
ကမ္ဘောဇဘဏ်ရဲ့ လူမှုရေးဆိုင်ရာလှုပ်ရှားမှုအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်
Team အနေနဲ့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကမ္ဘောဇ ဘဏ်မှာ တစ်စုံတစ်ခုကိုလှူတာတွေကွှTeam ကနေ Centralized လှူတာမျိုး မဟုတ်ဘဲ KBZ Bank ရဲ့ ဒါရိုက်တာ အဖွဲ့ကအစ အရာထမ်းတိုင်း၊ ဝန်ထမ်း တိုင်းဟာ တတ်နိုင် သလောက် လက်လှမ်းမီတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ဒေသတွေ ရဲ့ လိုအပ်တဲ့အကူအညီတွေ အားလုံးကို နေရာစုံ၊ ထောင့်စုံ ကနေ ငွေအားဖြင့်ရော၊ လူအားဖြင့်ပါ ပေးပါတယ်။ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံမှာ တတ်နိုင်သလောက် လှူပါတယ်။ Team အနေနဲ့မလုပ်ဘဲ Decentralized အနေနဲ့ လူမှုရေးဆိုင်ရာလှုပ်ရှားမှုတွေကို ကမ္ဘောဇဘဏ်က လုပ်တာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ 'သဒ္ဓါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်' ဆိုတာ နဲ့အညီ နေရာတိုင်းမှာ အလှူအတန်းတွေလုပ်တာ ဖြစ်ပါ တယ်။ [caption id="attachment_11377" align="alignnone" width="720"]
CSR နဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့အပိုင်း
ဘဏ်ခွဲတိုင်း၊ ရုံးချုပ်နဲ့ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ဒေသကနေ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ကစပြီး တောင်းဆိုလာတဲ့ အလှူတွေကိုလည်း လှူပါတယ်။ လိုအပ်ချက်တွေရှိလို့ ကျွန်တော်တို့ ဘက်က လှူတာရှိသလို၊ သူတို့တွေဘက်က တောင်းဆိုလာရင်လည်း ဥက္ကဋ္ဌကြီးတို့ကို တင်ပြပြီး ခွင့်ပြုချက်ရလာရင် လှူလိုက်တာမျိုးလည်း ရှိပါ တယ်။ ရှမ်းပြည်နယ်၊ ခိုလန်ဒေသမှာ ဆေးရုံကြီး တစ်ခု ဆောက်လုပ် လှူဒါန်းခဲ့ပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ပြည့်ပြည့်စုံစုံ ထည့်ထားပေးပါတယ်။ ကျပ်သိန်းပေါင်း ၃၃ç၀၀၀ကျော် အကုန်အကျခံပြီး ဆောက်လုပ်လှူဒါန်း ထားတာ ဖြစ်ပါတယ်။ အဲ့ဒီဆေးရုံမှာ Sky Net ကိုအားပြု ပြီး အင်တာနက်တပ်ဆင်ပေးထားတဲ့အတွက်ကြောင့် ဒေသခံ တွေအပါအဝင် ဆရာဝန်တွေပါ ကျေနပ်ပျော်ရွင်စွာ တာဝန် ထမ်းဆောင် ကြပါတယ်။ အဲဒီဆေးရုံမှာလည်း ငွေသိန်း သုံးထောင် ပဒေသာပင်ကိုလည်း စိုက်ထူပေးထားပါတယ်။ ကြက်ခြေနီ၊ မီးသတ်ကား၊ လူနာတင်ယာဉ် အစရှိတာ တွေလည်း လှူပါတယ်။ ကမ္ဘောဇ အခမဲ့ဆေးကုခန်းဆိုပြီး အေးသာယာမှာ ဖွင့်လှစ်ထားတာလည်း ရှိပါတယ်။ Air KBZ လတ်မှတ် တစ်စောင်ရောင်းရတဲ့ အမြတ်ငွေထဲက ကျပ်ခုနှစ်ရာကို ယူထားပြီး သိပ်မကြာခင်လေးတင်က ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို လှူလိုက်ပါတယ်။ မလေးရှားမှာ ပြဿနာဖြစ်တော့ မလေးရှားကို ရောက်ရှိနေပြီး အိမ်ပြန် လာချင်တဲ့ မြန်မာလုပ်သားတွေ ပြန်လာနိုင်ဖို့ အတွက် ကမ္ဘောဇရဲ့ လေကြောင်းလိုင်းဖြစ်တဲ့ MAI က အခမဲ့ ပြေးဆွဲ ပေးခဲ့ပါတယ်။ ကလေးမှာ ရေကြီးတုန်းကလည်း ထမင်းထုပ် တွေ ဝေပါတယ်။ နာဂစ်တုန်းကလည်း ငွေအင်အားအပြင် အာလူး၊ ကြက်သွန်စတာတွေကို ကွန်တိန်နာကားတွေနဲ့ သွားဝေတာတို့ အများကြီးကူညီဖြစ်ခဲ့ပါတယ်။ သဘာ၀ ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေ၊ ကျန်းမာရေးအတွက် လိုအပ်တဲ့နေရာတွေ၊ ပညာရေးအစရှိတာတွေ လှူဒါန်းပေးတဲ့ အပြင် ဘဝအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ပညာ သင်ကြားခြင်းလုပ်ငန်းတွေကိုပါ လုပ်ပေးနေတာတွေ ရှိပါ တယ်။ မော်လမြိုင်မှာ ၂၀၀၂ ခုနှစ်တုန်းက မွေးရာပါ အာခေါင်ကွဲသူတွေကို လာရောက်ကုသတဲ့အခါမှာ ကမ္ဘောဇ အနေနဲ့ ဘဏ်လုပ်ငန်းမဟုတ်ဘဲ ဝန်ထမ်းတွေ အားလုံး ပါဝင်ပြီး ဆိုင်လေးတစ်ဆိုင် ဖွင့်ရောင်းပြီးရတဲ့ အမြတ်တွေကို အကုန်လှူလိုက်တာပါ။ အဲဒီလိုလှူကြတော့ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ဒါတွေကို Culture တစ်ခုအနေနဲ့ သိလာပြီး ဝန်ဆောင်မှုပေးတာကအစ စိတ်ထဲကစေတနာနဲ့ပဲ လုပ်လာ ကြတာကိုတွေ့ရပါတယ်။ အရင်တုန်းက ရေမထွက်ခဲ့တဲ့ ရှမ်းပြည်နယ်၊ ဘော်ဆိုင်းမှာ ကမ္ဘောဇဘဏ်က ရေတွင်း ကိုးတွင်းလှူခဲ့ပါတယ်။ ဟဲဟိုးမြို့ကနေ ဘော်ဆိုင်းကိုသွားတဲ့ လမ်းကို ဖောက်လုပ်လှူဒါန်းခဲ့တဲ့အတွက် ချောချောမွေ့မွေ့နဲ့ လွယ် လွယ်ကူကူသွားလို့ရပါပြီ။ ှSEA Games မှာလည်း ကျပ်သိန်းလေးသောင်း ကမ္ဘောဇဘဏ်အနေနဲ့ Offical လှူ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ပြည်တွင်းတင်မဟုတ် ဘဲ ပြည်ပတွေမှာပါ လှူဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ကနိုင်ငံ အတွက် အခုဆိုရင် အခွန်အများဆုံးပေးဆောင်နိုင်တဲ့ နိုင်ငံ့ စွမ်းဆောင်ရည်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုအခွန်ဆောင် တာကလည်း နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းကနေ လူမှုရေးဆိုင်ရာပိုင်းမှာ တာဝန်ယူတယ်လို့ ထင်ပါတယ်။ [caption id="attachment_11375" align="alignnone" width="720"]
ပညာရေးပိုင်း
Education ပိုင်းနဲ့ပတ်သက်ပြီး Youth Development ကို အဓိကထားပြီးတော့ လူငယ်လေးတွေရဲ့ပညာရေးကို မြှင့် တင်ပေးဖို့ ရည်ရွယ်ပါတယ်။ ပညာသင်ထောက်ပံ့ပေးတာ တွေ ရှိပါတယ်။ အဲဒါတွေက ဆရာဝန်လိုင်း၊ အင်ဂျင် နီယာလိုင်း၊ ကွန်ပျူတာလိုင်း၊ စီးပွားရေးတက္ကသိုလ်လိုင်း၊ အင်္ဂလိပ်စာမေဂျာ၊ သင်္ချာမေဂျာ စတဲ့ တက္ကသိုလ်မတက် နိုင်ဘဲ ကျောင်းတက်ချင်တဲ့ကျောင်းသားတွေကို တက်နိုင် အောင် ကူညီပေးပါတယ်။ အဲဒီလိုပေးနေရာမှာ အပြင်က ပြည်သူလူထုတွေအပြင် ကမ္ဘောဇအုပ်စုထဲမှာ လုပ်ကိုင်နေတဲ့ အရာထမ်း၊ ဝန်ထမ်းတွေရဲ့သားသမီးတွေ ကျောင်းမတက် နိုင်ဘူးဆိုရင်လည်း ကူညီပေးပါတယ်။ သတ်မှတ်ချက်ကတော့ ခုနကပြောတဲ့ဘွဲ့တွေကိုပဲ တက်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီ လိုလုပ်ပေးတဲ့နေရာမှာ ကျောင်းပြီးရင် ကျွန်တော်တို့ဆီမှာ ပြန်လုပ်ပေးရမယ်ဆိုတာမျိုး ချည်နှောင်ထားတာ မရှိပါဘူး။ လွတ်လပ်စွာပဲ ကျောင်းထားပေးတာ ဖြစ်ပါတယ်။ Youth