House.com.mm ရဲ့ Managing Director Balaji Ramaswami

Balaji3

ဂျာမနီအခြေစိုက် Rocket Internet ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Property Website House.com.mm မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လက စတင်ကာ လက်ရှိအချိန်အထိ MD အဖြစ်တာဝန်ယူထားတဲ့ Mr Balaji Ramaswami နဲ့ တွေ့ဆုံခိုက်မှာ သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်တဲ့အနေအထားနဲ့ ခန့်မှန်းချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Balaji1

လုပ်ငန်းအတွေ့အကြုံနဲ့ ပညာရေးနောက်ခံ . . .

ကျွန်တော် Maritime Industry မှာ ၉ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီး အဲဒီနောက်မှာ INSEAD Singapore မှာ MBA ပြီးခဲ့ပါတယ်။ ပြီးတော့မှ House.com.mm မှာ MD အဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

House.com.mm website နဲ့ သူ့ရဲ့နည်းပညာဆိုင်ရာ အဖွဲ့သားတွေ . . .

Real Estate Industry မှာ ကျွန်တော်တို့ Website က Demand နဲ့ Supply ကို ချိတ်ဆက်ပေးတဲ့ Platform အနေနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ Website က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Lamudi (Lamudi.com) ဆိုတဲ့ နာမည်သုံးပြီး ၃၃ ခုသော ဖွံ့ဖြိုးလာနေတဲ့ ဈေးကွက်တွေမှာရှိပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ အဖွဲ့သားတွေကတော့ Sales ၊ Marketing နဲ့ Customer Support တွေကို အသီးသီးတာဝန်ယူ လုပ်ကိုင်ပေးကြပါတယ်။ ဒီ ၃၃ နိုင်ငံမှာရှိတဲ့ လုပ်ငန်းအသီးသီးကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ ရုံးချုပ်ကနေ ထောက်ပံ့ပေးပါတယ်။ အဲဒီမှာရှိတဲ့ Central Team ကတော့ Website Design ပိုင်းနဲ့ စီမံထိန်းချုပ်မှုပိုင်းကို တပြိုင်နက်တည်း တာဝန်ယူထားတာပါ။ သူတို့အထောက်အပံ့နဲ့ ခက်ခဲနက်နဲတဲ့ Property Search Tool တွေကို ကျွန်တော်တို့အသုံးပြုနိုင်တာကြောင့် တခြားပြည်တွင်း Competitor တွေကြားမှာ ကွဲပြားစွာရပ်တည်နိုင်ပါတယ်။

House.com.mm ရဲ့ Traffic အများစုက ဘယ်ကလာသလဲ . . .

အများစုကတော့ မြန်မာနိုင်ငံတွင်းကဖြစ်ပြီး ၆၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒုတိယကတော့ စင်ကာပူကနေ ရှာဖွေမှုနှုန်း ၆.၅ ရာခိုင်နှုန်းလောက်ရှိတာဖြစ်ပြီး အမေရိကနဲ့ ထိုင်းနိုင်ငံတွေကနေလည်း ဝင်ရောက်ရှာဖွေမှုတွေ ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ မြန်မာအများစုကလည်း ဒီရာခိုင်နှုန်းတွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ Website က ဘာသာစကားနှစ်မျိုးနဲ့ အသုံးပြုလို့ရတဲ့ တစ်ခုတည်းသော Property Website ဖြစ်တာကြောင့် အင်္ဂလိပ်စာနဲ့ ဝင်ရောက်ရှာဖွေမှုတွေလုပ်တဲ့ နိုင်ငံခြားသားတွေကလည်း ကျွန်တော်တို့ Customer အုပ်စုတစ်ခုပါပဲ။

(As of Sept 2015)

Offline ကနေ Online ကို ကူးပြောင်းတဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲ . . .

ပထမဆုံးနဲ့ အခက်အခဲဆုံးကတော့ Online တင်တာကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုသိလာအောင် လုပ်ရတာပဲဖြစ်ပါတယ်။ Online မှာ အလုပ်ဖြစ်တဲ့ တချို့အချက်တွေက Offline မှာ ကြော်ငြာတော့ မလိုအပ်တော့ပြန်ပါဘူး။

ဓာတ်ပုံတွေနဲ့ အသေးစိတ်အချက်အလက်တွေက ပြည့်စုံတဲ့ စာရင်းပြုစုမှုထွက်လာဖို့ အဓိကအရေးကြီးတာတွေပါ။ Agent တွေနဲ့ Feature ပွဲစားတွေက ဒါတွေကို မကြာခဏဆိုသလို ဖြည့်စွက်ပေးဖို့ လက်တွံ့ကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒီအတွက်ကြောင့်ပဲ ဗဟုသုတနဲ့ သတိထားမှုရှိလာဖို့ ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေကို ကိုယ်တိုင်ဦးဆောင်လုပ်လာပါတယ်။ အဲဒါတွေက Agent တွေနဲ့ အိမ်ခြံမြေပွဲစားတွေအပေါ် ဘယ်လောက်အထိ အပြုသဘောအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို တွေ့ရလို့ အံ့သြဝမ်းသာမိပါတယ်။

Data Collect လုပ်တဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ . . .

ကျွန်တော်တို့ အချက်အလက်စုဆောင်းတဲ့အခါမှာ အဓိကတွေ့ရတဲ့ စိန်ခေါ်မှုကတော့ အချက်အလက်တွေရဲ့ Quality ဖြစ်ပါတယ်။ သတင်းအချက်အလက်စာရင်းတွေရဲ့ အရည်အသွေးပိုကောင်းအောင်လို့၊ အဲဒီအချက်အလက်တွေကို ဝင်ကြည့်သုံးစွဲသူတွေ အကျိုးရှိအောင်လို့ အမြဲတမ်းအားထုတ်လုပ်ဆောင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အချက်အလက်တွေနဲ့အတူ Quality Control Team လည်း သတ်သတ်မှတ်မှတ် ထားထားပါတယ်။ ဓာတ်ပုံနဲ့တကွ ပြည့်စုံတဲ့စာရင်းတွေရှိရင် စိတ်ဝင်စားမှုပိုရသလို အဲဒီလိုပြည့်စုံတဲ့ Agent အတွက်လည်း ပိုပြီးအကျိုးရှိပါတယ်။

ရောင်းသူနဲ့ ဝယ်သူကြား Negotiate လုပ်တဲ့အခါရော House.com.mm က ဘယ်လို Stand ကနေ ရပ်တည်ပါသလဲ . . .

ကျွန်တော်တို့ ဒီ Negotiate Process ထဲမှာ လုံး၀၀င်မပါပါဘူး။ Demand နဲ့ Supply ကို ချိတ်ဆက်ပေးတဲ့ Platform သီးသန့်အဖြစ်သာ ရပ်တည်ပါတယ်။ သူတို့အချင်းချင်း ချိတ်ဆက်မိသွားပြီဆိုတာနဲ့ အိမ်ရောင်းသူ၊ ကိုယ်စားလှယ်၊ ဝယ်သူတို့ တိုက်ရိုက်ပဲ Deal လုပ်ကြပါတယ်။

Transaction Fees ဘယ်လောက် Charge လုပ်ပါသလဲ . . .

ရောင်းသူနဲ့ အိမ်ရှာဖွေသူတွေအလုပ်ဖြစ်သွားရင် Transaction Fee မယူပါဘူး။ ကျွန်တော်တို့ Website ပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့ ကြော်ငြာနေရာတွေ အတွက်သက်သက်ပဲ ကြော်ငြာခယူပါတယ်။ ဒါကြောင့် Website ပေါ်ကနေ ရောင်းသူတွေအတွက် Traffic များများရသလို ဝယ်သူတွေအနေနဲ့လည်း လိုချင်တဲ့ အိမ်ခြံမြေရှာဖွေသူတွေအနေနဲ့လည်း ရွေးချယ်နှိုင်းယှဉ်စရာအမျိုးမျိုးနဲ့ ဈေးနှုန်းတွေကိုလည်း အသင့်တော်ဆုံးဖြစ်အောင် ချင့်ချိန်နိုင်ပါတယ်။

House.com.mm ကနေတစ်ဆင့်အလုပ်လုပ်ကြမယ့် အိမ်ခြံမြေပိုင်ရှင်တွေ၊ ဝယ်သူတွေ၊ ကိုယ်စားလှယ်လုပ်ငန်းတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ . . .

ကျွန်တော်တို့မှာ အချက်အလက်ပေါင်း ၁၇၅၀၀ ကျော် ရှိပါတယ်။ ဆိုလိုတာက ဝယ်သူတွေအနေနဲ့ Site မှာ ဖော်ပြထားတဲ့အိမ်ခြံမြေတွေ အများအပြားရှိတာကြောင့် ရွေးချယ်စရာတွေ စုံစုံလင်လင်တွေ့နိုင်တာပါပဲ။ Agent တွေနဲ့ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့လည်း ဝင်ရောက်ကြည့်ရှုနှုန်းများတဲ့ ကျွန်တော်တို့ Website မှာ ကြော်ငြာတဲ့အတွက် Traffic ကတစ်ဆင့် အကျိုးကျေးဇူးရပါတယ်။ တစ်လကိုဝင်ကြည့်သူ တစ်သိန်းလောက်ရှိတာကြောင့် ဒီဝင်ကြည့်သူတွေကလည်း Client တွေ တင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေကိုလည်း ဝင်ကြည့်ကြမှာပါ။ ဒါကြောင့် အဘက်ဘက်က အကျိုးကျေးဇူးရကြတယ်လို့ ပြောနိုင်ပါတယ်။

(As of Sept 2015)

အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ ဆောင်ရန်/ရှောင်ရန်တွေ၊ ကျင့်ဝတ်တွေ . . .

ဒီဈေးကွက်က ငွေကြေးမတည်ငြိမ်မှု အမြဲတမ်းရှိတဲ့ ငွေသားအခြေပြုစီးပွားရေးပါ။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ Risk တွေကို ကြိုမြင်၊ ကြိုတွက်ထားဖို့လိုပါတယ်။ စာချုပ်စာတမ်းနဲ့ တရားဥပဒေရေးရာကိစ္စတွေကလည်း မြန်မာနိုင်ငံမှာ အမြဲတမ်းလွယ်လွယ်ကူကူနဲ့ ဖြစ်မြောက်လာနိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စတွေအတွက်ကိုလည်း အချိန်ကောင်းကောင်းယူပြီး အားစိုက်ထုတ်ပြင်ဆင်ထားဖို့လိုပါတယ်။ ဈေးကွက်ထဲက အတွေ့အကြုံရှိပညာရှင်တွေရဲ့ အကြံဉာဏ်ယူတာကလည်း တကယ်လက်တွေ့မှာ အသုံးဝင်ပါတယ်။

Website နဲ့ ပတ်သက်လို့ Media တွေနဲ့ ဆက်ဆံရေးပိုင်း . . .

ကျွန်တော်တို့က Real Estate Industry နဲ့ ပတ်သက်လို့ ရယူဖို့ခက်တဲ့ အချိန်နဲ့တပြေးညီအချက်အလက်တွေ ပေးနိုင်တာကြောင့် Media တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ House.com.mm ကနေ တိုက် ရိုက်ဝင်ရောက်ကြည့်ရှုနိုင်တဲ့ Trend က လက်ရှိဈေး ကွက်ထဲမှာဖြစ်ပျက်နေတာတွေကို ပုံဖော်ပြသတာကြောင့် Industry ကို ပိုပြီးနားလည်နိုင်စေတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်လေ့ရှိတဲ့ Real  Estate Conference လိုမျိုးမှာဆိုရင်လည်း Media Partner တွေကို အမြဲလိုကြိုဆိုဖိတ်ခေါ်ပါတယ်။ Website ပေါ်မှာလည်း ပြည်တွင်းနဲ့ နိုင်ငံခြားက ကမ္ဘာ့မီဒီယာတွေက မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားထားတဲ့  House.com.mm နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကိုလည်း သတင်းအချက်အလက် အပြည့်အစုံနဲ့ ဖတ်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

Website ရဲ့ Network ကို ဘယ်တော့လောက် တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ချဲ့ထွင်သွားဖို့ရှိပါသလဲ . . .

ကျွန်တော်တို့ ရန်ကုန်၊ မန္တလေးနဲ့လို အကြီးဆုံးဈေးကွက်တွေမှာ ရှိနေပါပြီ။ ကျွန်တော်တို့က အင်တာနက် ဖြန့်ကျက်ရောက်ရှိမှုနောက်ကို လိုက်ပါတယ်။ မြို့တိုင်းလိုလိုမှာ သူတို့ရဲ့ Online Traffic အဆင့်တက်လာတာနဲ့အမျှ အဲဒီနေရာကိုရအောင် ကျွန်တော်တို့ချဲ့ထွင်သွားမှာပါ။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အင်တာနက်ရောက်ရှိမှု Approximate Growth က ၄၀၀ ရာခိုင်နှုန်းလောက် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် များမကြာခင် အချိန်အတွင်း နိုင်ငံအနှံ့အပြားကို ကျွန်တော်တို့ ဝန်ဆောင်မှုတိုးမြှင့်သွားဖို့ ရည်ရွယ်ပါတယ်။

(As of Sept 2015)

Internet Connection ကရော မြန်မာနိုင်ငံမှာ ဒီလိုလုပ်ငန်းတစ်ခုလုပ်တဲ့အခါ ဘယ်လိုအထောက်အကူ ဖြစ်စေပါသလဲ . . .

