သံတောင်ကြီးကထွက်တဲ့ Karen Coffee

ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာ စိုက်ပျိုးပြီးထုတ်လုပ်တဲ့ Karen Coffee နဲ့ပတ်သက်လို့ Sabanan Company Ltd ရဲ့ Managing Director ဒေါ်ခင်ဥမ္မာမိုးက ဖြေကြားပေးထားပါတယ်။

Karen

Karen ကော်ဖီဆိုတာ

----------------

Karen ကော်ဖီက Robusta ကော်ဖီမျိုးဆိုတော့ Italy Espresso နဲ့ Instant ကော်ဖီလုပ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သဘာဝနည်းအတိုင်း စိုက်ပျိုး၊ အခြောက်လှန်း၊ လှော်၊ ကြိတ်ထားတာဖြစ်တဲ့အတွက် ဘယ်လိုအရောအနှောမှ မပါဝင်တဲ့ ကော်ဖီဖြစ်ပါတယ်။

ကော်ဖီအရည်အသွေး

----------------

သဘာဝအတိုင်း လုံးဝကို အော်ဂဲနစ်စစ်စစ်ဖြစ်တယ်။ ကော်ဖီခူးပြီးရင်လည်း အခြောက်လှန်းတဲ့ နည်းစနစ်လည်း ရှိသေးတယ်။ Wet Process ဆိုတာ ရေးဆေးပြီးတော့မှ ရေပေါ်သီးတွေကို ဖယ်ပြီးလုပ်တဲ့နည်းပါ။ Dry Process လည်းရှိတယ်။ ခူးပြီးသားကော်ဖီသီးတွေကို ဒီတိုင်း နေလှန်းလိုက်တာဖြစ်ပါတယ်။ ကျွန်မတို့မှာ စက်လည်း မဝယ်နိုင်သေးတဲ့အတွက် လုံးဝသဘာဝနည်းလမ်းအတိုင်းပဲ လှော်ထားတဲ့အတွက် အရည်အသွေးအနေနဲ့ ပိုကောင်းပါတယ်။

အရသာ

--------

ကော်ဖီထဲမှာ အရောအနှောတွေ လုံးဝမထည့်ထားဘူး။ ပြုပြင်ထားတဲ့ အရသာမဟုတ်ဘဲ သဘာဝကော်ဖီရဲ့ အရသာပဲ ရောင်းပါတယ်။ ဒီမှာ Order ရှိနိုင်တာကို မှန်းပြီးတော့မှ တောင်ပေါ်ကို ကြိတ်ခိုင်းတာ ဖြစ်တာပါ။အစောကြီးကတည်းက လှော်ကြိတ်ထားတာမဟုတ်လို့ အနံ့အရသာအားဖြင့်လည်း ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။

ဈေးနူန်းနဲ့ ထုပ်ပိုးမှု

-----------

ကော်ဖီမှုန့်အမျိုးအစားလိုက် Fine Ground ပုံမှန်ကော်ဖီမှုန့်နဲ့ Coarse Ground နှပ်ကော်ဖီမှုန့်ဆိုပြီး ခွဲခြားထားပါတယ်။ အလေးချိန်နဲ့ ဈေးနူန်းအလိုက်ဆိုရင်တော့ ၁၃ ဂရမ် အထုပ်တစ်ထုပ်ကို သုံးရာကျပ်၊ တစ်ရာဂရမ်အထုပ်တစ်ထုပ်ကို နှစ်ထောင်ကျပ်နဲ့ နှစ်ရာဂရမ်အထုပ်တစ်ထုပ်ကို သုံးထောင်ကျပ်ဆိုပြီး ခွဲခြားထားပါတယ်။

ဖြန့်ချိမှုအပိုင်း

--------------

လောလောဆယ်တော့ City Mart နဲ့ Ocean Super Center တွေတိုင်းမှာ ဝယ်ယူနိုင်ပါတယ်။ နောက်ပိုင်း ၁၃ ဂရမ် (တစ်ခါသောက်) အထုပ်တွေလုပ်သွားဖို့ ပြင်ဆင်နေပြီး အဲဒီအချိန်မှာတော့ တခြားဆိုင်တွေကို ဖြန့်ချိသွားဖို့ရှိပါတယ်။

လိပ်စာနဲ့ ဖုန်းနံပါတ်

---------

၂၈ (က)၊ ဝါးခယ်မလမ်း၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး၊ ဖုန်းနံပါတ် ၀၉၄၂၅၁၀၆၅၄၁၊ ၀၉၉၅၅၁၇၉၆၂၃ နဲ့ Facebook ကတော့ Karen-Coffee ဖြစ်ပါတယ်။