နည်းမှန်လမ်းမှန် ဘယ်လိုလက်ဆွဲနှုတ်ဆက်ကြမလဲ

နနန္ဒာမော်နိုင်
MPA, Certified Image Consultant
(New York Fashion Institute of Technology)

Proper Hand Shake Etiquette လူတစ်ဦးနဲ့တစ်ဦးတွေ့တဲ့အခါမှာ လက်ဆွဲနှုတ်ဆက်ကြရင် ကိုယ့်ဘက်ကပဲစပြီး လက်ဆွဲနှုတ်ဆက်ရမှာလား၊ ဒါမှမဟုတ် တစ်ဖက်သားကစတင်လက်ဆွဲနှုတ်ဆက် လက်ကမ်းလာတာကို စောင့်ရမှာလားစတဲ့ မေးခွန်းလေးတွေက တကယ့်ကိုအခြေခံမေးခွန်းလေးတွေပါ။

အခြေခံကျတာတွေဖြစ်တဲ့အတွက် တစ်ခါတလေမှာ မစဉ်းစားမိတတ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး စစချင်းတွေ့တဲ့အခါမှာ First Impression ကအရေးကြီးပါတယ်။ Image ကောင်းတစ်ခုဖြစ်ဖို့ရန် First Impression ကောင်းဖြစ်ဖို့လိုပါတယ်။ အဲဒါမျိုးရဖို့ဆိုတာက ပထမဆုံးစတင်ဆုံတွေ့တဲ့အခါ ကျကျနနလက်ဆွဲနှုတ်ဆက်ပုံမှန်ဖို့လိုပါတယ်။ ဒီလိုလက်ဆွဲနှုတ်ဆက်တဲ့ပုံစံကိုကြည့်ပြီး သူများမျက်စိထဲမှာကိုယ့်ကို First Impression ကောင်းဖြစ်သွားစေပါတယ်။

ဘယ်လိုလက်ဆွဲနှုတ်ဆက်ရမလဲဆိုတဲ့အပြင်ကို Timing ကလည်း အရေးကြီးပါတယ်။ ကိုယ့်ဘက်ကစပြီး လက်ဆွဲနှုတ်ဆက်မှာလား၊ သူ့ဘက်ကစမှာလား Technique လေးတွေ မှန်ကန်မှသာသူများတွေကဒီလူဟာ Confidence အပြည့်နဲ့လက်ဆွဲနှုတ်ဆက်တတ်ပါလားဆိုတဲ့ ကိုယ့်ကို Look Up လုပ်တဲ့အမြင်လေးတစ်ခုကို Establish လုပ်လိုက်တဲ့သဘော ဖြစ်သွားမှာဖြစ်ပါတယ်။

ဒီလက်ဆွဲနှုတ်ဆက်မှုကနေပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု စတင်လိုက်ပြီးတော့ ခင်မင်ရင်းနှီးမှု၊ ဆက်လက်ဆက်ဆံနိုင်မှုလေးတွေ ဖြစ်လာပါတယ်။ အဲဒီနေရာကနေစမှားတယ်ဆိုရင် Friendliness နဲ့ ဆက်ဆံရေးလေးတွေက ဆက်ပွင့်လာနိုင်မှာမဟုတ်ပါဘူး။ အဝင်မှားရင် အခွင့်အလမ်းတွေပိတ်ကုန်တဲ့သဘောပါ။

တကယ့် Social Setting အနေအထားမှာဆိုရင် ကိုယ့်အိမ်နီးနားချင်းအသစ်နဲ့ဖြစ်စေ၊ လုပ်ငန်းခွင်အသစ်တစ် ခုကိုဝင်တဲ့အခါမှာပဲဖြစ်စေ ဘယ်သူ့ကိုမှမသိသေးတဲ့အချိန်မှာကိုယ့်ဘက်က ကြည်ကြည်လင်လင်လေးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တာက အများကြီးအကျိုးရှိနိုင်၊ လမ်းပွင့်လာနိုင်ပါတယ်။ ဒီလိုလုပ်တတ်ဖို့ကိုလည်း တကယ်တော့ ကျင့်ယူလို့ရပါတယ်။ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ် လေ့ကျင့်နိုင်ပါတယ်။

