Fit Way Gym & Supplements

fitway4

ဖွင့်လှစ်ဖြစ်ပုံ . . .

ကျွန်တော်တို့ Gym ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ဖြစ်တာက ကျွန်တော်ငယ်ငယ်က နိုင်ငံခြားတိုင်းပြည်က Gym တစ်ခုမှာ အလုပ်လုပ်ဖူးပါတယ်။ အဲဒီမှာ ရေကူးကန်တွေလည်း ရှိပါတယ်။ အဲဒီတုန်းက ကိုယ်တွေဆီမှာ မရှိသေးဘူး။ အဲအချိန်ကတည်းက ကျွန်တော်တို့ဆီမှာလည်း ဒီလိုမျိုး Gym လေးဖွင့်ကြည့်ရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကူးယဉ်ကြည့်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်တုန်းက ဂျပန်က ဆေးရုံတစ်ရုံမှာ စကားပြန်အနေနဲ့ အလုပ်လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ ဆရာဝန်နဲ့လူနာတွေအကြား ဘာသာပြန်ပေးရတဲ့အခါမှာ တစ်ချိန်လုံးကြားနေရတာက လေ့ကျင့်ခန်းလုပ်ပါ၊ Gym သွားပါ၊ ဝိတ်လျှော့ပါ ဆိုတာတွေချည်းပဲ။ ဒီလိုကြားနေရတော့ တကယ်တမ်း အလုပ်လုပ်ဖြစ်တဲ့အခါမှာ ဒီဘက်ကို အားသန်လာခဲ့ပါတယ်။

ဒီ Gym ကို လက်ရှိကျွန်တော်ဖွင့်ထားတဲ့ ရတနာမြိုင်အိမ်ရာမိသားစုနဲ့ တိုင်ပင်ကြည့်တဲ့အခါမှာ သူတို့ကလည်း အားပေးတဲ့အတွက် သူတို့နဲ့အကျိုးတူပူးပေါင်းပြီး ဖွင့်ဖြစ်ခဲ့ပါတယ်။

fitway6

ဆိုင်တည်နေရာနဲ့ ဖုန်းနံပါတ် . . .

အမှတ် ၁၇၈၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ (ကန်တော်ကြီးအနီး) ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၁-၃၇၃၇၇၇ ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

fitway5

ဆိုင်ဖွင့်ချိန် . . .

ကျွန်တော်တို့က မနက် ၆ နာရီကနေပြီးတော့ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

fitway1

ဝန်ဆောင်မှုပိုင်း . . .

ကျွန်တော်တို့ဆီမှာ Training နဲ့ပတ်သက်ရင် Personal Trainer သုံးယောက်၊ Stand By Trainer ငါးယောက်နဲ့ စုစုပေါင်း ရှစ်ယောက်ရှိပါတယ်။ ဒါအပြင် ကျွန်တော်တို့ရဲ့ Member ဝင်တွေ အကုန်လုံးက ဒီမှာဖွင့်ထားတဲ့ Class တိုင်းကိုဝင်ပြီး Join လို့ရပါတယ်။ လောလောဆယ်မှာ ယောဂ၊ Power Step ၊ Body Bubble တွေအပြင် အခုနောက်ပိုင်း နာမည်ကြီးနေတဲ့ Zumba အကအပြင် တခြား Fitness Dance လို အကသင်တန်းတွေကိုလည်း ထည့်ထားပေးထားပါတယ်။ ဒါအပြင် ကျွန်တော်တို့ဆီမှာ Sauna ချွေးထုတ်ခန်း၊ ရေကူးကန်ဝန်ဆောင်မှုအပြင် Gym တွေမှာ ပေးနေကျဝန်ဆောင်မှုဖြစ်တဲ့ Towel ၊ Wifi ၊ ရေပူရေအေး၊ ကော်ဖီ စတဲ့ ဝန်ဆောင်မှုတွေလည်း ပေးထားပါတယ်။

နောက်ပြီး ကျွန်တော်တို့က Gym အားကစားသမားတွေအတွက် ဖြည့်စွက်အစားအစာတွေဖြစ်တဲ့ Protein တွေ၊ Weight Protein တွေ ရောင်းပေးတယ်။ ဒါတွေကို တစ်ခွက်ချင်းစီရောင်းပေးတာလည်းရှိသလို Sandwitch လို မုန့်တွေလည်း ရောင်းပေးနေပါတယ်။

fitway2

အစားအသောက်နဲ့ပတ်သက်ရင်တော့ Trainer တွေက သူ့ရဲ့ Customer တွေကို အကြံဉာဏ်တွေ အမြဲတမ်းပေးနေပါတယ်။

fitway7

fitway3

ဈေးနှုန်းပိုင်း . . .

ကျွန်တော်တို့ပတ်ဝန်းကျင်မှာက နိုင်ငံခြားသားတွေများတာကြောင့် ဒီကို One Day Visit အနေနဲ့ လာဆော့ကြတာ များပါတယ်။ ဒါကြောင့် One Day Visit သမားတွေအတွက် အဆင်ပြေစေဖို့ တစ်ရက် ငါးထောင်ကျပ်၊ တစ်လကို ရှစ်သောင်းကျပ် သတ်မှတ်ထားပြီး Member အတွက်ကိုတော့ သုံးလစာ ၂၀၄,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ တစ်နှစ်ကိုတော့ ၆၇၂,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ Member တစ်နှစ်ဝင်တဲ့လူတွေကို အပိုဆောင်း နှစ်လပေးထားတဲ့အတွက် ၁၄ လ ဆော့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Member တစ်နှစ်ဝင်တဲ့ လူတွေအနေနဲ့ တစ်လမှ ၄၈,၀၀၀ ပဲ ကျသင့်ပါတယ်။

fitway8

ဖြည့်စွက်ပြောချင်တာရှိရင် . . .

လောလောဆယ်မှာတော့ ကျွန်တော်တို့က အခုနောက်ပိုင်းခေတ်စားလာတဲ့ Class တွေ ထပ်ဖြည့်သွားဖို့ရှိပါတယ်။ နောက်လမှာဆိုရင် TRX သင်တန်းကို အသစ်ထပ်ဖြည့်ဖို့ရှိပါတယ်။ ပြီးတော့ အခုလောလောဆယ်ဆို အကသင်တန်းဖြည့်ထားပါတယ်။ တဖြည်းဖြည်းနဲ့တော့ Update အမြဲလုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ နောက်ပြီး နောက်နှစ်ထဲမှာ Gym အသစ်ထပ်ဖွင့်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒီနှစ်ထဲမှာတော့ အခြေကျအောင် အရင်လုပ်နေပါတယ်။

ကိုဒီ