Jessica Ma Thiri Aung (Founder-WyneeMyanmar.com)

မြန်မာလူငယ်တွေအတွက် တစ်ဖက်တစ်လမ်းက အထောက်ကူပြုဖို့ ရည်ရွယ်ထားတဲ့ WyneeMyanmar.com အကြောင်းကို သိရှိနိုင်ဖို့အတွက် ဒီ Website တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jessica Ma Thiri Aung နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Jessica1

ပညာရေးနဲ့အလုပ်အကိုင်အကြောင်း . . .

ကျွန်မက Anthem Asia ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ Investment Associate အဖြစ် တာဝန်ယူလုပ်ကိုင်နေပါတယ်။ Anthem Asia က မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်နိုင်ဖို့အတွက် ဦးစားပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တာဝန်တွေထဲမှာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ အကဲဖြတ်ဆောင်ရွက်ပေးမှုတွေနဲ့ အထူးသဖြင့် ပညာပေးမှုနဲ့ စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုအပိုင်းမှာ ရင်းနှီးမြှုပ်နံှမှုတွေကို အားပေးဖို့တွေ ပါဝင်ပါတယ်။ ပညာရေးက စင်ကာပူမှာ ငယ်ငယ်လေးကတည်းက သွားနေခဲ့ပြီးတော့ ဒီကို ၂၀၁၄ ခုနှစ်မှာ ပြန်ရောက်ခဲ့တာပါ။ အဲဒီတော့ စင်ကာပူမှာပဲ အထက်တန်းကျောင်းနဲ့ Nanyang Technological University တက်ခဲ့ပါတယ်။

Wynee ကို ဘယ်တုန်းက စတင်ခဲ့တာလဲ . . .

Idea စစဉ်းစားတာက ၂၀၁၆ ခုနှစ် ဇွန်လကတည်းကပါ။ Officially စတည်ထောင်တာက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာပါ။ Idea စဉ်းစားတာက လချီခဲ့ပါတယ်။ ဘယ်လိုမျိုးလိုင်းသွားမလဲဆိုတာကို အချိန်အများကြီးယူပြီး စဉ်းစားခဲ့ရပါတယ်။ အခုချိန်ထိ Wynee ကနေ ပွဲတွေကျင်းပတာ အခေါက်ပေါင်းများစွာရှိပါပြီ။ တစ်ကြိမ်တစ်ကြိမ်မှာ Format တွေက မတူပါဘူး။

WyneeMyanmar.com ကို ဘယ်လိုထူထောင်ဖြစ်တာလဲ . . .

ထူထောင်ဖြစ်ရတဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ကျွန်မအနေနဲ့က အရမ်းကံကောင်းတယ်လို့ သတ်မှတ်ပါတယ်။ ကျွန်မစင်ကာပူကိုရောက်နေတုန်းက သူစိမ်းလူတွေက ကိုယ့်ကိုအများကြီးကူညီခဲ့တဲ့အတွက် ဒီနေ့ဒီအချိန်ထိဖြစ်လာတာပါ။ အဲဒါကိုလည်း မျှဝေချင်တယ်။ ဒါက ပထမအချက်ပါ။ ဒုတိယတစ်ချက်က ကျွန်မအလုပ်က Investment Firm မှာလုပ်တော့ စီးပွားရေးတွေကို အုပ်ချုပ်ပြီး Run လုပ်ရတယ်။ ဘာတွေတွေ့လာလဲဆိုတော့ နိုင်ငံခြားပြန်တွေရယ်၊ မြန်မာပြည်က Train ထားတဲ့ လူတွေရယ်မှာ Skill Gap က အရမ်းကွာတာကို တွေ့ခဲ့ရပါတယ်။ အဲဒါဆိုတော့ မြန်မာပြည်မှာပဲ စာသင်ယူနေတဲ့သူတွေကိုလည်း ပိုပြီးတော့ ထိရောက်စေချင်တဲ့စိတ်နဲ့ ရည်ရွယ်ပြီးတော့ ကျွန်မရဲ့ Network မှာကျတော့ နိုင်ငံခြားမှာ ပညာသင်ယူတဲ့သူတွေများတယ်။ သူတို့တွေက မြန်မာကလေးတွေ၊ လူငယ်တွေကို ဘယ်လိုမျိုး Sustainably အထောက်အကူပြုနိုင်မလဲစဉ်းစားရင်းနဲ့ WyneeMyanmar.com ကို စဉ်းစားဖြစ်သွားတာပါ။

ဒီအဖွဲ့ရဲ့ Mission နဲ့ Vision တွေက ဘာတွေလဲ . . .

Vision ကကျတော့ Sustainably provide career guidance for Myanmar youths. ဖြစ်ပါတယ်။ Mission ကတော့ မြန်မာကလေးတွေကို သူတို့ရဲ့ Career လမ်းကြောင်းတွေကို ပိုပြီးတည့်သွားအောင်လုပ်စေချင်လို့ပါ။

WyneeMyanmar.com  က ဘယ်သူတွေကို Target ထားတာလဲ . . .