Development Focus မှာ ကျွန်တော်တို့ ဒါရိုက်တာကိုယ်တိုင် ကျေးရွာတွေသွားပြီး အဲဒီကလူငယ်လေးတွေမှာCreative Mind တွေရှိလာအောင် စူးစမ်းခိုင်းပြီး ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းပြီး သင်ကြားပေးပါတယ်။ မြန်မာနိုင်ငံက ပညာ ရေးအပြင် ပြင်ပကပညာရေးကို ထိတွေ့စေချင်တဲ့အတွက် စင်ကာပူကဆရာတွေကိုခေါ်ပြီး ရွာတွေမှာလိုက်ပြီး သင်ကြား ပေးပါတယ်။ သင်ထောက်ကူပစ္စည်းတွေလည်း လှူဒါန်းပေး တာတွေ ရှိပါတယ်။ [caption id="attachment_11383" align="alignnone" width="720"]

ဝန်ထမ်းတွေအတွက်ကူညီထောက်ပံ့မှု
ဝန်ထမ်းတွေအတွက်သာမက ဝန်ထမ်းမိသားစုထဲက နေမ ကောင်းရင်လည်း ဘဏ်ကကြည့်ရှု စောင့်ရှောက်ပေးပါတယ်။ အဲဒီပိုက်ဆံတွေအတွက်က ကျွန်တော်တို့ဘဏ်က မီးအာမခံ လိုမျိုး ချေးငွေ ထုတ်ချေး ရင် ကော်မရှင်တွေရတယ်။ အမှန် တကယ် အဲဒီကော်မရှင်တွေက ဘဏ်ရဲ့ဝင်ငွေတွေပါ။ အဲဒီ ငွေတွေကို ဒါရိုက်တာအဖွဲ့တို့၊ ဥက္ကဋ္ဌတို့ရမယ့်ငွေကို မယူ ဘဲ အကုန်လုံးကိုဝန် ထမ်းတွေအ တွက် နောင်ရေးရန်ပုံငွေ ကိုထူထောင်လိုက်ပြီး အဲဒီကနေဝန်ထမ်းတွေကို ထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။ အခုမတ်လအကုန်မှာ သုံးနှစ် အောက်ဝန်ထမ်းနဲ့ သုံးနှစ်ကျော်ဝန်ထမ်း ဆုမဲဖောက်ပေးတဲ့ အစီအစဉ် လုပ်ပေးထားတာ ရှိပါတယ်။ ဒါကလည်း Virus ကင်းကင်းနဲ့ ကွန်ပျူတာကို သုံးပြီးဖောက်ပေးတာပါ။ အမြင့်ဆုံးဆုက သိန်းတစ်ရာ၊ သိန်း ၅၀၊ သိန်း ၂၀၊ အနိမ့် ဆုံး ကျပ်ငါးသိန်းထိ လစဉ်တိုင်းမှာ ကျပ် ၁ç၀၇၆ သိန်းကို ကံစမ်းမဲ ဖောက်ပေးနေ ပါတယ်။ ဒီလိုလုပ်ပေးတာက ဒါ ရိုက်တာအဖွဲ့ကစပြီး နေရာတိုင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းရဲ့စိတ် မှာ အလှူအတန်းတွေကို တွေ့တော့ စိတ်ထဲမှာ ငါတို့ဘဏ် က ဒီလိုပါလားဆိုပြီး ကိန်းအောင်းသွားစေချင်လို့ပါ။ ဝန် ထမ်းတိုင်းကိုလည်း သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက် ရင် ဗုဒ္ဓဂါယာကိုစရိတ်ငြိမ်းပို့ပေးပါတယ်။ ဒါကလည်း ဘဏ်က ပိုက်ဆံမဟုတ်ဘဲ ဥက္ကဋ္ဌကြီးတို့က ပို့ဆောင်ပေး တာပါ။ [caption id="attachment_11367" align="alignnone" width="720"]
ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ကဏ္ဍစုံတွေနဲ့ ပတ် သက်ပြီး ဆက်လက်လှူဒါန်းသွားဖို့ ရှိပါတယ်။ အောက်ခြေ ကနေစတင်ပြီး နိုင်ငံတော်အဆင့်အထိလှူဒါန်းသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ် တစ်ခုဖြစ်တStrength of Myanmar ဆိုတဲ့အတိုင်း ကျွန်တော်တို့ဘဏ် ရှိရင် ခွန်အားတစ်ရပ်ဖြစ်သွားစေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အလှူအတန်းတွေ၊ အထောက်အပံ့တွေမှာ ငွေအင်အားတင် မဟုတ်ဘဲ လူအင်အား၊ ပစ္စည်းအကူအညီတွေနဲ့ ပေးနိုင်အောင် ရှေ့ဆက်ပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ [caption id="attachment_11369" align="alignnone" width="720"]




အယ်ဒီတာအဖွဲ့