
စာအုပ်အမည်ကဖော် ပြထားတဲ့အတိုင်း သူများနဲ့စကားပြောရာမှာ မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်အဝနဲ့ပြော တတ်ဖို့အကြံဉာဏ်တွေ ပေးထားတဲ့စာအုပ်ဖြစ်တယ်။ စာရေးသူဟာ အရောင်းရဆုံးစာရင်းဝင်စာရေး ဆရာမတစ်ဦးဖြစ်ပြီး လူတွေနဲ့ဆက်သွယ်ပြောဆိုရေး ပညာ မှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်။ သူ့ရဲ့ အရောင်းရ ဆုံးစာအုပ်ကတော့ The Fine Art of Small Talk : How to Start a Conversation, Keep It Going, Build Networking Skills--and Leave a Positive Impression ဆိုတဲ့ စာအုပ်ဖြစ်တယ်။ ဒါ့အပြင် ဆယ်ကျော်သက်ရွယ်တွေအတွက် မိုဘိုင်းဖုန်းနဲ့ စာရိုက်ပို့တာမျိုးအစား မျက်နှာချင်း ဆိုင်ဘယ်လိုပြောဆိုရမယ်ဆိုတာကိုလည်း ရေးသားထားတဲ့ စာအုပ်ကတော့ ဒီနှစ်မေလထဲမှာ ထွက်မယ်လို့သိရတယ်။ ဒီဆရာမရဲ့ လိပ်စာကတော့ www.DebraFine.com ဖြစ် ပါတယ်။