အရင်တုန်းက Infosys Technologies Limited လို့ သိထားကြတဲ့ Infosys Limited ဟာ စီးပွားရေးလုပ်ငန်းအကြံပေး၊ သတင်းအချက်အလက်နည်းပညာနဲ့ ပြင်ပတာဝန်ပေး ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အိန္ဒိယနိုင်ငံစုံကော်ပိုရေးရှင်းကြီးဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးရဲ့ ဌာနချုပ်ကတော့ အိန္ဒိယနိုင်ငံ Bengaluru မြို့မှာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ဝင်ငွေအရ Infosys ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံး IT ကုမ္ပဏီကြီးဖြစ်ပြီး ဝင်ငွေအရ ကမ္ဘာမှာ နံပါတ် ၅၉၆ မြောက် အကြီးဆုံးအများပိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးစုစုပေါင်းဟာ ဒေါ်လာ ၃၄.၃၃ ဘီလီယံ ရှိပါတယ်။ ကုမ္ပဏီရဲ့အကဲဖြတ်ချေးငွေဆပ်အားနှုန်းဟာ A- အဆင့်မှာ ရှိပါတယ်။
သမိုင်းကြောင်း
----------------
၁၉၈၁ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ Pune မြို့မှာ အင်ဂျင်နီယာ ခုနစ်ယောက်က ကနဦးမတည်ရင်းနှီးငွေ ဒေါ်လာ ၂၅၀ နဲ့ Infosys ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ကုမ္ပဏီကို Infosys Consultants Private Limited အဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကုမ္ပဏီဟာ သူ့ရဲ့ရုံးကို Bengaluru မြို့ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အမည်ပြောင်းလဲခြင်း
-----------------------
၁၉၉၂ ခုနှစ် ဧပြီလမှာ ကုမ္ပဏီရဲ့အမည်ကို Infosys Technologies Private Limited အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၉၂ ခုနှစ် ဇွန်လမှာ ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီလီမိတက်တစ်ခုဖြစ်လာတဲ့အခါမှာတော့ Infosys Technologies Limited အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ ခုနှစ် ဇွန်လကိုရောက်တဲ့အခါ ကုမ္ပဏီရဲ့အမည်ကို Infosys Limited အဖြစ် ထပ်မံပြောင်းလဲခဲ့ပါတယ်။
အစုရှယ်ယာထုတ်ရောင်းခြင်း
-------------------------------
၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလမှာ စာရင်းအရ ၂၀၁၆ ခုနှစ်ရဲ့ ရူပီးတစ်ရာ၊ အမေရိကန်ဒေါ်လာ ၁.၆၀ ဒေါ်လာနဲ့ ညီမျှတဲ့ ရူပီး ၂၀ ပေါက်ဈေးရှိနေတဲ့ ရှယ်ယာတွေကို (၂၀၁၆ ခုနှစ်ရဲ့ ရူပီး ၄၈၀၊ အမေရိကန်ဒေါ်လာ ၇.၅၀ ဒေါ်လာနဲ့ ညီမျှတဲ့) ၉၅ ရူပီးနဲ့ ပထမဆုံးထုတ်ရောင်းခဲ့ပါတယ်။ Infosys ရဲ့ စုရှယ်ယာပထမဆုံးထုတ်ရောင်းမှု (IPO) မှာ ရှယ်ယာတွေကို လိုသလောက်ရောင်းလို့မရခဲ့ပေမယ့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်တဲ့ Morgan Stanley က ကုမ္ပဏီက သတ်မှတ်ပေးတဲ့ဈေးနဲ့ အစုရှယ်ယာပေါင်း ၁၃ ရာခိုင်နှုန်းကို ဝယ်ပြီးပံ့ပိုးပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဇွန်လမှာ ဒီကုမ္ပဏီရဲ့ရှယ်ယာတွေကို အဖွင့်ဈေး ၂၀၁၆ ခုနှစ်ရဲ့ ရူပီး ၇၄၀၊ အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနဲ့ညီမျှတဲ့) ၁၄၅ ရူပီးနဲ့ စတော့ရှယ်ယာဒိုင်တွေမှာ ထုတ်ရောင်းခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ ဒီကုမ္ပဏီရဲ့ရှယ်ယာတွေကို NASDAQ စတော့ရှယ်ယာဒိုင်မှာ ထုတ်ရောင်းခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကုန်တဲ့အခါ ရှယ်ယာဈေးနှုန်းဟာ ၂၀၁၆ ခုနှစ်ရဲ့ ရူပီ ၂၄,၀၀၀၊ အမေရိကန်ဒေါ်လာ ၃၈၀ နဲ့ညီမျှတဲ့) ရူပီ ၈,၁၀၀ အထိ တက်သွားခဲ့တဲ့ အဲဒီအချိန်တုန်းက ဈေးကွက်ထဲမှာ ဈေးအမြင့်ဆုံးရှယ်ယာဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Infosys ဟာ အစုရှယ်ယာတန်ဖိုး စုစုပေါင်းအရဆိုရင် NASDAQ စတော့ရှယ်ယာဒိုင်မှာ အကြီးဆုံးကုမ္ပဏီကြီးနှစ်ဆယ်ထဲမှာ ပါခဲ့ပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံသူတွေကို သူ့ရဲ့စတော့တွေ ကောင်းကောင်းရနိုင်ဖို့အတွက် စတော့ရှယ်ယာထုတ်ရောင်းခြင်းကို NASDAQ စတော့ရှယ်ယာဒိုင်ဆီက NYSE Euronext စတော့ရှယ်ယာဒိုင်ဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဝင်ငွေတိုးတက်မှု
-------------------
ကုမ္ပဏီရဲ့နှစ်စဉ်ဝင်ငွေဟာ ၁၉၉၉ ခုနှှစ်မှာ ဒေါ်လာသန်းတစ်ရာ၊ ၂၀၀၄ ခုနှစ်မှာ ဒေါ်လာတစ်ဘီလီယံနဲ့ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာဆယ်ဘီလီယံကို ရောက်သွားခဲ့ပါတယ်။
ပထဝီနယ်မြေချဲ့ထွင်မှု
-------------------------
Infosys ဟာ ၂၀၁၂ ခုနှစ်မှာ Harley-Davidson ကုမ္ပဏီကြီးကို ဝန်ဆောင်မှုပေးဖို့အတွက် ဝက်စကွန်စင်ပြည်နယ် Milwaukee မြို့မှာ ရုံးအသစ်တစ်ခုကို ကြေညာခဲ့ပြီး အဲဒီရုံးဟာ အမေရိကန်နိုင်ငံမှာ ၁၈ ခုမြောက် အပြည်ပြည်ဆိုင်ရာရုံးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Infosys ဟာ အမေရိကန်ဝန်ထမ်းပေါင်း ၁,၂၀၀ ကို အလုပ်ခန့်ခဲ့သလို ၂၀၁၂ ခုနှစ်မှာ နောက်ထပ်ဝန်ထမ်းပေါင်းနှစ်ထောင်ကိုခန့်ပြီး ဝန်ထမ်းဦးရေကို တိုးချဲ့ခဲ့ပါတယ်။
ကုန်ပစ္စည်းနှင့် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မှု
----------------
၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ Infosys ဟာ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၊ ဈေးဝယ်သူဝန်ဆောင်မှု၊ ဝယ်ယူဖြည့်တင်းရေးနဲ့ ရောင်းဝယ်ရေးကွန်ရက် domain တွေအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ Software ပစ္စည်းတွေအပေါ်မှာ ဇောင်းပေးပြီး EdgeVerve Systems လို့ခေါ်တဲ့ လက်အောက်ခံကုန်ပစ္စည်းကုမ္ပဏီကို စပြီးလုပ်ခဲ့ပါတယ်။
ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ
--------------------
Infosys ဟာ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေကို ငွေကြေး၊ အာမခံ၊ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ တခြား Domain တွေမှာ Software ဖော်ထုတ်မှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ တရားဝင်ဖြစ်အောင်လုပ်ပေးတဲ့ လွတ်လပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးပါတယ်။
