ကျန်းမာရေးနဲ့ Message ပိုင်းကို အဓိကထားပြီး ဝန်ဆောင်မှုပေးနေတဲ့ Health House အကြောင်း ဖော်ပြလိုက်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဖိစီးမှုတွေများပြီး အညောင်းမိနေသူတွေကို အပန်းပြေပြီး ကျန်းမာလှပစေမယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ ဆိုင်လေးအကြောင်းကို Health House ရဲ့ ဒါရိုက်တာ ဒေါ်နန်းသန္တာအေး (Jasmine) က ပြောပြပေးပါတယ်။
ဆိုင်စဖွင့်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .
၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလမှာ Health House (Waizayandar) ကိုစဖွင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှာတော့ Health House (Nat Mauk Yeik Thar) ကို ဖွင့်ခဲ့ပါတယ်။ ကိုယ်တိုင်က ဝါသနာလည်းပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလည်း လုပ်ချင်တဲ့အတွက် ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ အလှအပထက် ကျန်းမာရေးကို အဓိကထားပြီး ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့ပါတယ်။
ဆိုင်လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .
Health House (Waizayandar) ရဲ့လိပ်စာက အမှတ် ၉၇ (ဘီ)၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ - ၇၈၇၇၇၈၇၇၁ နဲ့ ၀၉ ၄၅၀၄၅၀၈၈၁ ကို ဆက်သွယ်နိုင်ပါတယ်။ Health House (Nat Mauk Yeik Thar) ရဲ့ လိပ်စာကတော့ အမှတ် ၂၁ (ဘီ)၊ နက်မောက်ရိပ်သာလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ၀၉-၇၈၇၇၇၈၇၇၂ နဲ့ ၀၉-၄၅၀၄၅၀၈၈၂ ကို ဆက်သွယ်နိုင်ပါတယ်။ နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ အီးမေးလ်ကတော့ [email protected] ဖြစ်ပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက . . .
ဝန်ဆောင်မှုတွေကတော့ ကျန်းမာရေးပိုင်းဆိုရင် Foot Message ၊ Body Message ၊ Oil Message ၊ Signature Oil Message ၊ Herbal Compress ၊ Cupping & Coining ၊ Ear Candling တို့ ရနိုင်ပါတယ်။ အလှအပပိုင်းမှာ Facial Treatment ၊ Body Treatment ၊ Sauna ၊ Shampoo & Blow Dry တို့အပြင် ဒန်းဆေးနဲ့ ဆံပင်အရောင်ဆိုးတာရှိတယ်။ Hair Treatment ၊ Manicure/ Predicure တို့လည်း ရနိုင်ပါတယ်။
လူကြိုက်များတဲ့ ဝန်ဆောင်မှုတွေဆိုရင် . . .
ဆိုင်ရဲ့ Signature Oil ကိုလူကြိုက်များပါတယ်။ Oil အမျိုးအစားသုံးမျိုးကို ကိုယ်တိုင်ရောစပ်ပြီး သုံးပါတယ်။ အနံ့လည်းပါပြီး Relax ဖြစ်စေတယ်။ အကြောပြေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
Message လုပ်မယ်ဆိုရင် အချိန်ဘယ်လောက်ယူတာက အကောင်းဆုံးလဲ . . .
ပုံမှန် မိနစ် ၉၀ ယူတာက အကောင်းဆုံးပါပဲ။ အဲဒီအချိန်အတွင်းဆိုရင် Customer တွေ ပိုပြီး Relax ဖြစ်သလို နှိပ်ကွက်စုံအောင် နှိပ်ဖို့လည်း လုံလောက်တဲ့အချိန် ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကတော့ မိနစ် ၁၂၀ ယူတာများတယ်။ ဒါဆိုရင်တော့ အပြည့်အ၀ Relax ဖြစ်ပါတယ်။
ဈေးနှုန်းတွေက . . .
Foot Message အတွက် နှစ်သောင်းကျပ်၊ Oil Message အတွက် သုံးသောင်းကျပ်၊ Signature Oil Message အတွက် ၃၅,၀၀၀ ကျပ်ကျသင့်ပါတယ်။
အများဆုံးလာကြတဲ့ ဧည့်သည်တွေ . . .
အများစုကတော့ မြန်မာများပါတယ်။ နိုင်ငံခြားသားတွေဆိုရင်တေ့ ဥရောပ၊ ဂျာမနီ၊ ပြင်သစ် ၊ အီတလီ၊ ကနေဒါ တို့ကလာတဲ့ ပုံမှန် Regular Customer တွေ ရှိပါတယ်။
ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ထားရှိမှုအပိုင်း . . .
လောလောဆယ်မှာ ကျွမ်းကျင်ဝန်ထမ်း ၁၅ ယောက်ရှိပါတယ်။ နောက်ပိုင်းမှာ ဆိုင်တစ်ဆိုင်ကို မြန်မာကျွမ်းကျင်ဝန်ထမ်း ရှစ်ယောက်နဲ့ ထိုင်းကျွမ်းကျင်ဝန်ထမ်း နှစ်ယောက်စီ ထားသွားမယ်။ ဝန်ထမ်းတွေကို Training ပေးတာ နှစ်မျိုးရှိပါတယ်။ In House Training နဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကနေတစ်ဆင့် Training ပေးတာတွေလည်း ရှိပါတယ်။ ကိုယ်တိုင်ကတော့ Chaing Mai က International Training Message School (ITM) မှာ သွားတက်ခဲ့တယ်။ ဆိုင်မန်နေဂျာကလည်း ဝန်ထမ်းတွေကို အချိန်ပြည့် Review လုပ်နေပါတယ်။
အနာဂတ်အစီအစဉ် . . .
လက်ရှိဆိုင်ရဲ့ ဝန်ဆောင်မှုနဲ့ အရည်အသွေးကို ဆက်ထိန်းသွားမယ်။ အနာဂတ်မှာ ဆိုင်ခွဲငါးခုထိ ဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ မန္တလေးနဲ့ နေပြည်တော်မှာလည်း ဆိုင်ခွဲတွေဖွင့်ဖို့ ရှိတယ်။ နောက်ပိုင်း နိုင်ငံရဲ့စီးပွားရေး တိုးတက်လာတာနဲ့အမျှ ITM ကျောင်းနဲ့ Join ပြီး International Certificate လိုချင်တဲ့သူတွေအတွက် သီးသန့်လုပ်ပေးဖို့လည်းရှိပါတယ်။ မြန်မာပြည်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေကိုသုံးပြီးတော့ SPA နဲ့ Beauty Product တွေ ထုတ်သွားဖို့လည်း ရှိပါတယ်။
အယ်ဒီတာအဖွဲ့