သတိပြုဖို့အရာကတော့ ပထမဆုံးတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံချိန်မှာ အကဲခတ်ကြတဲ့အခါ လက်ဆွဲနှုတ်ဆက်တာလည်းပါတယ်ဆိုတာပါပဲ။ Handshake Etiquette ကို မှန်ကန်အောင်သုံးဖို့၊ အဲဒီ Handshake ကနေတစ်ဆင့် Confidence အပြည့်၊ Pleasant Personality နဲ့ပေါင်းစည်းပြီးတော့ လုပ်ကိုင်လိုက်ရင်ကိုယ့်ရဲ့ First Impression က သိပ်ကောင်းသွားနိုင်ပါတယ်။

Handshake ဘယ်နေရာမှာလုပ်တတ်ကြသလဲ။

တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးစပြီး မိတ်ဆက်တဲ့အနေအထား၊ လုပ်ငန်းခွင်အသစ်တစ်ခုကို အင်တာဗျူးသွားတဲ့အချိန်၊ မိတ်ဆွေဖြစ်ဖြစ်၊ ဆွေမျိုးဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ကွဲကွာနေတာကြာပြီးမှ ပြန်လည်ဆုံတွေ့ကြချိန်မှာဖြစ်စေ၊ ပွဲလမ်းတစ်ခုလုပ်တဲ့အခါ ကိုယ်ကပွဲရှင်အနေနဲ့၊ ဒါမှမဟုတ် ပွဲတက်သူအနေနဲ့ဖြစ်စေ၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက တစ်နေရာရာကိုပြောင်းရွှေ့တော့မယ့်အခါဖြစ်စေ၊ကိုယ့်ရဲ့ချစ်သူ (ခင်ပွန်း၊ ဇနီးဖြစ်လာမယ့်) သူရဲ့ အရင်းနှီးဆုံးမိသားစုဝင်တွေနဲ့ တွေ့ဆုံရတဲ့အခါမှာဖြစ်စေစသဖြင့် အနေအထားအမျိုးမျိးမှာ လက်ဆွဲနှုတ်ဆက်ကြတတ်ပါတယ်။ တစ်ခုပြောစရာက မြန်မာနိုင်ငံမှာဆိုရင်တော့ မြန်မာ့ထုံးစံမဟုတ်ဘူးလို့ ဆိုနိုင်စရာရှိပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ ကျွန်မက Image Consultant တစ်ယောက်အနေနဲ့ Universal Standard ကို အခြေခံပြီးပြောသွားတာဖြစ်ပါတယ်။

၁။ ဘယ်လိုအချိန်မှာ ကိုယ့်ဘက်ကလက်ဆွဲနှုတ်ဆက်ဖို့စသင့်သလဲ။

ဘယ်လိုအချိန်မှာ ကိုယ့်ဘက်ကလက်ဆွဲ နှုတ်ဆက်ဖို့စသင့်သလဲ။ ရိုးရိုးသာမန်အနေအထား Socially အရဆိုရင် လူတစ်ယောက်နဲ့တွေ့တဲ့အခါမှာ ကိုယ့်ဘက်ကစတင်လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးနိုင်ပါတယ်။ ဒီလိုစတင်လုပ်တဲ့အခါမှာ ကောင်းတာတစ်ချက်က တစ်ဖက်သားကခင်မင်လှိုက်လှဲမှုဖြစ်ပါတယ်။ ” သူကစပြီး ငါ့ကိုနှုတ်ဆက်တယ်” ဆိုတဲ့သဘောလေးသူ့စိတ်ထဲဖြစ်သွားပါတယ်။ တစ်ဖက်သားကို ကိုယ်ကစပြီး ခင်ခင်မင်မင်နှုတ်ဆက်တယ်ဆိုတဲ့ Lasting Impressing ဆိုတဲ့ ခေါင်းထဲမှာစွဲထင်ကျန်စေခဲ့တဲ့ Impression ကောင်းတစ်ခုလေးဖြစ်သွားစေပါတယ်။ ပြီးတော့ ကိုယ်ကစပြီးနှုတ်ဆက်လိုက်တယ်ဆိုရင် ကိုယ်က(ကောင်းသော) Control ရတဲ့ဆိုတဲ့အနေအထား၊ ကိုယ်ကပဲစပြီး ရှေ့ကိုဦးဆောင်ပြီးတော့လုပ်သွားတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