လူသိများတဲ့ သူ့ရဲ့ကုန်ပစ္စည်းတစ်ခုကတော့ Finacle ဖြစ်ပြီး အဲဒီပစ္စည်းဟာ လက်လီနဲ့ကော်ပိုရိတ် ဘဏ်လုပ်ငန်းအတွက် Module အမျိုးမျိုးပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်။
Infosys ရဲ့ အဓိကကျတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကတော့-
- NIA - Next Generation Integrated AI Platform (အရင်က Mana လို့လည်း သိထားခဲ့ပါတယ်)
- Infosys အကြံပေးလုပ်ငန်း- ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အကြံပေးဝန်ဆောင်မှုလုပ်ငန်း
- Infosys Information Platform (IIP)- Analytics platform
- EdgeVerve Systems (ကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်း Platform ဖြစ်တဲ့ Finacle အပါအဝင်)
- Panaya Cloud Suite
- Skava
ပထဝီနယ်မြေအရတည်ရှိမှု
------------------------------
၂၀၁၇ ခုနှစ်မတ်လ ၃၁ ရက်နေ့မှာ Infosys ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အရောင်းနဲ့ရောင်းအားမြှင့်တင်ရေး ရုံးပေါင်း ၈၄ ခုနဲ့ ဖွံ့ဖြိုးရေးဌာနပေါင်း ၁၁၆ ခုရှိပါတယ်။ အဓိကရှိနေတဲ့နေရာတွေကတော့ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ သြစတေးလျ၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ သူ့ဝင်ငွေတွေရဲ့ ၆၁.၉ ရာခိုင်နှုန်း၊ ၂၂.၅ရာခိုင်နှုန်းနဲ့ ၃.၂ ရာခိုင်နှုန်းဟာ မြောက်အမေရိက၊ ဥရောပနဲ့ အိန္ဒိယတို့ဆီက အသီးသီးလာပါတယ်။ ကျန်တဲ့ဝင်ငွေ ၁၂.၄ ရာခိုင်နှုန်းကကျန်တဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေဆီက လာပါတယ်။
[caption id="attachment_32630" align="alignnone" width="370"]Maxresdefault[/caption]
စတော့ရှယ်ယာများ ထုတ်ရောင်းခြင်းနှင့် ရှယ်ယာများပိုင်ဆိုင်မှုပုံစံ
---------------------
အိန္ဒိယနိုင်ငံမှာ Infosys ရဲ့ ရှယ်ယာတွေကို BSE SENSEX စတော့ရှယ်ယာဒိုင်ညွှန်းကိန်းထဲမှာပါဝင်တဲ့ BSE စတော့ရှယ်ယာဒိုင်နဲ့ CNX NIFTY စတော့ရှယ်ယာဒိုင်ညွှန်းကိန်းထဲမှာပါဝင်တဲ့ NSE စတော့ရှယ်ယာဒိုင်တွေမှာ ထုတ်ရောင်းပါတယ်။ သူ့ရဲ့ရှယ်ယာတွေကို NYSE စတော့ရှယ်ယာဒိုင်မှာလည်း ရောင်းပါတယ်။
သူ့ရဲ့ရှယ်ယာတွေကို စတော့ရှယ်ယာဒိုင်မှာ ပထမဆုံးထုတ်ရောင်းခဲ့တဲ့ ၁၉၉၃ ခုနှစ် ဇွန်လကစပြီး ကာလတစ်ခုကြာတဲ့အခါမှာ သူ့ကိုတည်ထောင်ခဲ့သူတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေဟာ တဖြည်းဖြည်းလျော့နည်းသွားခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ N ASDAQ စတော့ရှယ်ယာဒိုင်မှာ ရှယ်ယာတွေထုတ်ရောင်းတာတွေ၊ ဝန်ထမ်းတွေအတွက် စတော့ Option အစီအစဉ်တွေနဲ့အတူ တည်ထောင်သူတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှုဟာ ထပ်ပြီးလျော့နည်းသွားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ထောင်သူတွေရဲ့ ပိုင်ဆိုင်မှုဟာ ၂၈.၇၂ ရာခိုင်နှုန်းပဲရှိပြီး သူတို့ရဲ့ရှယ်ယာတွေကို တဖြည်းဖြည်းထုတ်ရောင်းပြီး ကုမ္ပဏီရဲ့တက်ကြွတဲ့ စီမံခန့်ခွဲမှုမှာပါဝင်ပတ်သက်မှုကို လျှော့ချခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့မှာ ၁၂.၇၅ ရာခိုင်နှုန်းကို ကျဆင်းသွားပါတယ်။
