ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .
အမှတ် ၁၀၁၊ အခန်း ၂၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ် ၀၉ - ၉၆၅၀၄၅၂၃၀ ကို ဆက်သွယ်နိုင်ပါတယ်။
လုပ်ငန်းမိတ်ဆက် . . .
ကျွန်မက Jazz ကော်ဖီဆိုင်ရဲ့ Founder ဒေါ်မေရီပါ။ Jazz ဆိုတာက ထိုင်းမှာနာမည်ရှိတဲ့ ကော်ဖီတစ်မျိုးပါ။ Jazz ကော်ဖီနဲ့ ကော်ဖီဆိုင်ဖွင့်ခဲ့လို့ Jazz ဆိုပြီး နာမည်ပေးဖြစ်တာပါ။ ကျွန်မ တာချီလိတ်မှာ Jazz ကော်ဖီဆိုင်ဖွင့်ခဲ့တာ ခုနစ်နှစ်ရှိပါပြီ။ Jazz ကော်ဖီနဲ့အတူ Golden Gate Bud's Ice Cream Cake ကိုလည်း ရောင်းခဲ့တာ သက်တမ်းခုနစ်နှစ် ရှိပါပြီ။ Bud's Ice Cream Cake က အမေရိကန် San Francisco က ထိုင်းနိုင်ငံမှာလာတည်ထားတဲ့ စက်ရုံဖြစ်ပြီး ထိုင်းနိုင်ငံမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် သက်တမ်းရှိပါပြီ။ တာချီလိတ်ကတော့ ထိုင်းနယ်စပ်ဖြစ်လို့ ထိုင်းစတိုင်လ်နဲ့ ဒီအတိုင်းဝယ်ပြီး ရောင်းလို့ရတယ်။ တအားလည်း အောင်မြင်ခဲ့ပါတယ်။ Bud's Ice Cream Cake ကို မြန်မာနိုင်ငံမှာ စတင်ရောင်းချဖို့ပြောတဲ့အခါ ကျွန်မရဲ့ရောင်းအားနဲ့ နှစ်ရှည်စွာ အတူတူလုပ်ခဲ့တဲ့ ယုံကြည်မှုကြောင့် ကုမ္ပဏီကြီးက ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်ပေးခဲ့တယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ Jazz Café ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Jazz Café မှာ ရနိုင်တာတွေက . . .
ဆိုင်မှာ ကော်ဖီအပူ အအေး၊ Thai Milk Tea ၊ Ice Cream Cake တွေရပါတယ်။ Jazz ကော်ဖီ၊ Ice Cream Cake တွေကို ဖြန့်ချိပေးနေပါပြီ။ နောက်ပြီး Thai Food တွေ ချက်တဲ့ ဟင်းနှစ် Thai Curry Paste တွေကိုလည်း ဖြန့်ချိပေးနေပါတယ်။
လက်ရှိလုပ်နေတာတွေက . . .
အခုဖွင့်လိုက်တဲ့ Jazz Café က စားသုံးသူကို အဓိကထားတာ မဟုတ်ပါဘူး။ ဒီဆိုင်ကနေ Distributor အနေနဲ့ ပစ္စည်းတွေ ဖြန့်ဖြူးပေးမယ်။ ဒီဆိုင်မှာတော့ ကော်ဖီနဲ့ Ice Cream Cake တွေကို လာမြည်းစမ်းကြည့်ပြီး ကိုယ်ကြိုက်တယ်ဆိုရင် အိမ်မှာဝယ်သောက်လို့ရတယ်။ Jazz ကော်ဖီနဲ့ Thai Curry Paste (ထိုင်းဟင်းလျာဟင်းအနှစ်) ကို ဖြန့်ဖြူးပေးနေပါပြီ။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ကော်ဖီဆိုင်တွေကို အဓိက ဖြန့်ဖြူးပေးနေပါတယ်။
ဆိုင်ရဲ့ အဓိကရည်ရွယ်ချက် . . .
ဒီဆိုင်ကတော့ Jazz ကော်ဖီ၊ Golden Gate ရေခဲကိတ်နဲ့ Thai Curry Paste တွေကို ဖြန့်ဖြူးပေးပြီး လုပ်ငန်းကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သူတို့ရဲ့ Investment ပေါ်မူတည်ပြီးတော့ ကျွန်မတို့က အကောင်းဆုံး Supplier လုပ်ပေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ မြန်မာလူငယ်တွေအတွက် ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ စီးပွားရေးတစ်ခု စတင်လုပ်သွားနိုင်ဖို့ ကူညီပံ့ပိုးချင်တာပါ။
အနာဂတ်အစီအစဉ် . . .
ဖြန့်ချိရေးပိုင်းကိုပဲ ဆက်လုပ်သွားမှာပါ။ ကော်ဖီဆိုင်ဖွင့်ချင်တယ်ဆိုရင်လည်း ကျွန်မတို့ဆိုင်မှာ လာဆွေးနွေးလို့ရတယ်။ ကျွန်မတို့ဆီက ကော်ဖီဖျော်နည်းတွေကအစ အကုန်သင်ပေးမှာပါ။ Thai Food ဆိုင် စဖွင့်ချင်တဲ့သူတွေအတွက် စားဖိုမှူးအခက်အခဲရှိတယ်ဆိုရင်လည်း ကျွန်မတို့ ကူညီပေးမှာပါ။ လူငါးယောက်၊ ဆယ်ယောက်လောက်ရှိရင် Thai Food အတွက် စားဖိုမှူးသင်တန်းဖွင့်ပေးတဲ့အထိ လုပ်ပေးသွားမှာပါ။