ကိုယ့်ဘက်က ကြည်လင်ပြီး Confidence အပြည့်ရှိတဲ့အသွင်နဲ့ စပြီးလက်ဆွဲနှုတ်ဆက်လိုက်ရင် ခင်မင်မှုတံတားလေးတစ်ခုကိုကိုယ့်ဘက် ကစခင်းလိုက်သလိုဖြစ်ပါတယ်။အင်တာဗျူး၊ Business Set up မှာဆိုရင်တော့ အများအားဖြင့် ကိုယ့်ထက်ရာထူးကြီး၊ Status မြင့်တဲ့လူ၊ အသက်အရွယ်ကြီးတဲ့သူတွေက စပြီးတော့ မိမိကိုလက်ကမ်းပေးလာကာ စတင်လက်ဆွဲနုတ်ဆက်ဖို့ကို ကိုယ်ကစောင့်ရပါတယ်။ Handshake Initiate လုပ်တာက သူတို့ ဘက်က စရပါတယ်။ ဥပမာ- ကိုယ်က အလုပ်အင်တာဗျူးသွားတဲ့ အနေအထားဆိုရင် ကိုယ့်ကိုအင်တာဗျူးမယ့် လူတွေဘက်က ကိုယ့်ကိုစပြီးတော့ လက်ကမ်းပေးလာဖို့ကိုစောင့်ရပါတယ်။ Social Setting မှာဆိုရင်တော့ ကိုယ့်ရဲ့ Inlaw ဖြစ်လာမယ့်သူတွေထဲက ယောက္ခထီး (Father-in-Law) ဘက်ကစပြီး Initiate လုပ်ပါတယ်။

၂။ ဘယ်လိုကျကျနန လက်ဆွဲနှုတ်ဆက်မလဲလက်ဆွဲနှုတ်ဆက်တဲ့အခါ။

– နှုတ်ဆက်မယ့်လူနှစ်ယောက်စလုံးက မတ်တပ်ရပ်ပြီးတော့မှ ညာဘက်လက်ကို ရှေ့ထုတ်လက်ကမ်းပြီးတော့ လက်ဆွဲနှုတ်ဆက်ရပါမယ်။ (တစ်ယောက်ယောက်ကထိုင်နေခဲ့ရင်လည်း အဲဒီထိုင်နေသူကထပြီး လက်ဆွဲနှုတ်ဆက်ရပါမယ်။တစ်ဦးနဲ့တစ်ဦး ရိုသေသမှုသဘောဖြစ်ပါတယ်။ )

– Eyes Contact လုပ်ပြီး ကြည်လင်တဲ့မျက်နှာအနေအထားနဲ့၊ အပြုံးစွက်ပြီးလက်ဆွဲနှုတ်ဆက်ပါ။ ပျော်ရွှင်ကြည်လင်ပေါ့ပါးတဲ့ လူမျိုးဆိုတာကို ပြသရင်ကောင်းပါတယ်။

– မတ်တပ်ရပ်တဲ့အခါမှာလည်း မတ်မတ်၊ Smart ကျကျရှိပါ။ အဲဒီ ကိုယ်ခန္ဓာအနေအထား (Good Posture) က အရေးကြီးပါတယ်။

– လက်ဆွဲနှုတ်ဆက်တဲ့အလုပ်ကို စိတ်ပါဝင်စားစွာနဲ့နှုတ်ဆက်ပါ။ နှုတ်ဆက်နေတုန်း တောင်ကြည့် မြောက်ကြည့်မလုပ်သင့်ပါဘူး။ ဒီအပြုအမူက စိတ်မဝင်စားဘူးဆိုတဲ့ ပုံစံဖြစ်သွားပြီးတော့ ရိုင်းစိုင်းတဲ့ အမူအရာမျိုး ဖြစ်သွားစေပါတယ်။

၃။ နှုတ်ဆက်တဲ့အခါ

– လူတစ်ဖက်သားကို ကောင်းမွန်မင်္ဂလာရှိတဲ့၊ ချီးမွမ်းတဲ့ နှုတ်ဆက်စကားလေးတွေ ထည့်ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ပြောသင့်သလောက်ပဲပြောပါ။ လိုအပ်တာထက်ပိုပြီးလျောက်ပြောနေရင် ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။ တစ်ဖက်လူကို နှုတ်ဆက်တဲ့အခါ သိပ်မြှောက်ပင့်၊ ဖန်တီးပြောဆိုစရာ မလိုပါဘူး။ ပုံမှန်အနေအထားလေးပဲ ကောင်းပါတယ်။

