East-West Center ကကြီးမှူးကျင်းပခဲ့တဲ့ နိုင်ငံတကာမီဒီယာညီလာခံ

article landscape wartermark final အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီအခြေစိုက်East West Center က ကြီးမှူးကျင်းပတဲ့ "Challenge of a Free Press" ခေါင်းစဉ်နဲ့နိုင်ငံတကာမီဒီယာညီလာခံကြီးကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက် နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါညီလာခံမှာ အမေရိကန်၊ အာရှနဲ့ ပစိဖိတ်ဒေသမှာရှိတဲ့ စာနယ်ဇင်းသမားတွေအချင်းချင်း ဒေသတွင်းဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ မီဒီယာတွေကြုံတွေ့နေရ တဲ့ တူညီတဲ့စိန်ခေါ်မှုတွေ၊ ဦးတည်ရာ လမ်းကြောင်းတွေ စတာတွေကို အပြန်အလှန်ဆွေးနွေးကြတဲ့ ညီလာခံဖြစ်ပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၃၀ ကျော်က ဂျာနယ်လစ်တွေနဲ့လေ့လာသူ အယောက်သုံး ရာကျော် တက်ရောက်ခဲ့ပြီး တက်ရောက် လာသူအချို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။   article people portrait water mark final6 Bertil Lintner Correspondent Asia Pacific Media Services ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင်တော့ ဒီပွဲမှာ နိုင်ငံခြားက သတင်းထောက်တွေ အများကြီး ဒီပွဲကိုတက်ရောက်လာကြ ပေမဲ့ ပြည်တွင်းကသတင်းသမားတွေရဲ့ပါဝင်မှုက နည်းနေ ပါတယ်။ ဒီပွဲကိုလာတက် ဖို့ ပြည်တွင်းက သတင်းထောက် တွေက အမေရိကန်ဒေါ်လာ တစ်ရာပေးပြီး တက်ရတာဖြစ် တယ်။ ဒေါ်လာ တစ်ရာဆိုတဲ့ပမာဏက ပြည်တွင်းကလူတွေ အတွက် များပြားတဲ့ပမာဏဖြစ်နေပါသေးတယ်။ ဒီလိုမျိုး နိုင်ငံတကာ မီဒီယာညီလာခံကို မြန်မာနိုင်ငံမှာ လာရောက် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာတစ်ဝန်းကလူတွေ ဒီကိုလာပြီး တွေ့ဆုံဆွေးနွေးရုံသက်သက်မဟုတ်ဘဲ ပြည် တွင်းကလူတွေ အနေနဲ့ ဒီညီလာခံကနေ တစ်ခုခုသင်ယူပြီး တစ်ခုခုအကျိုး အမြတ်ရရှိဖို့ ဖြစ် ပါတယ်။ ကျွန် တော့်အနေနဲ့က တော့ မိတ်ဆွေ တွေနဲ့ တွေ့ဆုံရ ပြီး အစည်းအဝေး တွေ တက်ရတာကိုတော့ နှစ်သက်မိပါတယ်။ ဒါပေမဲ့ ကျွန် တော်သာ မြန်မာဂျာနယ်လစ်တစ်ယောက်ဆိုရင် ဒီမီဒီယာ အစည်းအဝေးကြီးကနေ အများကြီးသင်ယူ ရရှိလိုက်တယ်လို့ မထင်ပါဘူး။   article people portrait water mark final2 Waltraut Ritter International Project Coordinator Open Data (Hong Kong) မြန်မာမီဒီယာလောကက အခုမှ ဖွံ့ဖြိုးခါစအခြေအနေမှာရှိပြီး ဒီမီဒီယာအစည်းအဝေးကြီးက မြန်မာမီဒီယာလောကအ တွက် ကြီးမားတဲ့အနာဂတ်အလားအလာ တစ်ခုကို ဖော်ပြ နေတယ်လို့ မြင်မိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများစွာကို နိုင်ငံတကာကဂျာနယ်လစ်တွေနဲ့ ပြည်တွင်းက ဂျာနယ်လစ်တွေ အပြန်အလှန်ဖလှယ်ခွင့်ရတဲ့ ပွဲလို့ မြင်ပါတယ်။ နိုင်ငံတကာက လာကြတဲ့လူအများစု က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ကြတာဖြစ်တဲ့ အတွက် သူတို့အတွက်တော်တော်များများက အသစ်ဖြစ်နေ ပြီး မြန်မာဂျာနယ် လစ်တွေ အနေနဲ့ လည်း အခြားနိုင် ငံတွေမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို လေ့ လာခွင့်ရတဲ့ အခွင့် အရေးကောင်း အဆင့်အတန်းမြင့်တဲ့ အစည်းအဝေးတစ်ရပ် လို့မြင်ပါတယ်။   article people portrait water mark final4 Charles E Morrison President East-West Center ရန်ကုန်မှာEast-West Center ကကြီးမှူးကျင်းပတဲ့ နိုင်ငံ တကာမီဒီယာညီလာခံကြီးဟာ လေးကြိမ်မြောက် ကျင်းပ တာဖြစ်ပြီး အရင်သုံးကြိမ်ကို ဘန်ကောက် (၂၀၀၈)၊ ဟောင်ကောင် (၂၀၁၀) နဲ့ ဆိုးလ် (၂၀၁၂) တို့မှာ ကျင်းပခဲ့ ပါတယ်။East-West ဒီလိုအစီအစဉ်တွေ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အာရှဒေသ၊ အာရှပစိဖိတ်ဒေသနဲ့ အမေရိကန်မှာ ရှိ တဲ့ လူတွေအချင်း အချင်း အပြန်အ လှန် နားလည်မှုနဲ့ ဆက်ဆံရေး တိုး တက်လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ ဂုဏ်သရေရှိဟောပြောသူတွေနဲ့အတွေ့ အကြုံရင့်ကျက်တဲ့ ဂျာနယ်လစ်တွေရဲ့ ဦးဆောင်ဆွေးနွေးမှုတွေ ပါဝင်တဲ့အတွက် အင်မတန်ကောင်း မွန်တဲ့ မီဒီယာအစည်းအဝေးကြီးတစ်ခုလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ East-West Center အနေနဲ့အလည်း ဒီလိုအစီ အစဉ်တွေကို ကောင်းသထက်ကောင်းအောင် အမြဲကြိုးပမ်း ဆောင်ရွက်နေပြီး ဒီညီလာခံနဲ့ ပတ်သက်ပြီး သုံးသပ်ဝေဖန် ချက်တွေနဲ့ နောက်လုပ်မယ့် အစီအစဉ်တွေအတွက်လည်း အကြံပြုချက်တွေကို ကြိုဆိုပါတယ်။     article portrait watermark final7 Alan Pearce Counter-Serveillance Cyber Secutrity Classes Counsultancy မြန်မာနိုင်ငံမှာ ဒီ Conference လာလုပ်တဲ့အတွက် အလွန် ကောင်းပါတယ်။ နိုင်ငံတကာကလူတွေနဲ့ မိတ်ဆက်ခွင့်ရတဲ့ အပြင် ဒီပွဲက မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို မီဒီယာ လောကသစ်အတွက် အခွင့် အရေးနဲ့အတူကွဲပြားတဲ့နည်း လမ်းတွေ ရှိသေးတယ်ဆိုတာကိုလည်း ပြသတာပါ။  ဒီပွဲ မှာ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို အတွေ့အကြုံတွေ အများကြီးရစေတယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ပွဲမှာ ကျွန်တော် မျှော်လင့်ထားသလောက် မြန်မာဂျာနယ်လစ် တွေကို မတွေ့မိပါဘူး။ ကျွန်တော် ဆွေးနွေးခဲ့တဲ့Internet Security ဆိုတော့ အခုမြန်မာနိုင်ငံက ဂျာ နယ်လစ်တွေ Internet နဲ့ Used to ဖြစ်နေ တာက ကောင်း ပါတယ်။  အခုအချိန်က သင်ယူလေ့လာဖို့ အကောင်းဆုံး အချိန်ဖြစ်သလို အန္တရာယ်လည်း ရှိတဲ့အခြေအနေလို့ ဆိုနိုင် ပါတယ်။ ဒါ ကြောင့် တခြားသူ တွေရဲ့ အမှားတွေ ကနေ လေ့လာ ရင်း ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုက်ညီမယ့် မီဒီ ယာလောက အခြေအနေတစ်ခုကို Develop လုပ်ဖို့လိုမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် Conflict တွကို ကိုင်တွယ်ရေး သားတဲ့အခါမှာ နှစ်ဖက်စလုံးကိုကြည့်ဖို့နဲ့ စိတ်ရှင်းရှင်း ထားပြီး ရိုးရိုးသားသား Report လုပ်ဖို့လိုတယ်လို့ အကြံ ပြုချင်ပါတယ်။   article people portrait water mark final3 Jillian C York Director For International Freedom of Expression Electronic Frontier Foundation မြန်မာနိုင်ငံမှာ ဒီပွဲကိုလာလုပ်တာတကယ်ကောင်းတယ်လို့ထင်ပါတယ်။ မြန်မာမီဒီယာအကြောင်း၊ ဂျာနယ်လစ်တွေနဲ့  Blogger တွေရဲ့အကြောင်းနဲ့ သူတို့ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာတွေကို သိခွင့်ရဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အခု ကျွန်မဆွေးနွေးခဲ့ တာက Free Press and Free Internet အကြောင်းပါ။ ကျွန်မက မြန်မာနိုင်ငံမှာ ရက်အနည်းငယ်ပဲနေရတော့ အတိ အကျ မပြောနိုင်ပေမယ့် အခုကျွန်မသုံးနေတဲ့အင်တာနက်က နှေးတာတော့မှန်ပေမဲ့ ကျွန်မသုံးဖို့လိုတဲ့ Website အား လုံးကိုလည်း ကြည့်လို့ရတာကြောင့် အင်တာနက်Free - dom of Press အတွက် အကျိုးသက်ရောက်မှု သိပ်မရှိ ဘူးလို့ထင်ပါတယ်။ ဒါကြောင့် မေးစရာရှိတာတစ်ခုက အစိုးရအနေနဲ့ အင်တာနက်ကို နောက်တစ်ကြိမ် ထိန်းချုပ်ဦး မှာ လားဆိုတာပါပဲ။ ကျွန်မနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတိုင်းက ပုံနှိပ်လောကရဲ့ အနာဂတ်နဲ့ Internetရဲ့ အနာဂတ်တို့နဲ့ ပတ် သက်ပြီး အတော်လေးအကောင်းမြင် စိတ်ရှိပါတယ်။ ကျွန်မကတော့ သူတို့ရဲ့အဲဒီအကောင်းမြင်စိတ်ကို ရေရှည် ဆက်ရှိစေချင်ပြီး အနာဂတ်မှာ မီဒီယာတားဆီးပိတ်ပင်မှုတွေ ပိုမိုပယ်ဖျက်ပေးသွားဖို့ မျှော်လင့်ပါတယ်။