Ecosystem အပေါ်အမြင် . . .

မြန်မာနိုင်ငံဟာ ဒီနယ်ပယ်မှာ သက်တမ်းအရ နုနယ်သေးပေမယ့် အာရှမှာရှင်သန်ကြီးထွားလာမယ့် အလားအလာအများကြီးရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Telecom ဈေးကွက်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်ဆိုပေမယ့် အခုအချိန်မှာတော့ ကမ္ဘာ့မိုဘိုင်းဈေးကွက်ရဲ့ တိုးတက်မှု အမြန်ဆုံးအဆင့် နံပါတ်လေးနေရာမှာ ရှိနေပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်တုန်းက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်၊ ဇွန်လမှာတော့ ဈေးကွက်ထိုးဖောက်မှုနှုန်းဟာ ၅၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာဖြစ်တယ်။ အခုချိန်မှာတော့ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံရှိသူတွေ၊ နည်းပညာကြွယ်ဝသူတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုံလုံလောက်လောက် မရှိသေးတာတွေကြောင့် မြန်မာနိုင်ငံရဲ့ Startup Ecosystem ဟာ မကျယ်ပြန့်သေးတာပါ။ နောက်ပြီး နည်းပညာ ကျွမ်းကျင်အဖွဲ့တွေကလည်း အရည်အတွက်နည်းနေပြီး သူတို့တွေကလည်း အသေးစား Digital လုပ်ငန်းလေးတွေပေါ်မှာပဲ အာရုံစိုက်လုပ်ကိုင်နေကြတာကြောင့်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

Lithan2

Lithan ရဲ့ Tech Up Accelerator နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ . . .

Tech Up Accelerator ရဲ့ ရည်မှန်းချက်က အလားအလာရှိတဲ့ Digital ကျွမ်းကျင်သူတွေကို Startup နဲ့ ပတ်သက်ပြီး Idea မရှိသေးရင်တောင် သူတို့ကိုယ်တိုင် Tech Startup တွေ ဖန်တီးလာနိုင်အောင် ပြုစုပျိုးထောင်ပေးဖို့ပါ။ Tech Up Accelerator က အချိန်ပြည့်ခြောက်လ Programme ဖြစ်ပြီး ရွေးချယ်ခံထားရတဲ့သူတွေကို ဒီ Programme က Startup နဲ့ပတ်သက်တဲ့ Skill တွေ၊ Idea တွေ စုံစုံလင်လင်နဲ့ သင်ကြားပေးသွားမှာပါ။ ကျွန်တော်တို့က ဒီ Programme မှာ ပါဝင်သူတွေရဲ့ Startup Skill တွေကို အရင်ဆုံးလေ့လာပြီး လိုအပ်နေတဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ။

ပါဝင်သင်ယူမယ့်သူတွေကို ကျွန်တော်တို့မှာရှိတဲ့ Comprehensive Suite ကို အကန့်အသတ်မရှိ ပေးသုံးသွားမှာဖြစ်ပါတယ်။ ဒီ Suite မှာ သူတို့ရဲ့ စွမ်းရည်တွေကို ပိုမိုမြင့်မားလာစေမယ့် အချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်။ ဒါတွေကို လေ့လာရာကနေ ဆန်းသစ်တီထွင်နိုင်စွမ်းတွေ၊ ဈေးကွက်အကြောင်းတွေ၊ ထုတ်ကုန်စီမံမှု၊ အရောင်းပိုင်းတွေနဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေ ရရှိလာမှာဖြစ်ပါတယ်။

Startup Idea တွေနဲ့ ရင်းနှီးမှုမရှိသေးတဲ့ သူတွေအတွက်ကိုလည်း မြန်မာပြည်နဲ့သင့်လျော်ပြီး ကျွန်တော်တို့ဆီမှာလည်း စီစဉ်ထားပြီးဖြစ်တဲ့ Sharing Economy Business ၊ Social Commerce ၊ Social Enterprises ၊ Fintech & Education Technology စတဲ့ Startup Idea တွေထဲကလည်း ရွေးချယ်နိုင်အောင် စီစဉ်ပေးထားတာ ရှိပါတယ်။  Startup Idea တွေကို ဒီထက်ပိုပြီးသင်ယူချင်ရင်လည်း ကျွန်တော်တို့ဆီမှာရှိတဲ့ သက်ဆိုင်ရာနည်းပညာတတ်ကျွမ်းသူတွေနဲ့ လေ့လာသင်ယူနိုင်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။

နောက်ပြီးထူးခြားတာက ကျွန်တော်တို့ Programme မှာ အချိန်ပြည့်ပါဝင်သူတွေအတွက် ဒီခြောက်လ Programme မှာ လုပ်ရမယ့် Start Up Plan ဖန်တီးမှု၊ အသင်းဖွဲ့စည်းမှု၊ ဖြစ်နိုင်ခြေအနည်းငယ်သာရှိတဲ့ ထုတ်ကုန်အတွက် ဈေးကွက်ရှာဖွေမှုစတဲ့ အစီအစဉ်တွေဆောင်ရွက်နိုင်ဖို့အတွက် လစဉ်ထောက်ပံ့ငွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါအပြင် Programme ပြီးသွားတဲ့အခါမှာ အကောင်းဆုံးငါးယောက်ကို ရွေးချယ်သွားပြီး စတင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာတစ်သောင်းကိုလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမိုကောင်းမွန်တဲ့ Programme တွေကို ပံ့ပိုးပေးသွားနိုင်ဖို့အတွက် ရန်ပုံငွေရှာဖို့အတွက်ကိုလည်း စင်ကာပူခရီးစဉ်ကို စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဒီ Programme နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့  http://accelerator.lithan.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

တခြား Startup Accelerator တွေနဲ့ နှိုင်းယှဉ်ရင် Lithan က ဘာတွေထူးခြားသွားပါသလဲ . . .

