စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ကဘယ်လောက်ထိ အရေးပါသလဲဆိုတာ သိချင်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics က အများကြီး အရေးပါပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာအကြောင်းတွေ အားလုံးဟာ စီးပွားရေးလုပ်တဲ့အခါ သိလာ ကြမှာပဲလေ။ ဒါကြောင့် Ethics ကအများကြီး အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင် ပါသလဲ။ Ethics မရှိရင် အများကြီး အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။စီးပွားရေးလုပ်ရာမှာ ယုံကြည်မှုက အရေးကြီးတာကြောင့် ကိုယ့်ရဲ့Customer တွေ၊ ကိုယ်နဲ့ အ လုပ်တွဲလုပ်မယ့်လူတွေက ယုံကြည်မှု မရှိဘူးဆိုရင် ဘယ်လိုမှတွဲလုပ်ဖို့အဆင်ပြေ မှာမဟုတ်ပါဘူး။ Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့ Role Model နဲ့ဆိုင်၊ မဆိုင် လူတစ်ယောက်မှာတော့ သူ့ရဲ့ခံယူချက်နဲ့သူပေါ့။ မိဆုံးမတာနဲ့လည်း ဆိုင်မှာ ပေါ့။ တချို့ကလည်း မိဘဆုံးမလို့ ကောင်းလာတာရှိတယ်၊ တချို့လည်း သူ့ရဲ့ အတွေ့အကြုံနဲ့ တဖြည်းဖြည်းရင့်ကျက်လာတာတွေ ရှိလာမယ်။ ကောင်း တဲ့ Ethics ရှိတဲ့သူတွေ ကောင်းသလိုဖြစ်ပြီး မကောင်းတဲ့ Ethics ရှိတဲ့သူ တွေ မကောင်းသလို ဖြစ်လာမယ်ဆိုတာကို သိလာရင် ကိုယ့်ကိုယ်ကိုယ်တည် ဆောက်လာနိုင်ကြမယ်လို့ ထင်ပါတယ်။ Ethics နဲ့ပတ်သတ်လို့ လေးစားရတဲ့ပုဂ္ဂိုလ် Ethics နဲ့ပတ်သက်ပြီး နာမည်ကောင်းရှိတဲ့သူတွေနဲ့၊ကတိ တည်သူတွေကိုအ များကြီးလေးစားပါတယ်။ အန်တီထက် ငယ်တဲ့သူဖြစ်ပါစေ။ အဲ့လိုမျိုးလူတွေကို အထင်ကြီးလေးစား ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ လိုက်နာထားရှိသင့် တဲ့ Role Model တွေ ကောင်းတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ရေရှည်အောင်မြင်နိုင်ပါတယ်။ Ethics သိပ်မကောင်းတဲ့သူတွေဆိုရင်သိပ်မအောင်မြင်နိုင်ဘူးလို့ထင်ပါတယ်။ နိုင်ငံတကာက ဝင်လာရင် Ethics ဖောက်တာတွေ ပိုများလာနိုင်တဲ့အတွက် ဘာတွေပြင် ဆင်ထားသင့်ပါသလဲ။ လူအမျိုးမျိုးရှိတာဆိုတော့ ကိုယ်ကလူရွေး ရမှာပေါ့။ အတတ်နိုင်ဆုံး လူရွေးပြီးတော့ အလုပ်လုပ်ရမှာဖြစ်တယ်။ အဲဒါမှ ကံဆိုး ပြီးတွေ့မယ်ဆိုရင် အတတ်နိုင်ဆုံး မထိ ခိုက် မဆုံးရှုံးအောင်တော့ ကိုယ့်ဘက်ကိုယ် တော့ ကာကွယ်ပါထားရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သတ်လို့ အကြံပြုချင်တာရှိရင် စီးပွားရေးစလုပ်မယ့်သူတွေကို ပြောချင်တာ ကတော့ အရေးကြီးဆုံးအပိုင်းက စကား တည်ရမယ်၊ ကတိတည်ရမယ်၊ကိုယ်ပြော ဆိုပြီးတဲ့ စကားတွေကိုကိုယ်တာဝန်ယူနိုင် ရမယ်၊ လွယ်လွယ်ပြောပြီး လွယ်လွယ်မေ့လို့ မရဘူး။ သူများကို ထိခိုက်နစ်နာအောင် မလုပ်ဖို့လည်း အရေးကြီးပါတယ်။ ဒါ့အ ပြင် နာမည်ကောင်းလည်းရှိမယ်ဆိုရင် စီး ပွားရေးမှာအောင်မြင်နိုင်ပါတယ်။