မြန်မာနိုင်ငံ Hitachi ရုံးခွဲရဲ့ လုပ်ငန်းတာဝန်တွေက . . . Hitachi Brand အနေနဲ့ ကုန်ထုတ်လုပ်တဲ့လုပ်ငန်း မျိုးစုံရှိပေမဲ့ အဲဒီပစ္စည်းတွေကိုရောင်းချဖို့ တစ်ခုတည်း အတွက် ရုံးခွဲလာဖွင့်ထားတာ မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က Hitachi Brand ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံအကြောင်းကို သိပြီး စီးပွားရေးနဲ့ပတ်သက် ရင် ဘယ်လိုတွေ လုပ်ဆောင်သင့် တယ်ဆိုတဲ့သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့ ရုံးခွဲ ဖွင့်ထားရခြင်း ဖြစ်ပါတယ်။ Hitachi မှာ လုပ်ကိုင်နေတဲ့ဝန်ထမ်း . . . ကမ္ဘာတစ်ဝန်းလုံးမှာ ဝန်ထမ်းပေါင်း သုံးသိန်းနှစ် သောင်းခန့်ရှိပါတယ်။ ရန်ကုန်ရုံးမှာ ဝန်ထမ်းသိပ်မရှိသေးပါ ဘူး။ လက်ရှိ Hitachi Co Ltd က ထုတ်လုပ်နေတဲ့ကုန်ပစ္စည်းအမျိုး အစားတွေ . . . လက်ရှိ Hitachi က ထုတ်လုပ်နေတဲ့ကုန်ပစ္စည်း အမျိုးအစားပေါင်း နှစ်သောင်းခန့်ရှိပါတယ်။ လုပ်ငန်းကြီး အနေနဲ့လျပ်စစ်မှာဆိုရင် Nuclear လျပ်စစ်၊ ရေနံ၊ သဘာ၀ ဓာတ်ငွေ့က ထုတ်လုပ်တဲ့ လျပ်စစ်နဲ့ ရေအားလျပ်စစ်တွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅၅ နှစ်လောက်ကတည်း က ကယားပြည်နယ်၊ ဘီလူးချောင်းရေအားလျပ်စစ်ကို လုပ် ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်ဖြန့်ဝေပေး တဲ့လုပ်ငန်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ ကျည်ဆန် ရထားတွေ၊ သံချောင်းတွေ၊ စတီးတွေ ထုတ်လုပ်တဲ့လုပ်ငန်း၊ ဓာတုဗေဒပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ ကရိန်းကြီးတွေ၊ ဆေးဝါးကဏ္ဍ အတွက် Medical Check Up လုပ်တဲ့စက်ကြီးတွေ၊X-ray တွေနဲ့ လျပ်စစ်ပစ္စည်းတွေဖြစ်တဲ့ အဝတ်လျော်စက်၊ ရေခဲ သေတ္တာ၊ အဲယားကွန်းတွေ၊ ကားထဲမှာသုံးတဲ့ လျပ်စစ်ပိုင်း ဆိုင်ရာစက်ပစ္စည်းတွေကို ထုတ်လုပ်နေပါတယ်။ ဒီလိုအများ ကြီးရှိတဲ့လုပ်ငန်းတွေထဲက ဘယ်လုပ်ငန်း အမျိုးအစားကို မြန်မာနိုင်ငံမှာ အရင်ဆုံး အခြေချလုပ်ကိုင်သင့်တယ်ဆိုတာကို လေ့လာရမှာက ကျွန်တော့်ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီလုပ်ငန်းတွေထဲက ဘယ်လုပ်ငန်းကို အရင်ဆုံးလုပ်ချင် ပါသလဲ။ လျပ်စစ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို အရင်ဆုံး လုပ်ချင်ပါတယ်။ နောက်တစ်ခုက အိုင်တီနဲ့ပတ်သက်တဲ့ လုပ်ငန်း၊ ကားပစ္စည်းလုပ်ငန်းနဲ့ သီလဝါမှာရှိတဲ့စက်မှုဇုန် မှာလည်း အခြေအခံအဆောက်အအုံတွေရင်းနှီးမြှုပ်နှံဖို့ ပံ့ပိုး ကူညီဖို့ အစီအစဉ်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အိုင်တီလုပ်ငန်းတွေကိုကော ထောက်ပံ့ပေးဖို့ အစီအစဉ် တွေ ရှိပါသလား။ များမကြာမီမှာData Center ဆောက်ပေးဖို့ အစီ အစဉ်ရှိပါတယ်။ အဲဒါက ငွေကြေးထိန်းသိမ်းမှုကို မှန်ကန် အောင်လုပ်ပေးပြီး တခြားအရာတွေကို စနစ်တကျထိန်းသိမ်း