Jelly Bunny နဲ့ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ မနန်းစုစုလှိုင်က အခုလို ဖြေကြားပေးထားပါတယ်။
Jelly Bunny မှာ ဘယ်လိုပစ္စည်းတွေကိုအဓိကရောင်းလဲ
-------------------
Jelly Bunny က ဖိနပ်နဲ့ အိတ်လေးတွေ အဓိကရောင်းပါတယ်။ ဖိနပ်လေးတွေက ပိုများပါတယ်။ အိတ်လေးတွေက လူကြီးလည်း ကိုင်လို့ရသလို၊ အများစုကတော့ လူငယ်ပိုင်းကိုင်တဲ့ အိတ်လေးတွေ ပိုများပါတယ်။
ဘယ်နိုင်ငံကနေတင်သွင်းလဲ
--------------------
Jelly Bunny က ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းပါ။ တချို့ Product တွေကို ထိုင်းနိုင်ငံမှာ ပြုလုပ်ထားတာဖြစ်ပြီး တချို့ပစ္စည်းတွေကတော့ Brazil ကနေ Import လုပ်ထားတာဖြစ်ပါတယ်။ Brand ကကြတော့ Thailand Base ဆိုပေမယ့် နိုင်ငံခြောက်နိုင်ငံမှာရှိပါတယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်းပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ နောက်နှစ်တွေကြရင်တော့ တခြားနိုင်ငံတွေမှာလည်း တိုးချဲ့သွားဖို့ရှိပါတယ်။
ထူးခြားချက်
--------------
ထူးခြားချက်ဆိုရင်တော့ ဖိနပ်လေးတွေ အကုန်လုံးက Vanilla အနံ့လေးတွေရှိပါတယ်။
ဈေးနှုန်း
---------
ကလေးဖိနပ်တွေကနေ စပြောရမယ်ဆိုရင်တော့ ၂၄,၀၀၀ လောက်ကနေစပြီးတော့ ငါးသောင်းကျော်၊ ခြောက်သောင်းကျော်လောက်ထိရှိပါတယ်။ အများစုဖိနပ်တွေရဲ့ ဈေးနှုန်းတွေက သုံးသောင်းကနေ လေးသောင်းလောက်ထိက ပိုများပါတယ်။ ပိုက်ဆံအိတ်သေးသေးလေးတွေရဲ့ အနိမ့်ဆုံးဈေးနှုန်းက လေးသောင်းကနေ အမြင့်ဆုံး ၁၂၀,၀၀၀ လောက်အထိဖြစ်ပါတယ်။ အများစုကတော့ ရှစ်သောင်းဝန်းကျင်၊ ကိုးသောင်းဝန်းကျင်တွေများပါတယ်။
Delivery တွေရှိလား
----------------------
Delivery တွေလည်းရှိပါတယ်။ ကျွန်မတို့ Facebook Page က Jelly Bunny Myanmar ဖြစ်ပါတယ်။ Facebook Page မှာ ပစ္စည်းအသစ်တွေ ရောက်လာရင်လည်းတင်ပါတယ်။
ဆိုင်လိပ်စာ
--------------
Junction City ၊ သုံးလွှာမှာရှိပါတယ်။
ဖုန်း ၀၉ - ၇၈၄၄၄၄၇၀၆