

Ms Theerada Hosajakul
International Business Manager
J.D. Good Products Co lTd
http://www.kin-dee.com ကျွန်မတို့ကုမ္ပဏီက ဟင်းခတ်အမွှေးအကြိုင်တွေကို ထုတ် လုပ်ရောင်းချတာဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်ထုတ်လုပ် တဲ့သူတွေ၊ သရေစာထုတ်လုပ်တဲ့သူတွေ၊ Meat Product Processor တွေ၊ Frozen Food Processor တွေ စတဲ့ စား သောက်ကုန်ထုတ်လုပ်တဲ့သူတွေကို တင်သွင်းရောင်းချပါ တယ်။ ထုတ်ကုန်အမျိုးအစားငါးမျိုးရှိပါတယ်။ တင်ပို့ ရောင်းချတဲ့နိုင်ငံတွေကတော့ USA ၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ ဒူဘိုင်း အစရှိတဲ့နိုင်ငံတွေက ရောင်းချတာ ဖြစ်ပါတယ်။ ထုပ်ပိုးပိုင်းဆိုင်ရာအရည်အသွေးနဲ့ပတ်သက်လို့လည်း Food Safety Certificate ဖြစ်တဲ့ GMP နဲ့ HACCP လက်မှတ်တွေကို ရယူထားပါတယ်။ လုပ်ဆောင် တဲ့အပိုင်းမှာလည်း OEM (Original Equipment Manufacture) ဝန်ဆောင်မှုအတိုင်းလုပ်ဆောင်ပါတယ်။ OEM ဆိုတဲ့အဓိပ္ပာယ်ကတော့ ကျွန်မတို့အခုလုပ်နေတာက စား သောက်ကုန်ဖြစ်တဲ့အတွက် ကုန်ကြမ်းထုတ်ပေးတဲ့ သဘော ဖြစ်ပြီး လာဝယ်ယူတဲ့ Customer Company တွေအနေနဲ့ Value Added Product အဖြစ် ပြောင်းလဲပေးရမှာ ဖြစ်ပါ တယ်။ မူလကုန်ကြမ်းထုတ်လုပ်သူဆိုလည်း မမှားပါဘူး။ ကားတွေမှာဆိုရင်တော့ Replacement Part တွေကို ထုတ် လုပ်ပေးတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဦးဆုံးအကြိမ်ကတော့ ဈေးကွက်ဆိုင်ရာ Data တွေကို Collect လာလုပ်တာပါ။ ကျွန်မအနေနဲ့ အလားအလာကောင်းတဲ့ အခွင့်အလမ်းတွေရရှိမယ်လို့လည်း မျော်လင့်ပါတယ်။
Mr Sakchai Unchittikul
Vice Chairman
The Chairman of Small & Medium Industrial Institute (SMI)
www.smi.or.th့ ကျွန်တော့်လုပ်ငန်းက စိုက်ပျိုးရေးကိုအခြေခံထားတဲ့ လုပ် ငန်းတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ထုတ်လုပ်တဲ့စက်ရုံ က ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီးတော့ လယ်ယာထွက်သီးနှံဖြစ်တဲ့ ခရမ်းချဉ်သီးထုတ်ကုန်အမျိုးမျိုး ကို ထုတ်လုပ်ပါတယ်။ အဲဒါတွေကတော့ ခရမ်းချဉ်သီးခြောက်၊ ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီးဆော့စ်နဲ့ Pizza တွေမှာ သုံးတဲ့ဆော့စ်အမျိုးအစားတွေ ဖြစ်ပါတယ်။ နောက်ထပ်အ နေနဲ့ ကလေးအစားအစာတွေကိုလည်း ထုတ်လုပ်ပါတယ်။ ဒီအစားအသောက်တွေက ကျန်းမာရေးအတွက်လည်း ညီ ညွတ်တယ်။ ကလေးတွေအတွက်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အသုံးပြုထားတဲ့ကုန်ကြမ်း တွေကလည်း သဘာဝသစ်သီးဝလံတွေဖြစ်တဲ့အတွက် ဘေး ဥပဒ်ဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။ အခု ကျွန်တော်တို့ အနေနဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စတင်ကျင့်သုံး တော့မယ့် AEC အတွက် Good Market တစ်ခုကို တည် ဆောက်ဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ အဲဒီအ တွက် အရည်အသွေးမြင့်ထုတ်ကုန်တွေ ဖြစ်အောင်လည်း လုပ်ဆောင်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ Partner တွေ လာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။