ဝန်ထမ်းများ
------------
၂၀၁၇ ခုနှစ် မတ်လကုန်မှာ Infosys မှာ ဝန်ထမ်းစုစုပေါင်း ၂၀၀,၃၆၄ ယောက်ရှိပြီး အဲဒီအထဲက ၃၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ သူ့ရဲ့ဝန်ထမ်းတွေထဲမှာ လူမျိုးပေါင်း ၁၂၉ မျိုးအထိ ပါဝင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဝန်ထမ်းတွေရဲ့ ၈၉ ရာခိုင်နှုန်းဟာ အိန္ဒိယနိုင်ငံမှာ ရှိပါတယ်။ ဝန်ထမ်းစုစုပေါင်းရဲ့ ၇၉ ရာခိုင်နှုန်းဟာ Software ကျွမ်းကျင်သူတွေဖြစ်ကြပြီး၊ ၁၆ ရာခိုင်နှုန်းက BPO ဌာနခွဲမှာ လုပ်နေကြပါတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ ပံ့ပိုးရေးနဲ့အရောင်းလုပ်ငန်းတွေကို လုပ်နေကြပါတယ်။
၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ Infosys ဟာ အလုပ်လျှောက်ထားသူပေါင်း ၁,၂၉၃,၈၇၇ ယောက် ဆီက အလုပ်လျှောက်လွှာတွေကို လက်ခံရရှိခဲ့ပြီး အဲဒီအထဲက ဝန်ထမ်းပေါင်း ၅၁,၀၀၄ ယောက်ကို ဖြည့်စွက်ခန့်ထားခဲ့တဲ့အတွက် လျှောက်ထားသူတွေထဲက ခန့်ထားမှုနှုန်းဟာ ၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီကိန်းဂဏန်းတွေဟာ လက်အောက်ခံကုမ္ပဏီတွေရဲ့ ကိန်းဂဏန်းတွေ မပါသေးပါဘူး။ လက်အောက်ခံကုမ္ပဏီတွေမပါဘဲ Infosys Ltd.၊ ကုမ္ပဏီရဲ့ ဝန်ထမ်းလျော့နည်းမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။
CEO များ
----------
ကုမ္ပဏီကိုစပြီးတည်ထောင်ခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ်အထိ Infosys ရဲ့ CEO တွေဟာ ကုမ္ပဏီကို တည်ထောင်ခဲ့သူတွေဖြစ်ကြပြီး ပထမပိုင်း ၂၁ နှစ်မှာ ကုမ္ပဏီကို N. R Narayanmurthy က ဦးဆောင်ခဲ့ပါတယ်။ ဒေါက်တာ Vishal Sikka ဟာ Infosys ရဲ့ တည်ထောင်သူထဲကမဟုတ်တဲ့ ပထမဆုံးသော CEO ဖြစ်ပြီး သုံးနှစ်ဝန်းကျင်အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဒေါက်တာ Vishal Sikka နုတ်ထွက်သွားခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာအဖွဲ့ဝင်တွေဆီကို သူရေးခဲ့တဲ့ ကိုယ်ရေးကိုယ်တာစာထဲမှာ ဒေါက်တာ Sikka Infosys က သူနုတ်ထွက်သွားခဲ့ရတဲ့ အကြောင်းရင်းအဖြစ် စိတ်သောကရောက်မှုတွေ၊ မှားယွင်းတဲ့၊ အခြေအမြစ်မရှိတဲ့၊ မလိုမုန်းထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဒါဟာ Sikka က Infosys ကို ဦးတည်ချက်အသစ်ဆီကို ခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်ပြီး Infosys ကို တည်ထောင်သူတွေနဲ့ ရန်ငြိုးတွေ အကြာကြီးဖြစ်ခဲ့တာကို ရည်ညွှန်းတယ်ဆိုတာကို လူတော်တော်များကသံသယရှိခဲ့ကြပါတယ်။ သူနုတ်ထွက်သွားပြီးတဲ့နောက်မှာတော့ UB PravinRao ကိုရဲ့ ကြားဖြတ် CEO နဲ့ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အစီအစဉ်သစ်များ
