IRIS Hair Design & Spa

Iris Spa ယခုအခါမှာ ခေတ်ကာလရဲ့ Lifestyle အရ အလှအပဆိုင်ရာကိစ္စတွေကို စိတ်အပန်းဖြေရာနေရာ၊ အနားယူရာနေရာအဖြစ် ပြောင်းလဲကျင့်သုံးနေကြပါပြီ။ ဒါကြောင့် ၂၁ ရာစု အမျိုးသား၊ အမျိုးသမီးတွေအတွက် စိတ်အပန်းဖြေရာနေရာအဖြစ် မိမိတို့ရဲ့ အားလပ်ချိန်တွေမှာ ခေါင်းကနေ ခြေအဆုံး တစ်နေရာတည်းမှာ ပြီးပြည့်စုံအောင် အနားယူဖို့အတွက် IRIS Hair Design & Spa  နဲ့ မိတ်ဆက်ပေးပါရစေ။   ဆိုင်တည်နေရာ အမှတ် ၅၇၀ (A) ၊ ကမ္ဘာအေးဘုရားလမ်း (ကမ္ဘာအေးကုန်း မြေရှေ့)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ်တွေကတော့ ၀၁-၆၆၄၉၁၈၊ ၀၉-၅၄၁၄၄၅၅၊ ၀၉-၄၂၁၀၆၆၉၁၁ တို့ကို ဆက်သွယ်နိုင်ပါတယ်။   ဆိုင်ဖွင့်ချိန် မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။   ဆိုင်ဖွင့်ဖြစ်ခဲ့ပုံ ကိုယ်တိုင်ကလည်း အလှအပကို စိတ်ဝင်စားပြီး အခြားသူတွေကိုလည်း အနုစိတ် (အသေးစိတ်) လှပအောင် ပြုလုပ်ပေးလိုတဲ့ရည်ရွယ်ချက်နဲ့ လူငယ်တွေ စုစည်းဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။   ဆိုင်နာမည်ပေးဖြစ်ပုံ IRIS ဆိုတာကို လူအများက ပန်းနာမည်တစ်မျိုးလို့ပဲ သိခဲ့ကြပါ တယ်။ အမှန်တော့ အခြားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိပါတယ်။ အဲဒီအဓိပ္ပာယ်လေးတွေကို အလွန်ပဲ နှစ် သက်လို့ပါ။ ဒီ IRIS ရဲ့ အဓိပ္ပာယ်ကတော့ 'လျှို့ဝှက်ပြီး ထူးချွန်ဆုံး' ဆိုတာကို နှစ်သက်လို့ ပေးဖြစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။   ဝန်ဆောင်မှုပိုင်း Hair  ပိုင်းမှာဆိုရင် Hair Cutting ၊ Rebonding ၊ Shampoo ၊ Hight Light  နဲ့ အရောင်ဆိုးတာတွေအပြင် ပျက်စီးနေတဲ့ဆံပင်တွေကို Treatment လုပ်ပေးတာတွေ ရှိပါတယ်။ နောက်ပြီး လက်သည်း၊ ခြေသည်းအလှဖော်တဲ့ ဝန်ဆောင်မှုတွေအပြင် Manicure ၊ Pedicure၊ Hand and Foot Spa  တွေလည်း ရရှိနိုင်ပါတယ်။ Facial   ပိုင်းမှာဆိုရင် Cleansing ၊ Mask  နဲ့ Treatment ပေးတာမျိုးတွေ ရှိပါတယ်။ Body (Spa and Massage)  ပိုင်းအတွက် Body Scrub ၊ Mask၊ Treatment ၊ Sauna၊ Thai Foot Massage၊ Thai Body Massage၊ Thai Herbal  နဲ့ Aromatherapy (Oil Massage) တွေ ရှိပြီး USA ၊ Italy၊ Thailand ၊ Switzerland  စတဲ့ နိုင်ငံတွေကလာတဲ့ Branded ပစ္စည်းအမျိုးအစားတွေကို သုံးစွဲတယ်လို့ သိရပါတယ်။   ဈေးနှုန်းပိုင်း ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ကတော့ သုံးတဲ့ပစ္စည်းအမျိုးအစားကိုလိုက်ပြီး ဈေးနှုန်းကွာခြားမှုရှိပါတယ်။ Hair ပိုင်းမှာဆိုရင် ကျပ်ငါးထောင်ကနေ ကျပ် ၁၂၀,၀၀၀ ထိ၊ Nail  ပိုင်းမှာဆိုရင် ကျပ်သုံးထောင်ကနေ ကျပ် ၁၅,၀၀၀ ထိ၊ Facial  ပိုင်းမှာဆိုရင် ကျပ်ငါးထောင်ကနေ ကျပ်ခြောက်သောင်းထိနဲ့ Body ပိုင်းမှာဆိုရင် ကျပ်ရှစ်ထောင် ကနေ ကျပ်ခုနစ်သောင်းထိ ရှိတယ်လို့ သိရပါတယ်။   Promotion အစီအစဉ် Seasonal Promotion အပြင်  VIP ၊ Celebrity Cards ၊ Member Card  တွေကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ သိရပါတယ်။   ထူးခြားမှု ဆိုင်ရဲ့ Decoration အခင်းအကျင်းနဲ့ အလှကုန်ပစ္စည်းတွေကို သေသေချာချာ စီစဉ်ထားရှိတာတွေကြောင့်  Customer တွေကို တစ်ခါလာရောက်ပြီးတာနဲ့  Regular Customer တွေ ဖြစ်သွားအောင် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။   အနာဂတ်ရည်မှန်းချက် ဆိုင်ခွဲတွေဖွင့်ဖို့ စီစဉ်ထားတာဖြစ်ပြီး  နိုင်ငံတကာအဆင့်မီတဲ့ Hair and Spa တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။  

ဆွေဆွေလတ်