ပေးနိုင်တဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အိုင်တီစနစ်တွေက စနစ်တကျပြင်ဆင်ထားတာမျိုး မရှိသေး တဲ့အတွက် Credit Card တွေကို တွင်တွင်ကျယ်ကျယ်အသုံး မပြုနိုင်သေးဘူး။ ဥပမာ- ငွေထုတ်တဲ့စက်တွေကိုတစ်ယောက် ယောက်ကဝင်ဖျက်ဆီးသွားရင် ပျက်စီးနိုင်သလို စက်ထဲတစ် ခုခုချို့ယွင်းသွားရင်လည်းငွေထုတ်မ ရဖြစ်နိုင် တယ်။ အဲဒါမျိုး တွေမရှိစေဖို့နဲ့ ငွေအမြောက်အများကိုင်သုံးနေရတာမျိုး မလို တော့ဘ Credit Card တွေအသုံးပြုနိုင်ဖို့ မြန်မာနိုင်ငံအနေ နဲ့ခိုင်မာတဲ့ီData Center တစ်ခုက အဓိကလိုအပ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အိုင်တီအင်ဂျင်နီယာတွေကို ဂျပန်နိုင်ငံ ကို Training သွားရောက်ခွင့်ပေးတာမျိုး ထပ်လုပ်ဖို့ အစီအစဉ်တွေ ရှိပါသလား။ ရှိပါတယ်။ မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်က ဆရာတွေကိုလည်း ပညာတော်သင်ထပ်လွှတ်ဖို့ အစီအစဉ် တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ CSR နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေပါ သလဲ။ ကျွန်တော်ရယူခဲ့တဲ့ အဓိကဘာသာရပ်က CSR ပါ။ ဂျပန်နိုင်ငံမှာ CSRနဲ့ ပတ်သက်ပြီး သိပ်မသိသေး ခင် အချိန်ကတည်း ဦးစီးလုပ်ဆောင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာHitachi အနေနဲ့ လျပ်စစ်ပိုင်းဆိုင်ရာကို အရင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ အခုဆိုရင် အိုင်တီနဲ့ပတ်သက်ပြီး ဆက်လုပ်သွားဖို့ ရှိပါတယ်။ ဒီလမှာ နည်းပညာတက္ကသိုလ်က ဆရာတွေကို ပညာတော်သင်လွှတ်ဖို့ရှိတယ်။ ဧပြီလတုန်း ကလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေက ကွန်ပျူတာကျောင်း တွေမှာ Star Board ၁၄ ခု လှူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ က NGOအဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းပြီး မိတ္ထီလာ၊ မကွေးတို့မှာရှိတဲ့ ရွာတွေကို ရေတွင်းတွေတူးပြီး လှူဒါန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲHitachi နဲ့ လုပ်ငန်းတူ Brand တွေကြား ထိုးဖောက်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ပါသလဲ။ မြန်မာနိုင်ငံမှာHitachi ကုန်ပစ္စည်းတွေထဲက ရေခဲသေတ္တာက နာမည်ကြီးတယ်လို့ထင်ပါတယ်။ သာမန် လူတန်းစားအများစုက ဈေးနှုန်းသက်သာပြီး အလွယ်တကူ ရနိုင်တဲ့ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုကြတာ များတယ်။ Hitachi က ဈေးနှုန်းပိုင်းထက် အရည်အသွေး ပိုင်းကို ပိုဦးစားပေးဖြစ်တဲ့အတွက် ဈေးနည်းနည်းကြီးသွား နိုင်တယ်။ ဒါပေမဲ့ ံHitachi ကုန်ပစ္စည်းတွေကို ဝယ်မယ်ဆို ရင် အရည်အသွေးကောင်းမွန်တာကို ရရှိနိုင်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ကုန်ပစ္စည်းတွေထက်စာရင်Infrastructure ကို အဓိကထားပြီး လုပ်ချင်ပါတယ်။ အဲဒါ ကမှ မြန်မာပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ သက် ရောက်မှု ရှိမယ်လို့ ထင်ပါတယ်။ မြန်မာလူမျိုးတွေအပေါ် ထားရှိတဲ့အမြင် . . . မြန်မာလူမျိုးက ဂျပန်လူမျိုးတွေနဲ့ကွာခြားမှု သိပ် မရှိဘူး။ ခင်မင်လွယ်တယ်။ ပေါင်းသင်းရလွယ်ကူတယ်။ ဒါပေမဲ့ သေချာလေ့လာမယ်ဆိုရင် ဘာသာစကားအရ သဒ္ဒါ တူသလိုထင်ရပြီး ယုံကြည်ကိုးကွယ်မှုဆိုရင်လည်း ဗုဒ္ဓ ဘာသာချင်းတူတယ်ထင်ရပေမဲ့ ကွဲနေပြန်ရော။ မြန်မာ လူမျိုးအများစုက နားလည်ရလွယ်သလိုလိုနဲ့ နားလည်ရ ခက်တယ်။ ဒါကြောင့် ကိုယ့်လူမျိုးနဲ့ဆင်တူတယ်ဆိုပြီး ပေါင်းသင်းပြောဆိုမယ်ဆိုရင် လွဲမှားတဲ့အချက်တွေရှိလာနိုင် တယ်။ သူက မြန်မာလူမျိုး၊ ငါက ဂျပန်လူမျိုးဆိုပြီး ခွဲခြား တွေးထားမှ ညှိယူလို့ရတဲ့အပိုင်းတွေရှိပြီး အဆင်ပြေတယ်။ ကျွန်တော်စိတ်ထဲမှာဖြစ်စေချင်တာက အရင်တုန်းက စနစ် ကိုပြန်မလှည့်ဘဲ အခုအတိုင်းသာ ဆက်ထိန်းသွားမယ်ဆိုရင် တိုးတက်မှု အလွန်မြန်ဆန်သွားမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ပေါ်အမြင် . . . တစ်ခုခုတော့လုပ်မှဖြစ်မယ်၊ ဒီအတိုင်းပဲဆိုရင် မဖြစ်တော့ဘူး။ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေလောက် ဆက်သွယ်ရေးကောင်းပြီး နယ်တွေမှာ ဆက်သွယ်ရေးသိပ် မကောင်းသေးဘူးဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် မပြည့်စုံသေးဘူးလို့ ပြောချင်တယ်။ ဒါ ကြောင့် အခုလိုကြားထဲမှာ ကွာဟနေတာတွေကို တဖြည်း ဖြည်းချင်း ဖြည့်ဆည်းပေးသွားမယ်ဆိုရင် အဆင်ပြေသွားမယ် လို့ ထင်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ကောင်းကျိုး နဲ့ ဆိုးကျိုး . . . Hitachi အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခွဲလာဖွင့် ထားပေမဲ့ အခုချိန်ထိ အကျိုးအမြတ်ဘာမှမရသေးပါဘူး။ Sakura Tower မှာHitachi ဆိုတဲ့ ဆိုင်းဘုတ်ချိတ်နိုင်ဖို့ နှစ်စဉ်ဝင်ငွေရဲ့ ရာခိုင်နှုန်းတော်တော်များများသုံးပြီး တင် ထားရတုန်းပါပဲ။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေတဲ့ မြန်မာနိုင်ငံမှာHitachi အတွက် အကျိုးအမြတ် ဆိုတာထက် တစ်နိုင်ငံလုံး အစစအရာရာ တိုးတက်ခေတ်မီ ဖွံ့ဖြိုးလာတာကိုက ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ သံယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာ နိုင်ငံနဲ့ နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုမရှိဘဲ အကျိုးအမြတ်ရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အောင်မြင်မှုဆိုတာ ကိုယ့်အတွက် အကျိုးအမြတ် အကြီးအကျယ်ဝင်လာတာမျိုးကိုပဲ မှတ်ယူထားလို့မရပါဘူး။ ကျွန်တော်တို့ရဲ့အကူအညီက မြန်မာနိုင်ငံအတွက် အထောက် အပံ့တစ်ခုဖြစ်စေပြီး ကျွန်တော်တို့ အကျိုးအမြတ်နည်းနည်းပဲ ရရင်လည်း အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ကျွန်တော် အနေနဲ့ ဒီနိုင်ငံမှာ ငါးနှစ်လောက်ပဲ အလုပ်လုပ်နိုင်မှာပါ။ ဒါကြောင့် ကျွန်တော်လုပ်နေတဲ့အချိန်တွင်းမှာ မြန်မာပြည်သူ တွေကြား ဆင်းရဲ၊ ချမ်းသာကွာဟမှုသိပ်မရှိဘဲ တန်းတူဖြစ် လာနိုင်ဖို့ ကြိုးစားကြည့်ချင်ပါတယ်။ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ တွေဝင်လာဖို့ အချိန်ကျပြီလို့ ထင်ပါသလား။ အခုချိန်က အချိန်ကောင်းပါပဲ။ ကျွန်တော်တောင် ရင်းနှီးမြှုပ်နှံမှု လုပ်ချင်လို့ အိမ်တွေ၊ မြေတွေ ဝယ်ချင်ပေမဲ့ အခွင့်မရှိလို့ပါ။ မြန်မာနိုင်ငံအတွင်း ရောက်ခဲ့ဖူးတဲ့နေရာဒေသတွေနဲ့ အကြိုက်ဆုံး ဖြစ်ခဲ့တဲ့ နေရာဒေသက . . . နေပြည်တော်၊ မကွေး၊ ပုဂံ၊ အင်းလေးတွေကို ရောက်ခဲ့ဖူးပါတယ်။ ထားဝယ်ကိုသွားနိုင်ဖို့ စီစဉ်နေပါတယ်။ ငပလီကမ်းခြေနဲ့ တောင်တန်းဒေသတွေထိ စုံအောင်သွားချင် ပါတယ်။ ပုဂံနဲ့ အင်းလေးကို သဘောကျပါတယ်။ လက်စွဲဆောင်ပုဒ် . . . ရည်မှန်းချက်နဲ့ အားကျတတ်တဲ့စိတ်ကို အခြေခံ ထားပြီး ဘေးလူတွေက ဝင်ပြောလို့ လိုက်လုပ်လိုက်တာမျိုး မဟုတ်ဘဲ ရည်မှန်းချက်ကို တစိုက်မတ်မတ် ကြိုးစားလုပ် ဆောင်သွားဖို့လိုအပ်တယ်။ မြန်မာနိုင်ငံမှာ အနောက်တိုင်းယဉ်ကျေးမှုတွေ ဝင် ရောက်လာတဲ့အတွက် ဆံပင်တွေ ဆိုးတာ၊ စကတ်တို ဝတ်တာတွေရှိလာတဲ့အတွက် ရုတ်တရက်ကြည့်ရင် ဘယ်သူ က မြန်မာလူမျိုးဆိုတာကို အလွယ်တကူ ခွဲခြားလို့မရနိုင် တော့ဘူး။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံဟာ ဘယ်လိုပဲ ခေတ်မီ တိုးတက်ပြောင်းလဲလာပါစေ ယဉ်ကျေးမှုတွေကိုတော့ မပြောင်းလဲလိုက်စေချင်ဘူး။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မြန်မာဓလေ့ထုံးစံအတိုင်း ထမီဝတ်တာ၊ သနပ်ခါးလိမ်းတာ တွေကိုပဲ မြင်ချင်ပါတယ်။Hitachi ဆိုတဲ့ Brand တံဆိပ်လေးက မြန်မာနိုင်ငံသားတွေနဲ့ မစိမ်းလှတဲ့တံဆိပ်လေးတစ်ခုပါ။ Hitachi နဲ့ ထုတ်ကုန် မြောက်မြားစွာကို ထုတ်လုပ်ဖြန့်ဝေနေတဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကိုင်ခဲ့တာ အခုချိန်ထိပါပဲ။ ဒါ့အပြင် မြန်မာနိုင်ငံက အိုင်တီအင်ဂျင်နီယာတချို့ကို အိုင်တီနည်းပညာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ွှမငေညငညါ တွေကိုလည်း တိုကျိုမြို့အထိ သွားရောက်လေ့လာစေခဲ့သလို ဂျပန်နိုင်ငံက ကျောင်းသားလူငယ်တွေအတွက်လည်း မြန်မာနိုင်ငံတွင်းလေ့လာရေးခရီးစဉ်တွေကို စီစဉ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာက အမြတ်အစွန်း နည်းနည်းပဲရပေမဲ့ မြန်မာနိုင်ငံရဲ့သတင်းအချက်အလက်တွေကို တစ်ကမ္ဘာလုံးကHitachi ဝန်ထမ်းတွေ သိရှိနားလည်စေဖို့ ရုံးခွဲလေး တစ်ခုဖွင့်ထားရခြင်းဖြစ်တယ်လို့ဆိုတဲ့ Hitachi (Myanmar ရုံးခွဲရဲ့ General Manager ဖြစ်သူMr Tsunehiro Takahashi နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သမျ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။