ForYou(Custom Print)

foryou1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

ရန်ကုန်မြို့မှာဆိုရင်တော့ တိုက် ၁ ၊ အခန်း ၃၀၉၊ ရွှေဝါမြိုင်အိမ်ရာ၊ ဘူတာရုံမှတ်တိုင်၊ အင်စိန်လမ်းမ၊ လှိုင်မြို့နယ်မှာတည်ရှိပြီး ဖုန်း ၀၉-၄၅၁၀၀၂၇၈၈၊ ၀၉-၇၇၀၁၆၁၁၂၃ တို့ကနေ ဆက်သွယ်နိုင်ပါတယ်။ မန္တလေး မြို့မှာဆိုရင်တော့ ၇၆ လမ်း၊ ၃၆_၃၇ကြား၊ မန္တလေးမှာတည်ရှိပြီး ဖုန်း ၀၉-၇၉၁၈၆၈၅၇၁၊ ၀၉-၉၉၆၀ ၅၆၇၇၀၄ တို့ကို ဆက်သွယ်နိုင်ပါတယ်။ @4uygn Facebook Page ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

foryou2

လုပ်ငန်းစတင်ဖြစ်ပုံ . . .

ကျွန်တော့်နာမည် သိန်းသန်းဟိန်းပါ။ ကျွန်တော် ဒီလုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက မန္တလေးမှာ စလုပ်ခဲ့တာပါ။ နှစ်နှစ်လောက်အကြာမှ ရန်ကုန်မှာ ကျွန်တော့်သူငယ်ချင်း Vish နဲ့အတူတူ Partnership လုပ်ပြီး ထပ်တိုးချဲ့ခဲ့တာပါ။ ကျွန်တော်က ဓာတ်ပုံပညာကို ဝါသနာပါတယ်။ ဒီအလုပ်မလုပ်ခင်မှာ ဓာတ်ပုံနဲ့ပတ်သက်တဲ့ ဗီနိုင်းလုပ်ငန်းလုပ်ခဲ့တယ်။ Vish ကလည်း ဓာတ်ပုံဘက်ကို ဝါသနာပါတယ်။ သူနဲ့တွေ့တဲ့အချိန်မှာ ဒီလိုပစ္စည်းတွေပေါ်မှာ Photo Print လုပ်ဖို့ ပြောဖြစ်ကြပြီး လုပ်ငန်းလုပ်ဖြစ်ခဲ့ပါတယ်။

foryou3

For You ရဲ့ ရည်ရွယ်ချက် . . .

အိမ်တိုင်းက ဧည့်ခန်းတွေမှာ ဓာတ်ပုံတွေ ချိတ်ထားကြတယ်။ အဲဒီနေရာတွေမှာ စက္ကူမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ အစားထိုးချင်တာပါ။ ဓာတ်ပုံဆိုတာလည်း အမှတ်တရအနေနဲ့ နောင်မျိုးဆက်တွေ ကြည့်ဖို့အတွက် လုပ်ကြတာဖြစ်တယ်။ မင်္ဂလာဆောင်ဓာတ်ပုံတွေ၊ ပွဲတွေကို ဓာတ်ပုံရိုက်ကူးထားပြီး သူတို့ရဲ့ဘဝဖြတ်သန်းပုံတွေကို သူတို့ရဲ့မျိုးဆက်တွေကြည့်ဖို့ မှတ်တမ်းတင်ထားကြတာဖြစ်တယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ စက္ကူ Printing ဓာတ်ပုံအစား တာရှည်လည်းခံ၊ ပိုပြီးလည်းတန်ဖိုးရှိတဲ့ပစ္စည်းတွေပေါ်မှာ Printing လုပ်ပေးချင်တာပါ။

foryou4

For You မှာ ရနိုင်တဲ့ပစ္စည်းအမျိုးအစားနဲ့ ကြာချိန် . . .

ရေခွက်၊ ဖုန်းကာဗာနဲ့ အင်္ကျီပေါ်မှာ ပုံလေးတွေထည့်ပေးတာပါ။ အမျိုးအစားတွေတော့ အများကြီးရှိပါတယ်။ အင်္ကျီဆိုရင်လည်း ထိုင်းက Brand တွေကို သုံးထားတယ်။ ကိုယ်တိုင် ဆိုင်အရောက်လာယူမယ်ဆိုရင်တော့ ဒီနေ့အော်ဒါမှာထားရင် နောက်တစ်ရက်အတွင်း ရနိုင်ပါတယ်။ Delivery နဲ့ဆိုရင်တော့ နှစ်ရက်လောက်စောင့်ရပါတယ်။

foryou5

ဈေးနှုန်းတွေက . . .

ဈေးနှုန်းတွေက အစားစားရှိပါတယ်။ ဥပမာ- ကြွေခွက်ပေါ်မှာ Print လုပ်မယ်ဆိုရင် ကြွေခွက်အပါမှ တစ်ခွက်ကို ၂,၈၀၀ ကျပ်ပါ။ ကိုယ်ထည့်မယ့်ပုံနဲ့ Background Color ကအစ စိတ်ကြိုက်ရွေးလို့ရတယ်။ ရေနွေးထည့်မှ ပုံပေါ်မယ့် Magic ခွက်ဆိုရင် ၄,၅၀၀၊ ၅,၅၀၀ ကျပ်ရှိပါတယ်။

အနာဂတ်အစီအစဉ် . . .

ဒီလုပ်ငန်းကို နယ်ဘက်တွေမှာလည်း ချဲ့နိုင်သလောက် ထပ်တိုးချဲ့သွားမယ်။ ရန်ကုန်မှာလည်း လက်ဆောင်ပစ္စည်းပိုင်းမှာ ဒီထက်ပိုပြီး အသစ်တွေထပ်လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။