Go for No! Yes is the Destination, No is How you Get There

article portrait watermark final2   ကုန်ပစ္စည်းအရောင်းလုပ်ငန်းတွေ ဘယ်လိုအောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ နည်းပေးလမ်းပြစာအုပ်တွေ ပလူပျံနေတဲ့ ဒီခေတ်ကြီးထဲမှာ အခုစာအုပ်ကတော့ အဲဒါတွေနဲ့ ဆန့် ကျင်တဲ့နည်းတွေကို ညွှန်ပြထားပါတယ်။ အလုပ်တွေ မအောင်မမြင်ဖြစ်တာတွေကို များများကြုံရလေ နောက်ဆုံး အောင်မြင်မှုနဲ့ နီးစပ်သွားနိုင်လေဖြစ်တယ်လို့ ဒီစာရေးသူ တွေက တင်ပြထားတယ်။ ဒီအယူအဆကို ဖန်တီးထား တယ်။ ဒီလူက ပုံတူကူးစက်အရောင်းသမား။ တစ်နေ့မှာ သူဟာ အိပ်နေရင်း နိုးလာတော့ အိမ်တစ်အိမ်ထဲမှာ ရောက် နေတယ်။ ဒီအိမ်မှာ ဘယ်လိုလုပ်ရောက်လာမှန်း သူ မသိ ဘူး။ ဒီအိမ်က ဘယ်သူနေနေ နေလို့ရတဲ့အိမ် မဟုတ်ဘူး။ တကယ်တော့ အဲဒီအိမ်က သူပိုင်တဲ့အိမ်ပါပဲ။ တကယ်လို့ သာ ဒီလူဟာ မအောင်မြင်မှုကို မကြောက်ဘူးဆိုရင် နောင် ဆယ်နှစ်ကြာတဲ့အခါ အခုလိုပဲ သူပိုင်တဲ့အိမ်ဖြစ်လာမှာကို နိမိတ်ပြတာဖြစ်တယ်လို့ ဆိုတယ်။ သူ့ကိုပဲ တခြားဖန်တီးထားတဲ့ ဇာတ်ကောင်နဲ့ အပြန်အလှန် စကားပြောခန်းကို စာအုပ်ထဲမှာ စိတ်ဝင်စား စရာကောင်းအောင် ရေးသားတင်ပြထားတယ်။ ရေးသူ             -         Richard Fenton andAndrea Waltz ထုတ်ဝေသူ      -         Courage Crafters; 4th Edition(4.4.2007) စာမျက်နှာ       -         ၈၀ မျက်နှာ ISBN-10:0892046619 ISBN-13:978-0966398137 ASIN- 0966398130