– တကယ်လို့ ကိုယ်မသိတဲ့သူကို နှုတ်ဆက်တဲ့အခါ သူပြောပြလာတဲ့ သူ့နာမည်ကို မကြာခဏထည့်ပြီး နှုတ်ဆက်စကားဆိုလို့ရပါတယ်။ ဒါဆိုရင် ကိုယ့်ခေါင်းထဲမှာလည်း တစ်ဖက်လူရဲ့နာမည်ကိုမှတ်မိသွားပါမယ်။

– ကိုယ်က တစ်ဖက်လူကိုနာမည်တပ်ပြီး နှုတ်ဆက်တဲ့အခါမှာ တစ်ဖက်လူက သူ့ကိုဂရုစိုက်ပါလားဆိုတဲ့ ခံစားမှုလေးဖြစ်ပေါ်စေပြီး ခင်မင်ရင်းနှီးမှုဖြစ်ဖို့ လမ်းစပွင့်ပါတယ်။ ပြီးတော့လည်း First Impression ကောင်းလည်း ကိုယ့်အပေါ်ဖြစ်စေပါတယ်။

၄။ မလျော့မတင်း ခပ်မှန်မှန်အနေအထားဖြစ်ပါစေ။

လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ သိပ်လျော့တိလျော့ရဲ ဆွဲကိုင်နှုတ်ဆက်တာမကောင်းသလို၊ သိပ်တင်းတင်းကျပ်ကျပ် တစ်ဖက်လူရဲ့လက်ကို ဆွဲကိုင်နှုတ်ဆက်တာကလည်း မကောင်းပါဘူး။ သိပ်ပျော့ပျောင်း လျော့တိလျော့ရဲနှုတ်ဆက်တဲ့အခါ တစ်ဖက်လူက ကိုယ့်ကိုပျော့ညံ့သူလို့ အကဲခတ်လိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း သိပ်ကို တင်းတင်းဖျစ်ညစ်နှုတ်ဆက်တာမျိုးက Over Powering ဖြစ်သွားစေတတ်တယ်၊ လူတစ်ဖက်သားမှာအားနဲ့မို့ လက်ကိုနာကျင်စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ကလည်း ခပ်မှန်မှန်ပဲ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လက်ဆွဲနှုတ်ဆက်သင့်ပါတယ်။

ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ ကိုယ်ကအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် ပျော့ပျော့ပျောင်း ပျောင်းလေးနှုတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ Hand-shake Etiquette Rules တွေကို ကျကျနနသိလာတဲ့နောက်မှာတော့ စမတ်ကျကျပဲ Handshake လုပ်ပါတော့တယ်။ တစ်ဖက်လူက ကိုယ့်ကိုလာနှုတ်ဆက်တဲ့အခါ အင်နဲ့အားနဲ့ဆုပ်ကိုင်လက်ဆွဲနှုတ်ဆက်တာကြောင့် လက်နာကျင်သွားတာမျိုးလည်း ၂ ခါ၊ ၃ ခါ ကြုံဖူးပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကလည်း မလုပ်မိအောင် ရှောင်ရပါမယ်။

၅.။ လက်ဆွဲနှုတ်ဆက်ချိန် ဘယ်လောက်ကြာသင့်သလဲ။

တကယ်တော့ ပုံမှန်ကလက်ဆွဲနှုတ်ဆက်တဲ့အချိန်က ၂ စကန့်ကနေ ၅ စကန့်အထိပဲ ကြာတတ်ပါတယ်။ တစ်ခါတလေလူတွေက ခပ်တိုတိုတုပ်တုပ်လက်ဆွဲနှုတ်ဆက် တတ်ကြပါတယ်။ အဲဒီတော့ ကိုယ်ကအကဲခတ်နေပြီး တစ်ဖက်လူလို ကိုယ့်ဘက်ကလည်း တိုတိုတုပ်တုပ်ပဲ ပြန်လည် လက်ဆွဲနှုတ်ဆက်နိုင်ပါတယ်။