ပုံမှန် Startup Accelerator တွေနဲ့ ကွာခြားတာက ကျွန်တော်တို့က အကောင်းဆုံးအရည်အချင်း ရှိသူတွေကိုသာ ရွေးချယ်ပြီးတော့ သူတို့ကိုကျွမ်းကျင်မှုတွေ၊ အကြံဉာဏ်တွေ၊ ထုတ်ကုန်တွေ၊ ရန်ပုံငွေရှာတာတွေ၊ လုပ်ငန်းခွင် ချိတ်ဆက်လုပ်ဆောင်မှုတွေစတဲ့ အချက်တွေမှာ  ပိုမိုကျွမ်းကျင်ထက်မြက်လာအောင် ပျိုးထောင်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ Lithan အနေနဲ့ စင်ကာပူရဲ့ ရှေ့ဆောင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Dot Ventures နဲ့အတူ အရှေ့တောင်အာရှတစ်ခွင်က ရင်းနှီးမြှုပ်နှံသူတွေ၊ ရှေ့ဆောင်လမ်းပြမယ့်သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နောက်လာမယ့် ဆယ်စုနှစ်ဝက်လောက်မှာ အရှေ့တောင်အာရှဟာ ဆန်းသစ်တီထွင်မှုအရှိဆုံးဖြစ်လာမယ်လို့ Development Bank of Singapore(DBS) ရဲ့ Chief Innovation Officer ဖြစ်သူ Neil Cross က ပြောထားပါတယ်။ စင်ကာပူမှာရှိတဲ့ DBS Hotspot Pre-Accelerator Programme နဲ့ ဟောင်ကောင်မှာရှိတဲ့ DBS NEST Accelerator Programme တို့ကိုအခြေခံပြီး မြန်မာပြည်မှာလည်း Startup နဲ့ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုတွေပေါ်ထွက်လာအောင် ကြိုးစားပေးသွားမှာပါ။ စွန့်ဦးတီထွင်သူတွေကို ရှာဖွေတွေ့ဆုံသွားမှာဖြစ်ပြီး ဒီ Programme မှာ သူတို့တွေ ပါဝင်လာအောင် ကြိုးပမ်းသွားမှာပါ။

မြန်မာပြည်မှာ အသုံးပြုသွားမယ့် Lithan University ရဲ့ ပညာရေးလမ်းကြောင်းကို သိပါရစေ . . .

Lithan မှာတော့ အနာဂတ်အတွက် အသင့်ဖြစ်စေမယ့် ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးနိုင်ရမယ်လို့ ယုံကြည်ထားတယ်။

ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုထားတဲ့အတွက် လေ့လာသင်ယူသူတွေအနေနဲ့ သူတို့စိတ်ဝင်စားတာကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကနေ လေ့လာသင်ယူနိုင်ပါတယ်။ Virtual ၊ Blended ၊ Guided Immersive စတဲ့ သင်ကြားနည်းပညာမျိုးစုံကို အခြေခံထားတဲ့အတွက် စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်  အလုပ်ကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် အိမ်ကနေပဲဖြစ်ဖြစ် ဘာအတားအဆီးမှမရှိဘဲ အဆင်ပြေပြေနဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်အတွက် ပြည်တွင်း ပြည်ပ ဆရာ၊ ဆရာမ ဘယ်နှဦးလောက် ရှိပါသလဲ . . .

မြန်မာပြည်မှာတော့ များသောအားဖြင့် သင်ကြားရေး အတွေ့အကြုံရှိတဲ့ ပြည်တွင်း၊ ပြည်ပ အချိန်ပိုင်းဆရာ၊ ဆရာမတွေနဲ့အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ရုံးဝန်ထမ်းတွေနဲ့ တွဲဖက်တွေကတော့ ပြည်တွင်းကပဲ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့ရဲ့ Programme တွေအတွက် အင်္ဂလန်၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတွေက ဆရာ၊ ဆရာမတွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ခုလိုမြန်မာပြည်မှာ International College ဖွင့်ရတဲ့ ရည်ရွယ်ချက် . . .

Lithan ရဲ့ပညာရေးပုံစံက ကျောင်းသားတွေ ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို မူတည်ပြီး သူတို့ကို ကျွမ်းကျင်တတ်မြောက်သူတွေ ဖြစ်လာအောင် ရေးဆွဲထားတဲ့ပုံစံဖြစ်ပါတယ်။ ကျောင်းသားတွေကို ပညာသင်ပေးနေတဲ့ ကောင်းသက်သက်မဟုတ်ဘဲ သူတို့ရဲ့စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေကို အသုံးချတတ်လာအောင် ပျိုးထောင်ပေးနေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ကိုဒီ