G-RAW Gym & Fitness နဲ့ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ကိုပိုင်ဇေက ဖြေကြားပေးထားပါတယ်။
ရည်ရွယ်ချက်
--------------
Gym မဖွင့်ခင်က ကိုယ်တိုင်ကလည်း Gym ကို စိတ်ဝင်စားတော့ Market Research လုပ်ကြည့်တယ်။ သန့်သန့်ပြန့်ပြန့် ကစားချင်တဲ့သူတွေက Gym အလတ်နဲ့ အကြီးတွေကိုသွားကြတယ်။ ကျွန်တော်လည်း သွားခဲ့တယ်။ သွားခဲ့တဲ့အချိန်မှာ Gym တွေမှာ Customer Service မကောင်းတာကို တွေ့ရတယ်။ အဓိကဖွင့်ဖြစ်တာကတော့ တခြား Gym မှာ ကျွန်တော်မရခဲ့တဲ့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Gym တစ်ခုဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ကျွန်တော်က ဒီ Gym ကို Medium Class နဲ့ Upper Medium Class တွေ ကစားနိုင်အောင် သန့်သန့်ရှင်းရှင်းဖြစ်အောင်လုပ်လိုက်တယ်။ ဈေးနှုန်းကိုလည်း သင့်တင့်မျှတအောင်ထားတယ်။ Trainer တွေကိုလည်း Customer Service ကိုပါ ဦးစားပေးခိုင်းတယ်။ Operation ရော၊ Gym ရဲ့သန့်ရှင်းမှုပိုင်း၊ Air-con တွေကအစ Gym ကို အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ လာလို့ရအောင် Facility ကောင်းအောင် အစစအရာရာ အဆင်ပြေနိုင်အောင် စီစဉ်ထားပါတယ်။
ဆိုင်ဖွင့်ချိန်
-----------
မနက် ၇ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ အထူးသဖြင့် ရုံးတက်တဲ့သူတွေလည်း လာဆော့ရတာ အဆင်ပြေအောင်ပါ။
ရနိုင်တဲ့ကစားနည်းနဲ့ ဝန်ဆောင်မှု
-----------------
Gym နဲ့ပတ်သက်တဲ့ ကစားနည်းတွေ၊ Cardio တွေ အကုန်ရပါတယ်။ ဝန်ဆောင်မှုမှာ Facilities အနေနဲ့ဆိုရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ လာလို့ရအောင် Towel အကြီးအသေးတွေ အကုန်ပေးတယ်။ ချွေးထုတ်ခန်းလည်း သီးသန့်ရှိတယ်။ မိန်းကလေး ရေချိုးခန်း၊ အိမ်သာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Hair Dryer တွေ၊ ဘီးနဲ့ Slippers ကအစ အားလုံးထားပေးထားပါတယ်။ သောက်ရေတွေကအစ အကုန်ပေးထားပါတယ်။ နောက်တစ်ခုက Personal Training ကို လုံး၀ Free of Charge လုပ်ထားပါတယ်။ One by One Training အနေနဲ့ ဂရုစိုက်စေချင်တဲ့ Customer တွေအတွက်ကို သက်သာတဲ့ Personal Trainer ကြေးတစ်ခုနဲ့ ဝန်ဆောင်မှုပေးပါတယ်။ Section အလိုက် Personal Training သီးသန့်လည်းပေးပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ Gym မှာ ရေပန်းစားနေတာက ကယ်လိုရီလေးရာပဲရှိတဲ့ ထိုင်းအစားအစာ Lunch Box ပါ။ လောလောဆယ်တော့ ကျွန်တော့် Gym မှာပဲ Facility တစ်ခုအနေနဲ့ ဒီအစားအစာရပါတယ်။ ဒီစင်တာမှာ Car Parking လည်း အဆင်ပြေအောင်လုပ်ပေးထားပါတယ်။
ဈေးနှုန်း
--------
ဈေးနှုန်းပိုင်းကတော့ တစ်လဆိုရင် ၇၅,၀၀၀၊ တစ်ရက်တည်းဝင်ပြီး ဆော့ကြည့်မယ်ဆိုရင်လည်း ရပါတယ်။ ခုနစ်ထောင်ပါ။ ပထမဆုံးလူသစ်ဆိုရင် Facebook ပေါ်မှာ Check in ဝင်ရင် တစ်ရက်စာ မကောက်ပါဘူး။ ဒီလူက ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်ဆော့တော့မယ်ဆိုမှ ပိုက်ဆံကောက်တာပါ။ စစချင်းမြည်းစမ်းဆော့ချင်တယ်ဆိုရင် Check in ဝင်ပေးရုံနဲ့ Free ဆော့လို့ရပါတယ်။ သုံးလဆိုရင် ၁၉၅,၀၀၀ ပါ၊ Free Gifts လည်းပါပါတယ်။ ခြောက်လဆိုရင်တော့ ၃၅၅,၀၀၀ ပါ။ တစ်နှစ်ဆိုရင်တော့ ၆၆၆,၀၀၀ ကျပ်ပါ။ ကျွန်တော်တို့ဆီမှာ လပေါ်မူတည်ပြီးတော့ Promotion အမြဲရှိပါတယ်။
အနာဂတ်အစီအစဉ်
-------------------
Professional Boxing နဲ့ Dance Studio တွေလုပ်ဖို့ စစီစဉ်နေပါပြီ။ Healthy & Low Calories ထိုင်းအစားအစာတွေ ကိုလည်း လက်ရှိကယ်လိုရီလေးရာကနေ ကယ်လိုရီသုံးရာအထိချုံ့ပြီး Brand တစ်ခုအနေနဲ့ Launch လုပ်ဖို့ အစီအစဉ်ရှိပါတယ်။
တည်နေရာ
------------
Utopia Tower၊ မြေညီထပ်၊ ကန်တော်ကြီးသဘာဝဥယျာဉ်၊ ရန်ကုန်။ ၀၉-၄၂၇၄၁၁၃၉၆၊ ၀၉-၄၂၅၀၉၈၈၄၂။
Facebook Page: G-Raw Fitness and Gym