Ms Onanong Kosakanchit
Business Development Manager
UNI-TOP International Co Ltd
www.unitop.co.th ကျွန်မတို့ကုမ္ပဏီက UNI-TOP International Co Ltd ဖြစ်ပါတယ်။ ကုမ္ပဏီကို ၁၉၈၈ ခုနှစ်ကတည်းက တည် ထောင်ခဲ့တာဖြစ်ပြီး Poly Brite နာမည်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ Household Cleaning Product တွေကို ဖြန့် ဖြူးရောင်းချလာခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်စက်ရုံတည် ထောင်ထားပြီးတော့ အရည်အသွေးပြည့်မီတဲ့ အိမ်တွင်းသန့် ရှင်းရေးသုံးပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပါတယ်။ ပစ္စည်း အမျိုးအစား စုံစုံလင်လင်ရှိပြီးတော့ အရည်အသွေးပိုင်းကို ပြောရမယ်ဆိုရင် ကပ်ပါးဗက်တီးရီးယားတွေကို လွယ်ကူစွာ ဖယ်ရှားနိုင်တဲ့ အရည်အသွေးမြင့် ပစ္စည်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးတင်ပို့ရောင်းချမှုရာခိုင်နှုန်းကို ပြောရမယ်ဆိုရင် ၁၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ အရှေ့ တောင်အာရှဒေသမှာ တင်ပို့ရောင်းချတဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချပါတယ်။
Mr Wisit Suppametaporn
GMS Sales & Marketing Manager
Burapa Prosper Co Ltd
www.burapaprosper.com ကျွန်တော်တို့ကRice Flour, Tapioca Flour နဲ့ Mixed Flour တွေကို ထုတ်လုပ်တာဖြစ်ပါတယ်။ အကြော်ကြော်တဲ့ နေရာမှာ အသုံးပြုတဲ့ဂျုံအမျိုးအစားဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာ ဈေးကွက်ပိုင်ဆိုင်မှုအနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ရှိပြီး တော့ အခုလက်ရှိအချိန်မှာတော့ AEC Market အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံကိုလာ ပြီး သာလွန်တဲ့အခွင့်အရေးတွေကို လက်ဦးမှု ရယူနိုင်ဖို့နဲ့ စီးပွားရေး အကျိုးတူ ပူးပေါင်းနိုင်မယ့် Distributor ကိုလာ ရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ SME လုပ် ငန်းလေးကို စွန့်ဦးတီထွင်ပုံစံ သဘောမျိုးနဲ့ ပထမဦးဆုံးအ နေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ထိုင်းနိုင်ငံအ နေနဲ့လည်း SMEs အားပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေ ကြပါတယ်။ ဒါမှသာ ကုမ္ပဏီကြီးတွေနဲ့အတူ ယှဉ်ပြိုင်ဈေး ကွက်ရယူနိုင်မှာဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံမှာလည်း ဈေး ကွက်တစ်ခုရနိုင်ဖို့ လုပ်ဆောင်ပေးနိုင်မယ့် Distributor ကို မျော်လင့်မိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ရောင်းချ မှုပမာဏကတော့ ၃၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အမေရိ ကန်နဲ့ ဥရောပနိုင်ငံတွေမှာဆိုရင်တော့ နယူးဇီလန်၊ သြစတြေး လျ၊ အာရှဒေသတွင်းမှာဆိုရင်တော့ မလေးရှား၊ ကမ္ဘောဒီ ယား၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချပေးတာ ဖြစ်ပါတယ်။