နောက်တစ်ခုကတော့ တစ်ဖက်လူက လက်ဆွဲနှုတ်ဆက်တဲ့အချိန်က အကြောင်းအမျိုးမျိုးကြောင့် ၂ စကန့်ကနေ ၅ စကန့်မကဘူး၊ လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားတယ်ဆိုရင်တော့ သူနဲ့ Eyes Contact ဆက်လုပ်နေ၊ မျက်နှာထားကလည်း Pleasant Facial Expression လေးဆက်လုပ်နေရင်းနဲ့ မိမိလက်ကိုညင်သာစွာ မသိမသာရုတ်သိမ်းလိုက်နိုင်ပါတယ်။ ဒါမျိုးကျတော့ဉာဏ်ကူရပါတယ်။

Handshake လုပ်တဲ့အခါ အမြဲတမ်း ဖော်ဖော်ရွေရွေရှိတဲ့ မျက်နှာ Expression လေးကိုဆောင်ပါ။ ဟန်ဆောင်လုပ်ယူတာမျိုးမဟုတ်ဘဲ ရင်ထဲကနှစ်နှစ်ကာကာ စိတ်ပါလက်ပါလုပ်ပါ။

လက်ဆွဲနှုတ်ဆက်တဲ့အခါ အများအားဖြင့် ညာဘက်လက်နဲ့ လက်ဆွဲနှုတ်ဆက်တတ်ကြတယ်။ အဲဒီအခါ ဘယ်ဘက်လက်ကအားနေပါတယ်။ အဲဒီ ဘယ်ဘက်လက်ကို ဘယ်တော့မှ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာမျိုး မျက်လုံးနဲ့မမြင်နိုင်တဲ့နေရာမှာထားတာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်တဲ့အခါ Defensive Position ဖြစ်သွားစေကာ တစ်ဖက်သားကိုရိုင်းပြတဲ့ အနေအထားအသွင်ဖြစ်သွားစေပါတယ်။

Business Setting တွေမှာအများအားဖြင့်က ကိုယ်ကညာဘက်လက်နဲ့လက်ဆွဲနှုတ်ဆက်နေချိန် ဘယ်ဘက်လက်နဲ့ တစ်ဖက်လူရဲ့ ပုခုံး၊ လက်မောင်းတို့ကိုသွားပြီးတော့ ဖက်လှဲတကင်းမလုပ်သင့်ပါဘူး။ ဒါပေမဲ့ Personal Setting/ Social Setting မှာဆိုရင် ကိုယ်နဲ့တစ်ဖက်လူနဲ့ ခင်မင်မှုအနေအထားပေါ်မူတည်ပြီး အဲဒီလိုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဘက်က သူ့ကိုခင်မင်ချင်တဲ့စိတ်ကို တစ်ဖက်ကသူ့ရဲ့ ညာဘက်လက်ကို ကိုယ့်ညာဘက်လက်နဲ့ ဆုပ်ကိုင်လက်ဆွဲ နှုတ်ဆက်ရင်း ဘယ်ဘက်လက်နဲ့ ပုခုံးလေးပုတ်၊ လက်မောင်းကိုကိုင်ပြီး ပြသနိုင်ပါတယ်။ ဒါကတော့ ကာလံဒေသံအနေအထားကို လိုက်ပြီးလုပ်ပါ။

၆။ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်ရဲ့အနေအထား။

လက်ဆွဲနှုတ်ဆက်မယ့် လူနှစ်ယောက်ကတအားအလှမ်း ကွာနေလို့မရဘူး။ သိပ်ပြီးလည်း နီးကပ်နေလို့မရပါဘူး။ ကိုယ့်ဘက်က လက်ထုတ်လိုက်ရင် ဟိုဘက်ကလည်း လှမ်းဆုပ်ကိုင်လိုက်နိုင်စေမယ့် လက်တစ်ကမ်းအကွာအဝေးမျိုးရှိရပါမယ်။

လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း လက်က ၁၈၀ ဒီဂရီမကျတကျလောက်မှာရှိနေတာက အနေအထားအမှန်ဖြစ်ပါတယ်။ လက်ထုတ်လိုက်တဲ့အခါမှာ လက်ပုံစံအနေအထားက လက်ဖဝါးအနေအထားကအပေါ်ကိုလည်း လန်မနေရဘူး၊ အောက်ကိုလည်း စိုက်မနေရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က Parallel ၊ Natural လက် Position အတိုင်းသွားပြီး လက်တွေကဆက်သွားတဲ့ပုံစံနဲ့လက်ဆွဲနှုတ်ဆက်ရပါမယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါ သိပ်ပြီး လက်ကိုခါရမ်းမနေပါစေနဲ့။ သုံးကြိမ်လောက်ပဲ Shake လုပ်ပါ။ အဲဒီထက်ပိုရင် တစ်ဖက်လူကို မသက်မသာဖြစ်စေပါတယ်။

၇။ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်တွေကသန့်ရှင်းစင်ကြယ်နေရပါမယ်။

– လက်ဆွဲနှုတ်ဆက်မယ့်အချိန်မှာ ကိုယ့်လက်က ချွေးစေးတွေနဲ့ စိုထိုင်းနေရင်ဖြစ်စေ၊ ညစ်ပေနေရင်ဖြစ်စေ အမြန်လက်သုတ်ပုဝါလေး၊ တစ်သျူးလေးနဲ့သုတ်ပြီးမှလက်ဆွဲနှုတ်ဆက်ပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ ကိုယ့်လက်က စိုထိုင်းနေရင် ရိုင်းတဲ့အပြုအမူပါ။

– တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ရင်းနဲ့ တစ်ဖက်လူကို နာမည်တပ်ပြီးနှုတ်ဆက်စကားဆို နိုင်ပါတယ်။ ဥပမာ ဒေါ်နန္ဒာရေ … ကျန်းခန့်သာလို့မာပါစနော် (Hello Ms Nanda, How are You?/ How was your day) စသဖြင့်ပါ။

၈။ Fist Bump

Fist Bump ကို Bro Fist လို့လည်းခေါ်တယ်၊ Hi-Five လုပ်တဲ့နေရာမှာလည်း သုံးတယ်။ အခုခေတ်က ကျန်းမာရေးအတွက်လည်း ပိုးမွှားတွေကြောက်ရင်လက်ချင်းဆွဲပြီးနှုတ်ဆက်တာမျိုးမလုပ်ဘဲ အခုက Fist Bump သဘောမျိုးနှုတ်ဆက်ကြတာမျိုးလည်း ရှိပါတယ်။ Fist Bump ရဲ့ လက္ခဏာကတစ်ယောက်နဲ့တစ်ယောက် Respect ပေးတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် Approval ပေးတာမျိုး၊ လူတစ်ယောက်နဲ့တစ်ယောက် ကြားမှာ ရဲဘော်ရဲဘက်လိုမျိုး ချစ်ချစ်ချင်ချင်ရင်းနှီးမှုကို ဖော်ပြတဲ့၊ Congratulate လုပ်တဲ့ Handshake ဖြစ်ပါတယ်။

အများအားဖြင့် အသုံးများတာကတော့ အားကစား … ဘေ့စ်ဘော၊ ဟော်ကီစတဲ့ အောင်မြင်မှုကို Celebrate လုပ်ကြတဲ့အခါ၊ ကစားပွဲပြီးတဲ့အခါ ကိုယ့်အသင်းသား အချင်းချင်းဖြစ်စေ၊ တဖက်အသင်းသားတွေနဲ့ဖြစ်စေ နှုတ်ဆက်တဲ့နေရာမှာလည်း သုံးပါတယ်။ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကတော့ ၁၈၀၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းကာလတွေမှာစပြီးတော့ ပေါ်လာတာဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ကိုယ်နဲ့နှုတ်ဆက်မယ့်လူရဲ့ အနေအထား၊ ကာလံဒေသံကိုကြည့်ပြီး မှန်ကန်တဲ့နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိဟန်ဆောင်မှုမရှိဘဲ မှန်ကန်စွာလုပ်ပြီး First Impression ကောင်းတစ်ခုကို ပုံဖော်ယူပါ။ တစ်ဖက်လူအနေနဲ့လည်း ကိုယ့်ရဲ့ကောင်းသော Image ကို သတိထားမိပါလိမ့်မယ်။