မြန်မာနိုင်ငံက ကမ္ဘာတစ်ဝန်းမှာ အလျင်မြန်ဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အင်တာနက်ထိုးဖောက် ဝင်ရောက်နှုန်း ရှိပါတယ်။ House.com.mm က ဒီလို မြန်ဆန်တဲ့ တိုးတက်နှုန်းကိုမျှော်လင့်နေသလို ဒီအပေါ်မှာလည်း မှီခိုနေရပါတယ်။ ကျွန်တော်တို့ Website ရဲ့ Traffic ၆၀ ရာခိုင်နှုန်းလောက်က မိုဘိုင်းလ်ဖုန်းတွေကလာတာပါ။ ဒါကြောင့် စမတ်ဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့ User တွေ များပြားလာတာက ကျွန်တော်တို့ Website မှာလည်း Traffic ပိုမိုတိုးပွားလာစေပါတယ်။ Ooredoo ကလည်း သုံးနှစ်အတွင်းမှာ သူ့ရဲ့ 3G Network ကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၉၇ ရာခိုင်နှုန်းလောက် အသုံးပြုနိုင်အောင်လုပ်သွားဖို့ ကြေငြာထားတာလည်းရှိပါတယ်။ House.com.mm  Android App ၊ iOS App တွေလည်းရှိနေပါပြီ။ ဒါတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို စမတ်ဖုန်း User တွေဆီရောက်အောင် ဖြန့်ကျက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိအနေအထားမှာ အိမ်ခြံမြေငှားရမ်းခ ဈေးနှုန်းတွေက အမြင့်ဆုံးဖြစ်နေပါတယ်။ ဒါကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်ဝင်မလာတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ဒီအပေါ်မှာကို ဘယ်လိုသုံးသပ်မိပါသလဲ . . .

ဟုတ်ပါတယ်။ ငှားရမ်းခဈေးနှုန်းတွေက မြင့်တက်နေတာမှန်ပါတယ်။ ဒါပေမဲ့ ဒီနှုန်းထားတွေက ပြီးခဲ့တဲ့ လတွေအတွင်းမှာ အနည်းနဲ့အများဆိုသလို ထိုးတက်နေမှု တန်းသွားပါတယ်။ ဒါက Demand နဲ့ Supply ရှာဖွေတဲ့လုပ်ငန်းစဉ်မှာ ဖြစ်နေကျပါပဲ။ ပြီးတော့ ဒီလိုဈေးနှုန်းမြင့်တက်မှုဟာ တစ်နေရာမှာတော့ ရပ်တန့်သွားရမှာပါပဲ။ ဒီလိုနေရာက ကျွန်တော်တို့လို Website တွေက အပြည့်အ၀ ဝင်ရောက်အကူအညီပေးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတွေ ဖြစ်လာအောင် ဈေးကွက်ကို ပွင့်လင်းမြင်သာမှုပေးနိုင်ပါတယ်။ ဒါက ဈေးနှုန်းတွေကို  Substainable Level တစ်ခု ရောက်လာဖို့ကူညီမှာပါ။

Real Estate Industry မျော်မှန်းချက် . . .

မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ Last Frontier ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ရေရှည်တိုးတက် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အိမ်ခြံမြေလုပ်ငန်း ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးက မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Property Industry နဲ့ပတ်သက်လို့ အကြံပြုချက် . . .

မြန်မာက Inflection Point မှာ ရောက်နေပါတယ်။ နိုင်ငံအတွင်း ကဏ္ဍအသီးသီးနည်းတူပဲ Real Estate Sector ကလည်း တိုးတက်မှုရှိနေပြီးသားဖြစ်ပါတယ်။ ဖွံ့ဖြိုး ပြီးနိုင်ငံတွေကနေ ခေတ်မီနည်းပညာတွေကို ဘယ်လို Optimize လုပ်သုံးရမလဲဆိုတာ ပိုသိလာတာနဲ့တပြိုင်နက် ပိုမိုအရှိန်မြင့်ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ မြန်မာနိုင်ငံက ဒီလိုအခြေအနေကို ဖြတ်ကျော်ခဲ့ဖူးတဲ့ တခြားနိုင်ငံတွေရဲ့အတွေ့အကြုံတွေကို လေ့လာအသုံးချဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ၊ အသိပညာဖလှယ်မှုတွေကလည်း ဒီလိုတိုးတက်မှုဖြစ်စဉ်ကို အဓိက အထောက်အကူပြုမယ့်အရာတွေပဲ ဖြစ်ပါတယ်။

Balaji2

အယ်ဒီတာအဖွဲ့