Infosys ဖောင်ဒေးရှင်း
-------------------------
၁၉၉၆ ခုနှစ်မှာ Infosys ဟာ လူ့အဖွဲ့အစည်းထဲက ချို့တဲ့နွမ်းပါးတဲ့အပိုင်းတွေကို ထောက်ပံ့ဖို့အတွက် Infosys ဖောင်ဒေးရှင်းကြီးကို တည်ထောင်ခဲ့ပါတယ်။ အစပိုင်းမှာ Infosys ဖောင်ဒေးရှင်းဟာ Karnataka ပြည်နယ်မှာ အစီအစဉ်တော်တော်များကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Tamil Nadu ၊ Telangana ၊ Andhra Pradesh ၊ Maharashtra ၊ Odisha နဲ့ Punjab ဆိုပြီး ပြည်နယ်တွေတစ်ဆင့်ပြီးတစ်ဆင့် ပါဝင်လာခဲ့ပါတယ်။ ဖောင်ဒေးရှင်းမှာရှိတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခိုကိုးရာမဲ့သူတွေကို စောင့်ရှောက်မှုနဲ့ ကျေးလက်ဖွံ့ဖြိုးရေးနယ်ပယ်တွေမှာ အစီအစဉ်တွေအားလုံးကို ဖော်ထုတ်နေပါတယ်။ The Infosys Foundation USA ဟာ အမေရိကန်နိုင်ငံမှာ ပါဝင်ခွင့်မရတဲ့ ကျောင်းသားတွေကို အလေးပေးပြီး သိပ္ပံနဲ့သင်္ချာပညာသင်ကြားရေးကို မြှင့်တင်ပေးနေပါတယ်။
သင်ကြားရေးဆိုင်ရာနှစ်ဖက်နားလည်မှု
-----------------------
Infosys ရဲ့ ကမ္ဘာလုံးဆိုင်ရာသင်ကြားရေးဆက်ဆံမှုအဖွဲ့ဟာ သင်ကြားရေးနဲ့ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေနဲ့အတူ Academic Entente ဆိုတဲ့ ကျောင်းကြီးကို ပုံဖော်ဖန်တီးခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဖြစ်ရပ်လေ့လာမှုတွေ၊ ကျောင်းသားခရီးစဉ်တွေ၊ တွေ့ဆုံစကားပြောပွဲတွေလုပ်ပြီး Infosys နဲ့ Academia ပညာရေးဝက်ဘ်ဆိုက်ကြားက ပူးပေါင်းဖန်တီးမှုအခွင့်အလမ်းတွေကို စူးစမ်းရှာဖွေနေပါတယ်။ သူတို့နှစ်ဖွဲ့ဟာ နည်းပညာ၊ ထွန်းသစ်စစီးပွားရေးနဲ့ သုတေသနလုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ တချို့အစီအစဉ်သစ်တွေထဲမှာ သုတေသနပူးပေါင်းဆောင်ရွက်မှုတွေ၊ ထုတ်ဝေမှုတွေ၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ တက္ကသိုလ်နယ်မြေလည်ပတ်မှုတွေ၊ တက္ကသိုလ်နယ်မြေ ငှားရမ်းမှုတွေပါဝင်ပါတယ်။
Infosys လက်တွေ့စမ်းသပ်ခန်းများ
----------------------
Infosys လက်တွေ့စမ်းသပ်ခန်းတွေကို သုတေသနလက်တွေ့စမ်းသပ်ခန်းတွေနဲ့ ဆန်းသစ်တီထွင်မှုမဏ္ဍိုင်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုအဖြစ် စီစဉ်ထားပါတယ်။ Infosys လက်တွေ့စမ်းသပ်ခန်းတွေဟာ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ Viterbi အင်ဂျင်နီယာကျောင်း၊ Cambridge တက္ကသိုလ်၊ Belfast မြို့က Queens တက္ကသိုလ်၊ Urbana-Champaign က Illinois တက္ကသိုလ်၊ အိန္ဒိယနိုင်ငံဘုံဘေနည်းပညာတက္ကသိုလ်၊ IITB-Monash သုတေသနတက္ကသိုလ်၊ ဒေလီမြို့က Indraprastha သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ Bangalore က အိန္ဒိယသိပ္ပံပညာတက္ကသိုလ်၊ Purdue တက္ကသိုလ်နဲ့ Bangalore က အိန္ဒိယသတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွေလို ထိပ်တန်းအမျိုးသားနဲ့ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Infosys ဆု
