Hercules Fitness Centre

hercules1

ကျန်းမာလှပတဲ့ Lifestyle ကို ရရှိဖို့ဆိုတာ လူတိုင်းရဲ့ရင်ထဲက ဆန္ဒတစ်ခုပါ။ ကျန်းမာလှပဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ Gym မှာလေ့ကျင့်ခန်းလုပ်ကြတာကလည်း ဒီနေ့ခေတ်လူနေမှုစတိုင်လ်မှာ နေရာယူလာပါပြီ။ ဒါကြောင့် လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ဖို့အတွက် မန္တလေးမြို့က လူသိများတဲ့ Hercules Fitness နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

hercules2

Fitness Centre လိပ်စာနဲ့ဆက်သွယ်ရမယ့် Contact . . .

၃ လွှာ၊ Gold Plaza ၊ ၇၈ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ မန္တလေးမြို့မှာတည်ရှိပြီး ဖုန်းနံပါတ်တွေက ၀၉ - ၆၈၀၁၀၂၃ နဲ့ ၀၉ - ၆၈၀၅၈၉၃ တို့ ဖြစ်ပါတယ်။ Facebook မှာဆိုရင်  https://www.facebook.com/HERCULESFITNESSCENTREMANDALAY/ ဆိုပြီး စာမျက်နှာရှိပါတယ်။ ဖွင့်လှစ်မယ့် သင်တန်းသစ်တွေနဲ့ Promotion အကြောင်းအရာတွေကို Post လုပ်ပေးပါတယ်။

hercules3

ဖွင့်လှစ်ချိန် . . .

နေ့စဉ် မနက် ၆ နာရီကနေ ည ၈ နာရီအထိ ဖွင့်ပါတယ်။ ပိတ်ရက်မရှိပေမဲ့ မန္တလေးရဲ့ထုံးစံအတိုင်း ဥပုသ်ရက်တွေဆိုရင်တော့ ပိတ်ပါတယ်။

hercules4

သင်တန်းအမျိုးအစားများ . . .

Body Pump ၊ Body Combat နဲ့ TRX သင်တန်းတွေ ရှိပါတယ်။ TRX ဆိုတာက ကြိုးနဲ့ Body Control လုပ်ပြီး ဆော့တဲ့နည်းစနစ်ပါ။ Gym ကိုမလာနိုင်လည်း TRX လုပ်ဖို့ လိုအပ်တဲ့ကြိုးတစ်စုံဝယ်ထားပြီး အိမ်မှာလည်း ဆော့နိုင်ပါတယ်။ အလေးမတဲ့လေ့ကျင့်ခန်းလိုပဲ ခန္ဓာကိုယ်ရဲ့ Strength ကို တိုးစေပါတယ်။

hercules5

အသုံးပြုတဲ့စက်အမျိုးအစား . . .

China ထုတ် Body Strong အမျိုးအစားစက်တွေကို အသုံးပြုထားပါတယ်။ Body Strong ထဲက Hummer တွေကို သုံးထားပါတယ်။

hercules6

လက်ရှိ Member များ . . .

နေ့စဉ်လာကြသူတွေကတော့ ၉၀ နဲ့ တစ်ရာကြား ရှိပါတယ်။ Member ကတော့ ငါးရာကျော်သွားပါပြီ။

hercules7

လာရောက်ကြသူများ . . .

စီးပွားရေးလုပ်ငန်းရှင်တွေ အများစုပါပါတယ်။ အဓိက လာကြတာကတော့ လူလတ်ပိုင်းတွေပါ။

hercules8

ဈေးနှုန်းပိုင်း . . .

Member Fees က တစ်လကို ၄၅,၀၀၀ ကျပ်ပါ။ တစ်ရက်ချင်းစီဆိုရင်တော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ တစ်သောင်းကျပ်ပါ။ ကျန်တဲ့ရက်တွေမှာတော့ ငါးထောင်ကျပ်ပဲဖြစ်ပါတယ်။ သုံးလစာသွင်းပြီး ဆော့မယ်ဆိုရင် ၉၄,၅၀၀ ကျပ်ကျမယ်။ ခြောက်လဆိုရင် ၁၈၀,၀၀၀ ကျော်ပဲကျမယ်။ တစ်နှစ်ဆိုရင်တော့ ၃၂၄,၀၀၀ ကျပ်ပဲကျသင့်ပါမယ်။ ဒါကြောင့် တစ်လချင်းစီနဲ့တွက်ရင် ၂၇,၀၀၀ ပဲကျပါတယ်။ Premium Member ဆိုတာလည်းရှိပါတယ်။ တစ်နှစ်ကို ဒေါ်လာ ရှစ်ရာယူပါတယ်။ Schedule မှာရှိတဲ့ အတန်းတွေအားလုံး ဝင်ဆော့နိုင်တယ်။ သူဆော့ချင်တာကိုလည်း ဆရာတစ်ယောက်နဲ့ သေချာ Train လုပ်ပေးတယ်။

ဝန်ဆောင်မှုပိုင်း . . .

Personal Trainer ငှားလို့ရပါတယ်။ ဆရာပေါ်မူတည်ပြီး တစ်လကို ဒေါ်လာနှစ်ရာကနေ မြန်မာငွေနှစ်သိန်း၊ ၁၅၀,၀၀၀ ကျပ်ရှိပါတယ်။ ခန္ဓာကိုယ်အလှအတွက် လိုအပ်တဲ့ Supplement တွေလည်း ဝယ်ယူရရှိနိုင်ပါတယ်။ အားကစားဝတ်စုံတွေလည်း ရောင်းချပေးပါတယ်။

hercules9

လေ့ကျင့်ခန်းနဲ့ သင်တန်းခန်းမများ . . .

အခုခေတ်စားနေတဲ့ Weight Loss ပိုင်းကို Body Pump နဲ့လုပ်တာရှိတယ်။ လာကြတဲ့သူအတော်များများက တော့ Weight Loss ဖြစ်ဖို့ လာကြတာများပါတယ်။ Cardio လုပ်တဲ့ အခန်းတွေရှိတယ်၊ အကခန်းတွေရှိတယ်။ ယောဂလေ့ကျင့်ခန်းတွေလည်း စီစဉ်နေပါတယ်။

Weight ချချင်သူတွေအတွက် အကြံပေးစကား . . .

Gym မှာ အမေးခံရတာက ဘယ်နှပေါင်ကျမှာလဲ၊ တာဝန်ယူနိုင်မလားဆိုတာမျိုးပါ။ ဒါပေမဲ့ Gym လာပြီး ပြန်သွားတဲ့အခါ ဘာတွေစားသောက်လဲဆိုတာကလည်း အရေးကြီးပါတယ်။ တကယ်တမ်းမှာ Weight ချတာက အစားအသောက်လျော့တာနဲ့တင်လည်း မရပါဘူး။ Diet တွေလျှော့ချတဲ့အခါ Vitamin တွေပါ ပါသွားတယ်။ ဒီလိုမဖြစ်အောင် သတိထားသင့်ပါတယ်။ Weight ချတဲ့အခါ အရေးပြားတွန့်လွယ်ပြီး အိုသွားနိုင်ပါတယ်။

နန္ဒာနေဝင်း