Target ထားတာက ကျယ်ကျယ်ပြန့်ပြန့်ပြောမယ်ဆိုရင်တော့ မြန်မာလူငယ်တွေအတွက်ပါ။ ခြုံပြီးပြောမယ်ဆိုရင် တက္ကသိုလ်နောက်ဆုံးနှစ်ရယ်၊ တက္ကသိုလ်အောင်ပြီး Fresh Graduate တွေကို ဦးတည်ပြီးလုပ်ပါတယ်။

Jessica2

ဒီ Website ကို လာ Join တဲ့သူတွေက ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ . . .

ဒီမှာ သုံးပိုင်းရှိပါတယ်။ တစ်ခုက Forum လို့ခေါ်တယ်။အဲဒီမှာ သူတို့က လာမေးချင်တာ လာမေးလို့ရတယ်။ ဆွေးနွေးပေးထားတာတွေကို ဖတ်ယူလို့ရတယ်။ နောက်တစ်ခုက Blog ပါ။ အဲဒီမှာ Wynee အဖွဲ့က တစ်ပတ်ကို နှစ်ပုဒ်လောက် Job Search နဲ့ပတ်သတ်တာဖြစ်ဖြစ်၊ Workplace Success အတွက်ဖြစ်ဖြစ် ရေးတာဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောမယ်ဆိုရင် Job Search နဲ့ပတ်သတ်တာ How to ace an interview ၊ How to write a resume ၊ Work place Success မှာပြောမယ်ဆိုရင် ကိုယ့်ရဲ့ Familiarity နဲ့မတူတဲ့သူနဲ့ တွဲလုပ်ရမယ်ဆိုရင် ဘယ်လိုမျိုးအဆင်ပြေအောင်လုပ်မလဲ။ ဒီလိုမျိုးလေးရေးတာက Blog ပါ။ တတိယတစ်ခုက ပွဲတွေလုပ်ပေးတာဖြစ်ပါတယ်။

ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေလဲ . . .

အခုကတော့ အဖွဲ့အစည်းလေး၊ ငါးခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ M-Link နဲ့ကတော့ ဒုတိယအကြိမ်ရှိပါပြီ။ နောက်နှစ်ပတ်မှာတော့ Yangon Teacher's and Trainers' Network (YTTN) နဲ့ကျင်းပမှာပါ။ သူတို့က Wynee ကို လာဖိတ်တဲ့အတွက် Wynee က ကဏ္ဍတစ်ခုလေးမှာ စကားပြောခွင့်ရပါတယ်။ တစ်ခေါက်ကဆိုရင် ဒဂုံတက္ကသိုလ်နဲ့ ပူးပေါင်းပြီးတော့ Public Speaking ပြောခဲ့ပါတယ်။ Wynee က ဘာလို့ဒီလောက် နယ်ပယ်ကျယ်ပြန့်တာကို ပြောနိုင်လဲဆိုတာကို သိချင်ကြမှာပါ။ Wynee ကို တည်ထောင်တဲ့အဖွဲ့အစည်း Team မှာ စုစုပေါင်း ၁၃ ယောက်ရှိပါတယ်။ အများစုက Professional တွေဖြစ်တယ်။ ကျွန်မက Finance Investment မှာရှိတယ်။ အလားတူပဲ အခြားလူတွေက Communications ပိုင်းမှာလုပ်ကြတယ်။ အဲဒီလိုဖြစ်တဲ့အတွက် Topic စုံစုံလေးကို Cover လုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်မ စတည်ထောင်တုန်းကလည်း အဲဒါတွေစဉ်းစားပြီးတော့ လူတွေကို သေသေချာချာရွေးချယ်ခဲ့တာပါ။ ပထမတစ်ခုက စိတ်ဓာတ်၊ ဒုတိယတစ်ခုက Skill ပါ။ ကျယ်ပြန့်တဲ့ Skill က ကိုယ့်အဖွဲ့ထဲမှာရှိမှလည်း ပိုပြီးခရီးရောက်ပါတယ်။

Wynee နဲ့ပတ်သတ်ပြီး ထပ်ဖြည့်ချင်တဲ့ အကြောင်းအရာရှိရင်လည်းပြောပေးပါ . . .

Wynee က ကွန်ရက်တစ်ခုပါ။ ကွန်ရက်တစ်ခုဆိုတော့ ဘယ်သူမဆိုလာ Join လို့ ရပါတယ်။ ကိုယ့်က အချိန်ငါးမိနစ်၊ ဆယ်မိနစ်ပေးပြီးတော့ Advice လေးပေးလိုက်တာက အခြားလူအတွက်က အများကြီးထိရောက်သွားပါတယ်။ အဲဒါကြောင့် Wynee ကွန်ရက်ကို Join ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဆင့်ဆင့်