--------------
Infosys ဆုဟာ အိန္ဒိယနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ သိပ္ပံပညာရှင်တွေ၊ သုတေသီတွေ၊ အင်ဂျင်နီယာတွေနဲ့ လူမှုသိပ္ပံပညာရှင်တွေကို နှစ်စဉ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ဒီဆုကို Infosys သိပ္ပံဖောင်ဒေးရှင်းကြီးက ပေးပါတယ်။ Infosys နဲ့ သူ့ရဲ့ဒါရိုက်တာအဖွဲ့ဝင်တချို့က ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ အဲဒီ Infosys သိပ္ပံဖောင်ဒေးရှင်းကြီးကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ တည်ထောင်ခဲ့ပါတယ်။ ဒီဆုကို အမျိုးအစား ခြောက်ခုခွဲပြီး ပေးပါတယ်။ ဆုတစ်ခုစီမှာ ရွှေတံဆိပ်တစ်ခု၊ ပြန်တမ်းလက်မှတ်တစ်ခုနဲ့ ငွေသားဆု ရူပီး ၆.၅ သန်း (အမေရိကန်ဒေါ်လာတစ်သိန်း) ပါဝင်ပါတယ်။
ဆုများနှင့် အသိအမှတ်ပြုခံရမှုများ
-------------------------------------
- ၂၀၁၇ ခုနှစ် HfS သုတေသနအဖွဲ့ကြီးက စီမံခန့်ခွဲထားတဲ့ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ လုပ်ငန်းရဲ့ ၄.၀ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရေနဲ့ လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုတွေအတွက် HfS Blueprint ရဲ့ Winner's Circle ထဲမှာ Infosys ကို ထည့်ပေးခဲ့ပါတယ်။
- ၂၀၁၂ ခုနှစ်မှာ Forbes မဂ္ဂဇင်းကြီးက Infosys ကို ကမ္ဘာ့ဆန်းသစ်တီထွင်မှု အရှိဆုံးကုမ္ပဏီတွေထဲမှာ အဆင့် ၁၉ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
- ၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံလက်မှတ်ရ စာရင်းပညာတက္ကသိုလ်ကြီးက Infosys ကို Best Presented Accounts ဆုရှင်တွေထဲမှာ ၁၁ နှစ်ဆက်တိုက်ပါခဲ့တဲ့အတွက် Hall of Fame ထဲကို ထည့်သွင်းပေးခဲ့ပါတယ်။
သဘောတူညီမှုများ
---------------------
- ဗြိတိသျှအခြေစိုက်ကုန်တိုက်ကြီး House of Fraser ဟာ သူ့ရဲ့လုပ်ငန်းလမ်းကြောင်းဖြစ်တဲ့ IT အခြေခံအဆောက်အုံကို အသွင်ပြောင်းပစ်ဖို့နဲ့ သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာခြေရာကို ချဲ့ထွင်ဖို့အတွက် မဟာဗျူဟာစီးပွားဖက်အဖြစ် Infosys ကို ရွေးချယ်ခဲ့ပါတယ်။ ဒီနှစ်ရှည်သဘောတူညီချက်ကို Sanpower အုပ်စုရဲ့ဥက္ကဋ္ဌ မစ္စတာ Yuan Yafei နဲ့ အဲဒီအချိန်က Infosys ရဲ့ CEO ဖြစ်တဲ့ ဒေါက်တာ Vishal Sikka တို့ရဲ့ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
- Infosys ဟာ ဖွံ့ဖြိုးရေး၊ အသုံးပြုမှုထိန်းသိမ်းထားရေး၊ ဒစ်ဂျစ်တယ်နဲ့ ရွေ့လျားနိုင်မှုအစီအစဉ် အကောင်အထည်ဖော်ရေးနဲ့ စမ်းသပ်ချက်ဝန်ဆောင်မှုလုပ်ငန်းတွေကို ထောက်ပံ့ဖို့အတွက် Deutsche ဘဏ်ကြီးနဲ့ နှစ်ရှည်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။